အပိုင်း ၁၂
45.5K 5.1K 91
အပိုင်း ၁၂
၂၀၁၆၊ဇန်နဝါရီ
နားနားကပ်လျက် တတီတီမြည်လာသောကြောင့် မျက်လုံးများက ချက်ချင်းပွင့်လာသည်။ အတင်းကျုံးထရင်းနောက်ဖေးဆီမှ ကြားနေကျဖြစ်သည့် အသံများကို နားစွံကြည့်သည်။ အေးလေ သူ့ခင်မျာတစ်ခါတလေတော့လည်း အိပ်ချင်မှာပေါ့။ ဒီရက်ပိုင်းတွေအတွင်း သူလည်း မနားရ။ မနက်အစောကြီးထ ထမင်းချိုင့်တွေအတွက်ပြင်ဆင်ပေးရ၊ ကျောင်းတက်ရ၊ ပြန်လာရင် ဈေးကို တစ်ခါတည်းဝင်ဝယ်ရသေးသည်။
ဒီနေ့တော့ အရင် ထမင်းအိုးအရင်တည်ပေးထားလိုက်မည်ဟုစိတ်ကောင်းလေးဝင်ပေးလိုက်၏။ ဟိုနေ့က သူတို့ကျောင်းက Tutorial တွေအတွက် ညဖက်တွေမှာ စာဖတ်နေရသေးသည်ထင်။ အခန်းမီးရောင်တော်တော်နှင့် မငြှိမ်း။ ထမင်းကျက်လို့ ရေချိုးပြီးပြီ။ ကိုယ်တော်လေးက စက်တော်ခေါ်ကောင်းဆဲ။ ကျွန်တော့်တစ်ယောက်တည်းအတွက်ဆို အကြောင်းမဟုတ်။ ထမင်းနဲ့ ရှူးရှဲလက်ဖက် နှစ်ထုပ်လောက်သာ ရှိရင်တစ်နပ်စာ သာသာယာယာပြီးသည်။ ခုက သူများပိုက်ဆံယူပြီး တာဝန်ယူလုပ်နေတဲ့ အလုပ်။ သူ ဆက်အိပ်နေလျှင် လူဆယ်ယောက်ကျော် ထမင်းငတ်လိမ့်မည်။ မဟုတ်တောင် ကျောင်းသွားဖို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရမည် မဟုတ်လား။ အခန်းထဲဝင်နှိုးရန် ခန်းဆီးစကို ပင့်တင်ပြီးမှ လက်ပြန်ရုတ်လိုက်ရသည်။
"အစ်ကို...အစ်ကို ထတော့လေ ။ ကျွန်တော် ထမင်းအိုး တည်ပေးပြီးသွားပြီ"
ပင်ပန်းနေမယ်ဆိုတာ သိပေမဲ့ စာနာသော်လည်း မနှိုးလို့မဖြစ်။ သူ့ ဟင်းတွေလည်း ကျွန်တော်မှ မချက်တတ်။
တုံ့ပြန်သံလေးပင် မကြားရ။
"ကိုဝေဟင်...အစ်ကို"
ဘယ်လောက်ပဲ အိပ်ရေးမက်တယ်ပြောပြော အခန်းပေါက်ဝ ရှေ့မှ အော်နေတာတော့ မကြားနိုင်စရာ
အကြောင်းမရှိ။ လိုက်ကာစ ဆွဲဖယ်ကာ အခန်းထဲဝင်တော့ ပထမဆုံးရောက်ဖူးသော သူ၏အခန်း။
မှောင်ပြီးကျဉ်းနေသော အခန်းထဲတွင် ငြိမ်သက်စွာမှေးစက်နေသော ပါးလျလျကိုယ်က ဇာခြင်ထောင်