အပိုင်း(၈)ပေါက်ကွဲသွားသော ဆေးလုံးများ

753 89 0
                                    

အပိုင်း(၈)ပေါက်ကွဲသွားသော ဆေးလုံးများ

ဂျွတ်....

ဘယ်ဘက်ပခုံးဆီမှလာသော ခပ်ပါးပါးနာကျင်မှုတစ်ခုက အတွေးထဲတွင် နစ်မျောနေသော ကျန်းရီကို အသိပြန်ဝင်လာအောင် ခြောက်လှန့်လိုက်သည်။ သူသည် အများကြီးမတွေးရန်နှင့် ဒဏ်ရာများကို အရင်ကုသရန်သာ ကိုယ့်ကိုယ်အတင်း အားပေးလိုက်ရသည်။

သူသည် ကြွေပုလင်းလေးထဲမှ အဝါရောင် ဆေးပြားလေးတစ်ခုကို ထုတ်၍ ရေနှင့်အတူ မျိုချခဲ့လိုက်သည်။ ထိုဆေးသည် ကျန်းမိသားစုမှ ကိုယ်တိုင် ဖော်စပ်ထုတ်လုပ်ထားသော အဆင့်အနိမ့်ဆုံး ဒဏ်ရာပျောက်ကင်းဆေး၊ အနိမ့်စားအဆင့် အဆင့်မြင့်ထုတ်ကုန် အဝါရောင် ဂျင်ဆင်းဆေးပြားပင် ဖြစ်သည်။

သိုင်းပညာကို လေ့လာလိုက်စားသော အဖွဲ့အစည်းများသည် ကောင်းကင်ကြယ်တာရာနယ်မြေတွင် ပေါများပေသည်။ ဆေးဝါးပစ္စည်းများ၊ လက်နက်များ၊ ကျင့်စဉ်များနှင့် သိုင်းပညာရပ်များ အားလုံးသည် တိကျသော အဆင့်သတ်မှတ်ချက်များ ရှိပေသည်။ သူတို့အားလုံးကို အဆင့်မြင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့် ဟူ၍ အားနည်းရာမှ အားကောင်းရာသို့ ခွဲခြားသတ်မှတ်ထားခဲ့သည်။ အဆင့်တစ်ခုချင်းစီကို အမြင့်စားအဆင့်၊ အလယ်အလတ်အဆင့်နှင့် အနိမ့်စားအဆင့် ဟူ၍ အဆင့်ငယ်လေး သုံးခုစီ ထပ်မံခွဲခြားထားခဲ့သည်။

ဥပမာအားဖြင့် ကျန်းရီကျင့်ကြံသော ကျန်းမိသားစု ရေဓာတ်ကျင့်စဉ်ကို အမြင့်စားအဆင့်ရှိ အဆင့်မြင့်ကျင့်စဉ်ဟု သတ်မှတ်ထားသည်။ သူကျန်းမိသားစုတွင် သင်ယူထားခဲ့သော အမြင့်ဆုံးသော အဆင့်အတန်းရှိသည့် သိုင်းပညာရပ် 'ပုံရိပ်ယောင်လက်သီး'သည်လည်း အမြင့်စားအဆင့်ရှိ အဆင့်မြင့် သိုင်းပညာရပ်ဟု အမျိုးအစားသတ်မှတ်နိုင်သည်။

ကျန်းမိသားစု၏ စည်းမျဉ်းအရ မိသားစုလေးတစ်ခုမှ သခင်လေးဖြစ်သောကြောင့် ကျန်းရီသည် သူ၏ ကျင့်ကြံခြင်းတွင် အထောက်အကူပြုသော အလယ်အလတ်အဆင့်ရှိ အဆင့်မြင့် 'ဝိဥာဉ်အားဖြည့်ဆေးလုံး' သုံးလုံးနှင့် ကျင့်ကြံရင်း ဒဏ်ရာရရှိခဲ့ပါက လွယ်ကူ လျှင်မြန်စွာ ကုသနိုင်စေရန် အလယ်အလတ်အဆင့်ရှိ အဆင့်မြင့် 'အနက်ရောင် ဂျင်ဆင်းဆေးလုံး' နှစ်လုံးတို့ကို ချီးမြှင့်ခံခဲ့ရသည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now