အပိုင်း ၁၀
47.4K 4.8K 122
အပိုင်း ၁၀
၂၀၁၄၊ ဇန်နဝါရီ
"ဒီနေ့ဘယ်လိုလဲ"
လွယ်ထားသော ကျောပိုးအိတ်ကို ဆိုဖာအောက်မှာတင်ပစ်ချရင်း ထွေးပွေ့ပေးရန်ကမ်းလင့်ကြိုနေသော
Ava ရင်ခွင်ထဲဝင်ခွေလိုက်သည်။ ငြိမ်သက်နေပေးသော Avaသည် သူ့ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ပေး၏။
အဆင်ပြေသွားမှာပါလို့ လည်း တိုးဖွဖွရေရွတ်နေသေးသည်။ Ava ပခုံးပေါ်မေးတင်ရင်းမှ အသံတိတ်မျက်ရည်ကျလာသည်။ Ava သည် သူ့ကို အမေတစ်ယောက်လို နွေးထွေးမှုပေးနိုင်သည် ။ သူငိုတော့ မငိုပါနဲ့ဟု မပြောသူ့ကျောကိုပါ ပိုမိုချော့မြှူပုတ်ပေးသည်။ သူတကယ် ငိုဖို့လိုနေတာကိုလည်း သူမသိတယ်။
ပြီးတော့ သူဟန်ဆောင် မြိုသပ်စရာမလိုတာလည်း Ava တစ်ယောက်ပဲရှိတယ်လေ။ သူအဆင်ပြေနေပါတယ်လို့ ဟန်ဆောင်ထားပြစရာမလိုသူပေါ့။
"သော့် အဖေအတွက် စိတ်မကောင်းပါဘူး"
သူ့မျက်ရည်တွေကို လက်ဖျားလေးများနှင့် ငြင်သာစွာသုတ်ပေးရင်း နှုတ်ထွက်စကားဖြင့် နှစ်သိမ့်မှုထပ်ပေး
သည်။ စိတ်ရောကိုယ်ပါ လိုက်ပါခံစားပေးနေသော သူ့ချစ်သူ။ သူ့ကို ကံအကောင်းဆုံးလူသားရယ်လို့
တွေးထင်နေစေသော တစ်ဦးတည်းသော လူသားက Avaပင်။
"သော် မိသားစုပြန်ပြီလား"
ကျောင်းခေါ်နာမည် ရှိသော်လည်း သူ့မိခင်ဘာသာစကားဖြင့် ပေးထားသော နာမည်ကိုပါ ခေါ်ပေးတတ်သူကလည်း Avaပဲဖြစ်သည်။ သူခေါင်းညိတ်ပြတော့ သူ့နဖူးပြင်မှ ဆံပင်တွေကို ဖြည်းဖြည်းချင်းသပ်တင်ပေးနေသည်။ Ava၏ မျက်လုံးပြာလဲ့လဲ့များသည် နီလာခြယ်ကန်ရေပြင်တစ်ခုပမာ သူ့စိတ်ကို ငြိမ်းချမ်းမှုပေးသည်။
"အားလုံးက ဘုရားသခင်အလိုတော်ကျဖြစ်လာတာပဲသော်...အားလုံး
အကောင်းဆုံးကြိုးစားပေးခဲ့ကြတာပဲလေ...
အိမ်အတွက်လည်း မပူပါနဲ့။ အဘွားက စီးပွါးရေးတွေ မယိုင်အောင်ထိန်းပေးထားနိုင်မှာပါ"