အပိုင်း(၄၄)မင်းက ကလေးတစ်ယောက်ကို လှည့်စားဖို့ ကြိုးစားနေတာလား?

525 87 0
                                    


အပိုင်း(၄၄)မင်းက ကလေးတစ်ယောက်ကို လှည့်စားဖို့ ကြိုးစားနေတာလား?

ပွဲကြည့်စင်၏ ခမ်းနားသော အခန်းငယ်အတွင်း ထိုင်နေသော လူအများကြီးတွင် အဆင့်အတန်း အမြင့်ဆုံးလူများမှာ ဝိဥာဉ်သားရဲ သင်တန်းကျောင်း၏ ဆရာသုံးယောက် ဖြစ်သည်။ ထို့နောက်တွင်မူ အနောက်ဘက် မြို့စောင့်တပ်၏ စစ်သူကြီးများနှင့် ကျီထျန်းတို့ ဖြစ်ကြသည်။ ဂိုဏ်းကြီးများမှ အကြီးအကဲများကိုမူ ဖော်ပြနေစရာမလိုပေ...အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ စကားဝိုင်းမျိုးတွင် ဂိုဏ်းချုပ်များပင် ဝင်ရောက်စကားမပြောရဲသောကြောင့် ဖြစ်သည်။

အနောက်ဘက် မြို့စောင့်တပ်၏ လက်ထောက်စစ်သူကြီးသည်လည်း မျိုးရိုးနာမည် 'ကျန်း' ဖြစ်ရာ သူသည် အမျိုးသမီး ဆရာ၏ စကားကို ကြားလျှင် ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်...

"မိန်းကလေးစု ပြောတာမှန်တယ်...တကယ့်အင်အားအစစ်အမှန်နဲ့ ရင်ဆိုင်ရတဲ့အခါ ပရိယာယ်တွေက မီးခိုးလို ပျောက်ကွယ်သွားမှာဘဲ...ပြိုင်ဘက်တွေကို တကယ့် အစစ်အမှန် ရင်ဆိုင်နေတဲ့ ကျန်တဲ့ လေးယောက်ကို ကြည့်ပါဦး...အထူးသဖြင့် မြို့စားကျီရဲ့ သမီးနဲ့ အဲဒီ ၀၀၈ပေါ့...ကျွန်တော့် အမြင်ကို ပြောရရင် သူတို့နှစ်ယောက်က ဆက်တိုက်ပြိုင်ပွဲ ၁၀၀ကို နိုင်နိုင်တဲ့ စွမ်းရည်ရှိတယ်...ကောင်းကင်တောင်ပံမြို့ရဲ့ လက်ရှိ မျိုးဆက်က မဆိုးဘူးလို့ ပြောရမယ်...''

"လက်ထောက်စစ်သူကြီးက ချီးကျူးလွန်းနေပါပြီ"

ကျီထျန်းသည် သူ့မျက်ဝန်းတွင်းမှ ကျေနပ်နေသော အကြည့်များကို ဖုံးဖိကာ အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ တစ်ဖက်တွင်လည်း ကျန်းယွင်ရှန်သည် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဆုပ်၍ ပြောလာခဲ့လေသည်။

"လက်ထောက်စစ်သူကြီးရဲ့ ချီးမွမ်းမှုကို ကျေးဇူးတင်ပါတယ်...ကျန်းရိမြို့က သခင်လေးတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်သားက ရှုံးနိမ့်မှာပါပဲ...ကျန်းရိမြို့နဲ့ မျိုးဆက်ကမှ တကယ့်ပါရမီရှင်တွေပါ.."

ကျန်းရိမြို့သည် ရှန်ဝူနိုင်ငံတော်၏ ပထမတန်းစား မြို့တစ်မြို့ ဖြစ်ပြီး အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် နေထိုင်ရာ မြို့လည်း ဖြစ်သည်။ ကျန်းရိမြို့မှ ဂိုဏ်းကြီးများသည် ရှန်ဝူနိုင်ငံတော်၏ မင်းမျိုးမင်းနွယ်ဝင်များလည်း ဖြစ်ကြသည်။ ထို့ကြောင့် ကျန်းဟန်ရွှေမှာ သူတို့၏ မျိုးဆက်များကို မယှဉ်နိုင်ခြင်း ဖြစ်သည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now