အပိုင်း(၆၇)ရူးနေတဲ့လူကျန်းရီသည် အတော်လေး မခံမရပ်နိုင်ဖြစ်နေခဲ့သည်။ ထိုနှစ်ယောက်သည် တံဆိပ်ပြားကို သိမ်းလိုက်ကာ ကျောက်တုံးများအတွင်းသို့ ပြန်ထွက်သွားရန် ပြင်နေကြသည်။ သူတို့သည် ကျန်းရီကို မရှိသလိုမျိုး သဘောထားကာ တစ်ချက်မှပင် လှည့်မကြည့်ခဲ့ပေ။
"ဟေး...မင်းတို့နှစ်ယောက်က ဒီအတိုင်း ထွက်သွားဖို့ ပြင်နေတာလား?''
ကျန်းရီသည် အသက်ပြင်းပြင်းရှိုက်လိုက်၍ ဒေါသကို ထိန်းကာ မေးလိုက်သည်။
ထိုနှစ်ယောက်သည် ရပ်လိုက်ကာ ကျန်းရီကို တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
"ဘာလို့လဲ?...မင်းက ငါတို့ကို နေစေချင်လို့လား?''
ထိုနှစ်ယောက်သည် ကျန်းရီထက် အသက်ကြီးပုံပေါ်လေသည်။ တစ်ယောက်သည် အရပ်ရှည်၍ တစ်ယောက်သည် အရပ်ပုသည်။ နှစ်ယောက်လုံးသည် သပ်ရပ်စွာ ဝတ်စားထားကြသည်။ သူတို့သည် မထင်မရှားဂိုဏ်းများမှ မဟုတ်သည်မှာ ထင်ရှားသည်။ ထို့ပြင် သူတို့နှစ်ယောက်လုံးသည် သဏ္ဍာန်သုံးဆင့်အသွင်ပြောင်းခြင်း သတ္တမအဆင့်တွင် ရှိကြရာ ကျန်းရီကို အဖက်မလုပ်ကြပေ။
ကျန်းရီသည် သူ့ပခုံးကို လှည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"မင်းတို့ကို နေအောင်လုပ်ရမှာလား?...ငါ့မှာအဲ့လိုမျိုး လုပ်ဖို့ စွမ်းရည်မရှိဘူး...ဒါပေမယ့် တံဆိပ်ပြားက ငါပိုင်ဆိုင်တာ...မင်းတို့ ဒီလိုမျိုး လုယူတာက ကောင်းပါ့မလား?''
"ဟမ့်!"
အရပ်ပုသော တစ်ယောက်သည် နှာခေါင်းရှုံ့လိုက်သည်။
"ဘာလို့ မင်းပိုင်ဆိုင်တာ ဖြစ်ရမှာလား?...နတ်ဆိုးသားရဲကို သတ်တာ မင်းလား?...ငါတို့ မရှိရင် မင်းက သတ်နိုင်မှာမလို့လား?...သွားစမ်း!...အဓိပ္ပာယ် မရှိတာတွေ...ငါမင်းကို မသန်မစွမ်း ဖြစ်အောင် လုပ်လိုက်မယ်!"
"အရမ်းကောင်းတယ်!"
ကျန်းရီသည် ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်။ သူ၏ အမူအရာ သည်လည်း အေးစက်သွားခဲ့၍ ပြောလိုက်သည်။

YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Hành độngကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...