အပိုင်း ၅၁
46.1K 5.5K 1.1K
၂၀၁၉ ၊ မေ ၊ သန်လျင်
"အွန်း ပြောလေ သား"
"ကို ကိုး တွေ့ချင်တယ်"
"တွေ့ရမှာပေါ့ သားရ။ အခုရော ဘွား
ဘွားနဲ့ နေရတာ ပျော်လား"
"ကိုး ကို လွမ်း"
ပြုံးမိတော့သည်။ ဘုန်းတခေတ်ဖုန်းနဲ့
ဆက်သွယ်နေ၍ သေချာတယ်။ ဘုန်း
တခေတ်ရဲ့ အချွဲတော့ နည်းနည်းမဟုတ်
ပါမှာပင်။
"သား ပြီးရင် အငယ့် ကိုပေးလိုက်ပါဦး"
"ပြောလေ ကိုကို"
"ကလေး ကို ဖုန်းမဆက်ခိုင်းပါနဲ့လား"
"ဘာဖြစ်လို့လဲ ။ ကိုကို စိတ်အနှောင့်အ
ယှက်ဖြစ်လို့လား"
"မဟုတ်ပါဘူး။ ကလေးစိတ်ထဲ ဘာမှ
သိပ်နားလည်သေးတာမဟုတ်ဘူး။ မေ့
လွယ်ပျောက်လွယ်ဖြစ်နိုင်တာကို သက်
သက် စိတ်ပင်ပန်းအောင်လုပ်သလိုဖြစ်
နေမှာစိုးတယ်"
"အင်း...ကိုကိုရော အဆင်ပြေရဲ့လား"
"ပြေအောင် နေနေတယ်"
"အခုရော ဘာလုပ်နေတာလဲ"
" ညစာဆင်းဝယ်ပြီးပြန်လာတာ"
"ဒီနေ့ည သူတို့အိမ်ပြန်လာမယ်ပြော
တယ် ။ Ava လည်း အိမ်ပြန်ရောက်နေပြီ
ကျွန်တော်တို့အိမ်လာခိုင်းထားပေမယ့်
သန်လျင်အိမ်ပဲ ပြန်မယ်ပြောနေတယ်"
"အင်း"
"ဘာ အင်းလဲ ကိုကို။ မစိုးရိမ္ဘူးလား"
ဓာတ်လှေကား ခလုတ်ကိုအရင်နှိပ်ပြီးမှ
သာ ပြန်ပြောဖြစ်သည်။
"ငါ မစိုးရိမ်ရအောင် မင်း ဘာအားထုတ်
ပေးလဲ"
ခနိုးခနဲ့ ရယ်သံသေးသေးလေးတစ်ခု
လေလှိုင်းကြားထဲ တိုးတိုးသက်သာလွင့်
လာ၏။ သီးသန့်ထုတ်လွှင့်မှုလိုင်းပေမို့
နာကျင်ခြင်း ဆိုသည်ကို ဘုန်းတခေတ်
ခံစားမိသည် ။ အားတွေလည်းနာရပါပြီ။
"ကျွန်တော် ဒီဖက်မှာကြိုးစားနေတယ်လို့
ပြောရင်..."
"ဒီညသာ Ava သူ့အခန်းထဲ ပါလာမယ်
သူ့နားမှာ ဘယ်သူမှမရှိတာ တော်တော်
ကြာပြီ တခေတ်။ ခုချိန် သူ ဒွိဟစိတ်တွေ
နဲ့ နေနေတာ။ ငါကတော့ ငါ့လူငါ ခွင့်
လွှတ်နိုင်တယ် ဆိုရင်တောင် မင်း မရီးကို အားနာသင့်တယ်ထင်တာပဲ"