အပိုင်း ၂၃ - ၂
60.6K 5.8K 877
"ဘာတွေ လုပ်နေတာလဲ"
ဆပ်ပြာအမြှုပ်ဟီးထနေသောရေဇလုံကြီးထဲမှ နေ၍ နေခြည်သိပ်ထည့်ထားသော ဖန်မျက်ဝန်းဖြင့် သမင်လည်ပြန်လှည့်
ကြည့်သည်။
"သော့် စောင် နဲ့ အောက်ခင်းတွေလျှော်
နေတာ"
ငါတော့ သေတော့မှာပဲ ဟု ကိုယ့်ကိုကိုယ်
ကျိန်ဆဲမိမတတ်။ ပိတ်ရက်တွေ မကုန်ခင်
ကျွန်တော်ကံတော်ကုန်မည်ထင်၏။
နိုးနိုးချင်းမလျှော်ဘဲ ရေစိမ်ထားမိတာက
မိမိ၏ အမှားဆို ဆပ်ပြာမှုန့်ထည့်ပြီး အား
ပါးတရ တက်နင်းလျှော်ပေးနေသူက
ကျွန်တော့်အာဏာပါးကွက်သားပဲ။
တောင်စွယ်နေကွယ်မှာခေါင်းဖြတ်မှာမဟုတ်ဘူး။
အရုဏ်ဦးအလင်းခင်းကျင်းအောက်မှာ
ကျွန်တော့်ရှက်ကြောကို အပိုင်းပိုင်း
ဖြတ်ထွက်အောင် ခုတ်နေတာ။
"မပြောမဆိုနဲ့...ထွက် အခု! ကျွန်တော့်
ဘာသာ လုပ်မယ်"
ခါးထောက်လျက်မာန်မဲနေသော ကျွန်
တော့်ကို စိတ်လိုလက်ရပြုံးပြသည်။အဲ့
အပြုံး မနေ့ညက ရုပ်ရှင်ရုံ ထဲမှာ ကျွန်
တော် ငဲ့ကြည့်မိတိုင်း ပြုံးပြသော အပြုံး။
ထို့ကြောင့်လည်း အိပ်မက်ထဲထိ...
တော်ပြီ ဆက်တွေးရမှာတောင် ရှက်၏။
"ထွက် ထွက် ကျွန်တော့် ဘာသာလျှော်
မယ်"
ပြောမရဆိုမရဖြစ်နေသူကို လက်မောင်း
ရင်းမှ ဆွဲကာ ဇလုံထဲမှ ထုတ်ရသည်။
သို့သော် ယိုင်လာသော ကိုယ်ကို ပြန်
ထိန်းရခြင်းသာ အပိုဝန်ပိသည်တည့်။
"ရ...ရပါတယ်။ အ...ဖြည်းဖြည်း ဝေ့
ဝေ့ လက်မောင်းနာတယ်"
တီရှပ်အဖြူအောက်က လက်မောင်းတွင်
ဖိညှစ်အားကြောင့် သွေးခြေဥမ
တတ်နီတာရဲသည်။
သေတော့မှာပါပဲ။ သူသေမလား ကျွန်
တော် သေမလားဘဲ မသိတာ။
"သော့် အိပ်ရာတွေ ဒီပိတ်ရက်မှာ လျှော်
ပေးမလို့ဘဲ။ အဲ့ဒါ ဝေ လည်း မေ့မေ့သွား
တာနဲ့...သော် အခု စိမ်ထားတာတွေ့မှ သတိရတာ"
"အင်း ကျွန်တော့်ဘာသာ လျှော်မယ်။
အစ်ကို က စာပဲဖြစ်ဖြစ်သွားလုပ်နေဗျာ"
"သော် မှ မလျှော်ဖူးတာ။ ပြောင်မှာမ
ဟုတ်ဘူး"
"ဘာ! ဘာ ကို ...မ ပြောင်"