၂၀၁၆ ၊ သြဂုတ်လ ၊ ဖရော်ရီဒါ
အခန်းထဲဝင်လာသော ဆရာဝန်သည်
ခုတင်ထက်လှဲလျောင်းနေသောလူနာကို
ဦးစွာနှုတ်ဆက်သည်။"ဒီနေ့ဘယ်လိုနေလဲ"
အာရှသားလူနာသည် မျက်နှာဖြူဆရာ
ဝန်၏ ပြောစကားကိုမျက်တောင်နက်များကို လှုပ်ခတ်ပြခြင်းသာ အဖြေပေးသည်။
ထိုအခါမှဆရာဝန်သည် စမ်းသပ်စစ်ဆေး
ခြင်းကို လုပ်ရိုးလုပ်စဉ်ဆန်စွာ ဆက်
လုပ်သည်။ စမ်းသပ်ရင်းမှ ဘေးမှ
ရပ်ကြည့်နေသော သူနာပြုကြီးကို
လိုအပ်သည်များကို သွက်လက်စွာ
မှာကြားသည်။
သူနာပြုလိုက်မှတ်ပြီးသည်နှင့် အခန်း
ထောင့်တွင် ငြိမ်ရပ်နေသော လူနာရှင်
ဆီသို့ လျှောက်လှမ်းလာ၏။ အပြုံးတစ်
ခုနှင့်ပင် လူနာ၏ အခြေအနေစိတ်ချရ
သည်ကို သေချာလိုက်တော့မှ အမေဖြစ်
သူသည် ကျေးဇူးတင်စကားကို
ထပ်ထပ်ခါခါဆို၏။
လူနာကို စကားပြောခွင့်တောင်းပြီးရ
သည်နှင့် ခုတင်နားသို့ တိုးကပ်သည်။"သား...နေရတာသက်သာပြီလား"
လူနာသည် မိခင်ဖြစ်သူကို ငေးစိုက်ကြည့်
၏။ မိခင်သည် ဝိုင်းရစ်နေသော မျက်ရည်
ကြည်များကို မျက်တောင်ဖျားများဖြင့်
သိမ်းခတ်ရင်း သားဖြစ်သူကိုပြုံးပြသည်။
ဆီကင်းလွတ်၍ ပွရောင်းရောင်းဖြစ်နေ
သော ဆံပင်များကို အသာသပ်တင်ပေး
၏။"ခဏနေရင် Ava နဲ့ Aidenတို့လာလိမ့်
မယ်"လူနာသည် မည်သည့်စကားမှမဆို အမေ
ဖြစ်သူကိုသာ လသားအရွယ်လေး အမေ
မှတ်နေသလို မော့ကြည့်နေ၏။"Ava က အခုကယ်ရီဖိုးနီးယားမှာပဲ
ကျောင်းတက်နေတော့ သားသတိရရ
ချင်းမလာနိုင်ရှာဘူး""သော်..."
တံခါးပေါက်ဝမှာတင် ၂နှစ်သားအရွယ်
ကလေးငယ်တစ်ယောက်ကို လက်ဆွဲ
ရင်းဝင်လာသည်။ ပြုံးရင်းနှုတ်ဆက်
သော မိန်းမပျို၏ မျက်လုံးများကတော့
ဖျော့တော့နေဟန်။ ကလေးလေးကစ၍"ဖေ..." ဟုစခေါ်သည်။
ကလေးငယ်၏ မျက်လုံးများသည် တည်
ငြိမ်မနေ ။ နှစ်နှစ်အရွယ်ရောက်နေသော်
လည်း လည်တွင်သားရေခံလေးချည်ထား
ရဆဲ။
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi