အပိုင်း ၁၃
၂၀၁၆၊ ဇန်နဝါရီ
၂၀၁၆၊ ဇန်နဝါရီ
"ပင်ပန်းနေတယ် ဆိုလည်း ပြောပါလား။ အရူးလေးလိုပဲ"
မျက်ရည်စီးကြောင်းများမှာ မခြောက်သေး။ တချို့တစ်ဝက်မှာ မေးဖျားပြောင်ပြောင်တွင် ခိုသီးနေ၏။
"ယောက်ျားလေးဖြစ်ပြီး ဘာလို့များ ကော်ပတ်ရုပ်လို ပြောင်ရှင်းရှင်းကြီး ဖြစ်နေရတာလဲ။ လူသား မဆန်လိုက်တာ"
တကယ် မေးဖျားချွန်လေး၏ မွှေးညင်းပေါက်များသည် လွန်စွာကျဉ်းမြောင်းလျက် ယောက်ျားတစ်ယောက်၏
လက္ခဏာရပ်များ မရှိ။ ဒီတော့ မိန်းကလေးများကြင်အင်ရှိလားဆိုတော့လည်း သူ့ထံ ရှာမတွေ့။
"ခင်ဗျားက အန္တရာယ်များလိုက်တာ... "
မေးဖျားပေါ်မှ မျက်ရည်ကြွင်းကျန်များကို ဖယ်ပေးရင်း ဆေးရှိန်နဲ့ မှိန်းနေသေးသူကို ငေးမိသည်။ ကိုယ်တော့သိပ်မပူတော့ပါဘူး။
"ဒါ ဝေဟင်တို့အိမ်လားမသိဘူး"
တံခါးပေါက်ဝမှာနေ၍ ရုတ်တရက် ပြောလာသော အသံကြောင့် နဖူးပေါ်လက်တင်ကာ အဖျားတိုင်းမိသော လက်ကို ချက်ချင်းရုတ်ကာ လှည့်ကြည့်သော်လည်း မမီလိုက် ။ ဖိနပ်ပင် ချွတ်နေသော မမ က ကျွန်တော့်ကို မျက်လုံးအဝိုင်းသားနှင့် ကြည့်နေသည်။
အသံကြားသဖြင့် အပူငွေ့မပြယ်သေးသော မျက်လုံးများသည်လည်း ပွင့်လာသည်။
"မေလွင်... "
မထူနိုင်မထနိုင်အခြေအနေထိ မဖြစ်ပေမဲ့ ဆေးရှိန်များကြောင့် မောနေသူကို ထူထစေလိုက်သည်။ မေလွင်ဟူသော သူငယ်ချင်းသည် သူ့အခြေအနေမြင်သည်နှင့် ညနေခင်းနေရောင်နှင့် အပြိုင်နွမ်းလျသွား၏။
"နင် ကျူတို လာမဖြေလို့ ငါ စိုးရိမ်သွားတာ"
"အင်း ငါဖျားသွားတာ... "
သူငယ်ချင်းနှစ်ယောက်ကြားကျွန်တော်မနေတတ်။ သူဖျားနာခြင်းတွင် ကျွန်တော့် အပြစ်ရောယှက်နေသည်ဟုခံစားနေရသည်။ ကျွန်တော့်၏ တစ်ကိုယ်ရည်အိပ်ရာ အခင်းအကျင်းထက်မှ သူ့ကိုကြည့်ရင်း သူ့သူငယ်ချင်းသက်ပြင်းချသည်။
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi