အပိုင်း(၃၅)ချက်ချင်း ကွပ်မျက်လိုက်

531 78 0
                                    


အပိုင်း(၃၅)ချက်ချင်း ကွပ်မျက်လိုက်

"ဘန်း!"

ကျန်းရီ၏ စကားဆုံးသည်နှင့် သိုင်းပညာခန်းမဆောင် အကြီးအကဲ၏ လက်ဝါးသည် ကျန်းရီ၏ ဘယ်ဘက်ပခုံးထံ ကျဆင်းလာခဲ့လေသည်။ ကျန်းရီ၏ ဘယ်ဘက်ပခုံးရှိ ဝတ်ရုံသည် စုတ်ပြတ်သွားကာ လတ်လတ်ဆတ်ဆတ် သွေးများပန်းထွက်လာကြသည်။ လူသည်လည်း နံရံနှင့် ရိုက်မိလေသည်။

သိုင်းပညာခန်းမဆောင်သည် ကျန်းဂိုဏ်း၏ အာဏာအကြီးဆုံးသော အဆောင်ဖြစ်ပြီး ဂိုဏ်းပြင်ပ တိုက်ပွဲများနှင့် ကျန်းဂိုဏ်းကို ကာကွယ်ရန်အတွက် တာဝန်ရှိလေသည်။ သိုင်းပညာခန်းမဆောင် အကြီးအကဲ ကျန်းယွင်မုန့်သည် ယခုနှစ်မှ အသက်ငါးဆယ် ပြည့်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဝင် စွမ်းရည်သည်ကား အကြီးအကဲချုပ်နှင့် ဂိုဏ်းချုပ်အောက် တည်ရှိသည်။ ကောင်းကင်တောင်ပံမြို့အတွင်းတွင်ပင် သူ၏ ပုံရိပ်သည် ကောင်းမွန်စွာ ကျော်ကြားလေရာ သူ၏ ဂုဏ်သိက္ခာများသည် ကျန်းရီလို အဆင့်နိမ့် ကလေကချေတစ်ယောက်၏ လက်ထဲတွင် မည်သို့ အထိခိုက်ခံရမည်နည်း?

သို့သော် သူသည် ကျန်းရီ ဖော်ပြသော အကြောက်အလန့်ကင်းသည့် ပုံကို မျက်နှာသာ ပေးခဲ့လေသည်။ မဟုတ်လျှင် သူသည် လက်ဝါးရိုက်ချက်ကို ကျန်းရီကို သတ်ရန် သို့မဟုတ် သူ၏ ဘယ်ဘက်ပခုံးရှိ အရိုးများ ကျိုးသွားသည်အထိ အားသုံးလိုက်မည် ဖြစ်သည်။

သူသည် ခြေလှမ်းအနည်းငယ် ရှေ့တိုးသွားလိုက်ပြီး ကြမ်းတမ်းသော အရှိန်အဝါများ ထုတ်လွှတ်လိုက်သည်။ သူသည် ကျန်းရီကို ကျောချမ်းဖွယ် ကောင်းအောင် စိုက်ကြည့်ကာ မေးလိုက်သည်...

"ညှဉ်းပန်းနှိပ်စက်ခံရပြီး သေရတာလား?...ဘယ်လိုမျိုး မမျှမတမှုများ ရှိနေလို့လဲ? ငါမြင်တာတော့ မင်းက လူတွေရှေ့မှာ ပြစ်မှုကျူးလွန်နေတာပဲ တွေ့တယ်...မင်းက မကျေနပ်သေးဘူးလား?...မင်းမှာ ငါနဲ့ စကားပြောဖို့ အရည်အချင်းရှိတယ်လား?...ဒီခွေးကောင်ကို စည်းကမ်းထိန်းသိမ်းရေးဆောင်ကို ခေါ်သွားပြီး သူ့စကားကို ပြောခိုင်းကြ!"

"နေပါဦး!"

ကျန်းရီသည် ကျန်းယွင်မုန့်၏ တောင်တစ်လုံးကဲ့သို့ အရှိန်အဝါအောက်တွင် ခက်ခက်ခဲခဲ ကြိုးစားမတ်တပ်ရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ရီနေခဲ့ပြီး သူ့ဒဏ်ရာများမှ သွေးများစိမ့်ထွက်နေခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ပြုံးယောင်သန်းနေခဲ့သည်။ ထို့နောက် သူသည် ကျန်းယွင်မုန့်ကို တောက်ပနေသော မျက်လုံးများနှင့် ကြည့်လိုက်ပြီး ပြောလိုက်သည်...

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now