အပိုင်း(၄)ဆန်းကြယ်သော အနက်ရောင်အတွင်းအားများ
ကျန်းရီသည် မြေပြင်ပေါ်တွင် နာကျင်မှုနှင့် လူးလိမ့်နေသော ကျန်းပေါင်ကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေမိခဲ့သည်။ တစ်ခဏမျှကြာသည်အထိ ဘာဖြစ်သွားခဲ့သည်ကို နှစ်ယောက်လုံး သဘောမပေါက်ခဲ့သေး။
ကောင်းကင်ကြယ်တာရာနယ်မြေတွင် သိုင်းပညာကို လူတိုင်းနီးပါး လေ့ကျင့်ကြသည်။ သိုင်းပညာသင်တန်းကျောင်းများသည်လည်း ဝါစဉ်အနိမ့်အမြင့်စနစ်ကို သင့်တော်သလို ခွဲခြားသတ်မှတ်ထားခဲ့သည်။ အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးအဆင့်သည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်းအဆင့်၊ ခရမ်းရောင်နန်းတော်ရှင်အဆင့်နှင့် စိတ်ဝိဥာဉ်မျောလွင့် ခရီးသည်အဆင့် ဟူ၍ဖြစ်သည်။ ထိုအဆင့်သုံးခုတွင် အဆင့်တစ်ခုချင်းစီကို အတွင်းအား စုဆောင်းနိုင်သည့်ပမာဏအရ အဆင့်ငယ်ကိုးဆင့် ထပ်မံခွဲခြားထားခဲ့သည်။ အဆင့်ငယ်တစ်ခုနှင့် တစ်ခု၏ အင်အားသည်လည်း အလွန့်အလွန် ကွာခြားပေသည်။
သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်တွင်ရှိသော သာမန်လူတစ်ယောက်သည် မြင်းတစ်ကောင်နှင့် ညီမျှသော ခွန်အားရှိသည်။ ထိုသူသည် ကျောက်တုံးတစ်ခုကို တစ်ချက်ထဲနှင့် ခွဲနိုင်စွမ်းရှိပြီး ၇၂ကီလိုဂရမ် အလေးချိန်ကို အလွယ်တကူ မ,နိုင်ပေသည်။ သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့် သိုင်းပညာရှင် ကျန်းပေါင်သည် မြင်းနှစ်ကောင်စာ ခွန်အားရှိပြီး ၁၄၄ကီလိုဂရမ် အလေးချိန်ကို မ,နိုင်ပေသည်။
သက်ရှိနှစ်ဦးသည် ခန္ဓာကိုယ်အလေးချိန်မတူရာ ခွန်အားအရာတွင်လည်း ကွာခြားချက်ရှိမည်မှာ မလွဲဧကန်ပေ။ သို့သော် ထိုခြားနားချက်သည် သာမန်အားဖြင့် လျစ်လျူရှုနိုင်ပေသည်။
သို့ရာတွင် ကျန်းရီသည် ကျန်းမိသားစု ရေဓာတ်ကျင့်စဉ်မှ အတွင်းအားများကို ၇၂ကီလိုဂရမ်ရှိ အားနှင့် အလျင်စလို လည်ပတ်စေခဲ့ရာ ၎င်းသည် အမည်မဲ့ကျင့်စဉ်မှ အနက်ရောင် အတွင်းအားတစ်စုနှင့် မတော်တဆ ပေါင်းစပ်သွားခဲ့သည်။ ရိုက်ချက်တစ်ခုသည်ပင် ကျန်းပေါင်ကို နောက်သို့ ပေငါးဆယ်ခန့် လွင့်သွားစေရန် လုံလောက်ခဲ့သည်။
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Actionကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...