အပိုင်း(၈၄)နောက်ကွယ်မှ ကြိုးကိုင်သူ

497 74 1
                                    

အပိုင်း(၈၄)နောက်ကွယ်မှ ကြိုးကိုင်သူ

သင်တန်းကျောင်းရဲ့ စည်းမျဉ်းအတိုင်း?...နေရာမှာတင် သတ်ပစ်မယ်?

ကျန်းရီသည် သတ်ဖြတ်ချင်သော အရှိန်အဝါများနှင့် သူ့ထံ ချည်းကပ်လာနေသော ဆရာကျောက်ကို နှာခေါင်းရှုံ့လှောင်ပြောင်လိုက်သည်။ သူသည် ထွက်မပြေးခဲ့သော်လည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဆရာကျောက်...ခင်ဗျား ကျွန်တော့်ကို လာသတ်တဲ့ လုပ်ကြံသူတွေနဲ့ ပူးပေါင်းထားတာက သင်တန်းကျောင်းရဲ့ စည်းမျဉ်းတွေကို လိုက်နာတာလား?...ခင်ဗျားဆရာတစ်ယောက် မဖြစ်ချင်တော့တာလား?...ဒါမှမဟုတ် ကိုယ့်အသက်ကို တန်ဖိုးမထားတော့လား?....ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ အနီးအနားက ဘယ်သူမှ မမြင်လိုက်ဘူးဆိုတာ ခင်ဗျား သေချာလား?"

ဆရာကျောက်၏ ကိုယ်သည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ကြမ်းကြုပ်သော အမူအရာတို့သည် ပေါ်ထွက်လာခဲ့သည်။ သူသည် ဆက်လက်ပြေးလာရင်း အော်ဟစ်လိုက်သည်။

"ကျန်းရီ....မင်းဘယ်လိုပဲ စကားလမ်းကြောင်းလွှဲလွှဲ မင်းက ငါ့ရှေ့မှာ ရှိနေသရွေ့ ဆရာတစ်ယောက်ဖြစ်တဲ့ငါက စည်းမျဉ်းအတိုင်း ပြုမူရမှာပဲ"

"အဟွတ်...အဟွတ်!"

ထိုအချိန်တွင် တောအုပ်၏ အခြားတစ်ဖက်မှ ချောင်းဟန့်သံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ လူရှစ်ယောက်ခန့်သည် ထွက်လာခဲ့ကြပြီး ခေါင်းဆောင်မှာ အပြစ်ကင်းသော အပြုံးလေးနှင့် ဖက်တီးတစ်ယောက် ဖြစ်သည်။ သူသည် ပြုံးလိုက်ရင်း ဆရာကျောက်ကို ပြောလိုက်သည်။

"ဆရာကျောက်...ခင်ဗျားဘာလုပ်နေတာလဲ?...ကျောင်းသားတစ်ယောက်ကို ကျွန်တော်တို့ရှေ့မှာ သတ်မလို့လား?...ဒါက မကောင်းဘူးမလား?"

"ချမ်ဝမ်ကွမ်?...မင်းမလုပ်..."

ဆရာကျောက်သည် သူ့စကားကို ရပ်တန့်လိုက်သည်။ သူ့မျက်လုံးများသည် တောက်ပသွားကာ အသာအယာ ပြောလာခဲ့သည်။

"ချမ်ဝမ်ကွမ်...မင်းကဥာဏ်ကောင်းပေမယ့် ဒီကိစ္စမှာ မင်းဝင်မပါတာက ပိုကောင်းလိမ့်မယ်!...ကျန်းရီက သင်တန်းကျောင်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်..."

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now