အပိုင်း ၎
၂၀၁၅၊ နိုဝင်ဘာလ
"ဟာ ဝေဟင် ရောက်လာတယ် ဆရာ"
Workshop ဝင်းအပေါက်ဝမှ ကောင်လေးတစ်ယောက်၏အော်သံဝင်းထဲလွင့်သည်နှင့် ဝင်းထဲမှ အထိုထိုသော မျက်လုံးအစုံတို့သည် ဝေဟင် ဆီသို့သာ။ ချိုင့်ဆွဲကာ ဝင်ရကောင်းနိုး မကောင်းနိုးနှင့် တုံ့ဆိုင်းနေသော ဝေဟင်ထံသို့ ခပ်သွက်သွက်ပြေးလာသော အလုပ်သမားလေးတစ်ယောက်။
စက်ချေးတွေပေပွနေသော သူ့လက်နှစ်ဖက်ကို စက်ဆီများစွာစွန်းထင်းနေသော သူ့ဘောင်းဘီနှင့် သုတ်ကာ လက်ထဲမှ ထမင်းချိုင့်ကို ပြောင်းယူပေးသည်။ ချိုင့်ကိုင်းကျဉ်းလေးထဲမှာမှ ဝေဟင်လက်နှင့် မထိစေရန် သတိထား၍ ယူလိုက်သည်ကို သတိထားမိလိုက်သည်။
သူ့လက်က စက်ချေးတွေပေမှာ အားနာလို့ရယ်လို့ပဲ လှည့်တွေးလိုက်သည်။
"ဝေဟင် ဝင်လေ။ ဆရာက အလိုင်းမင်းချိန်နေတာ"
ဖေကြီးတပည့်ရင်းအစ်ကိုက ကားဝမ်းအောက်ထဲမှလျှောထွက်လာပြီး ဖေကြီးရှိရာသို့ ညွှန်ပေးသည်။ ရုပ်သံလိုင်းတစ်ခုကပင် လာရောက်လေ့လာရသော ဖေကြီး ကားဝင်းကတော့ အမြဲတစေ ထုသံရိုက်သံ ဆေးမှုတ်သံများနှင့် ဆူညံတက်ကြွနေတော့သည်။
"ဆရာဒီမှာ... "
ဝေ့အရှေ့မှ ဦးဆောင်သွားသော ကောင်လေးသည် စက်ပြင်ဆရာနှင့် စကားကောင်းနေသော ဖေကြီးနား
ရို့ကျိုးစွာသွားရင်း ဝေ့ကို ညွှန်ပြသည်။ ဝေ့ကိုမြင်သည်နှင့် ဖေကြီးမျက်နှာပြုံးရွှင်သွားတော့သည်။
"ဟော သားရောက်လာတာပဲ...အေးကွာ ဒီမှာလည်း အလုပ်တွေများနေတာနဲ့။ သော်ကြီးကိုလည်း
အင်ဂျင်ဆေးတဲ့ထဲ ထည့်ထားလိုက်တာနဲ့ ထမင်းချိုင့်ယူခို်င်းဖို့ မေ့သွားတာ"
"ဝေလည်း စောင့်နေတာ ။ မလာမလာနဲ့မို့ လာပို့လိုက်တာ"
"အေး အေး လာသား။ အပြင်မှာနေပူတယ်"
ဝေ့ပခုံးကို ဖက်ကာ နားနေခန်းရှိရာသို့ခေါ်သည်။ ဝေ ဘယ်လောက်ပဲ ကိုယ့်စိတ်ကို အများသိသာအောင်
VOCÊ ESTÁ LENDO
RomanceColourful love Family Drama Unicode + Zawgyi