အပိုင်း(၆၀)ဝိဥာဉ်သားရဲတောင် သွေးရှင်းတမ်း"အရှင်ကျန်း...ခဏ နေပါဦး!"
ကျန်းယွင်ဟိုင်သည် ဆရာများ နေထိုင်ရာ အဆောင်မှ ထွက်လာရုံပင် ရှိသေးသည်။ သာယာပျော့ပြောင်းသော အသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။ ကျန်းယွင်ဟိုင်သည် နောက်သို့လှည့်ကာ ပြုံးပြလိုက်သည်။
"မိန်းကလေးစုကို နှုတ်ဆက်ပါတယ်...အကြီးအကဲဖေးကများ သူ့စိတ်ကို ပြောင်းလဲလိုက်လေလား?''
"မဟုတ်ပါဘူး..."
နှင်းကဲ့သို့ စွတ်စွတ်ဖြူနေသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော စုလောရွှယ်၏ အသားအရည်သည် နှင်းပွင့်လေးကဲ့သို့ပင် နူးညံ့ဖြူစင်နေခဲ့သည်။ သူမ၏ မျက်နှာတွင် မည်သည့်အမူအရာမှ ရှိမနေဘဲ စကားပြောရင်း လမ်းလျှောက်လာခဲ့သည်။
"ကျန်းရီက ပြိုင်ပွဲကို နှုတ်ထွက်လိုက်ပြီဆိုတော့ အဲ့ဒီ ကြေငြာချက်ကို ပြောင်းလဲဖို့ နည်းလမ်းမရှိတော့ဘူး...ဒါပေမယ့် ရှင်ကြားဖူးမလားမသိဘူး...ဝိဥာဉ်သားရဲတောင် သွေးရှင်းတမ်း ဆိုတာ?...နှစ်လအတွင်း အဲ့ဒါက ဝိဥာဉ်သားရဲ မြို့တော်မှာ စတင်လိမ့်မယ်!"
"ဝိဥာဉ်သားရဲတောင် သွေးရှင်းတမ်း!"
ကျန်းယွင်ဟိုင်သည် ချက်ချင်းသဘောပေါက်သွားခဲ့ပြီး မျက်လုံးများ တောက်ပလာခဲ့သည်။ သူသည် ခေါင်းငုံ့ကာ အရိုအသေပေးလိုက်ပြီး...
"ကျွန်တော့်ကို လမ်းမှန်ညွှန်ပြပေးတဲ့အတွက် ဆရာမစုကို ကျေးဇူးတင်ပါတယ်....ကျန်းရီသာ ကံကောင်းပြီး ကျောင်းဝင်ခွင့်ရခဲ့ရင် ဆရာမစုရဲ့ ကျေးဇူးကို မမေ့ပါဘူး!"
"ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး!"
စုလောရွှယ်သည် လှည့်ထွက်သွားခဲ့သည်။ သူမသည် အဆောင်၏ ဝင်ပေါက်တွင်ပင် ရှိသေးသည် နောက်သို့လှည့်လာခဲ့ပြီး ပြောလာခဲ့သည်။
"ကျွန်မက ဒီသတင်းကို ပြောတာ ရှင့်ကြောင့်မဟုတ်ဘဲ ကျန်းရီအတွက် ပြောပေးတာ...အပြင်ဘက်မှာ သူ့အကြောင်း ကောလဟာလတွေ အများကြီး ထွက်နေပေမယ့်... အစေခံမိန်းကလေး တစ်ယောက်အတွက် သူ့အနာဂတ်နဲ့ အသက်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိတဲ့လူက မကောင်းတဲ့သူ မဟုတ်ဘူးဆိုတာ ကျွန်မယုံကြည်တယ်... ဒီလို လူကောင်းတွေက လောကမှာ အရမ်းနည်းပါးလွန်းတယ်..."
![](https://img.wattpad.com/cover/200760872-288-k772952.jpg)
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Aksiကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...