အပိုင်း(၄၈)အားလုံးပြီးသွားပြီ

528 85 0
                                    


အပိုင်း(၄၈)အားလုံးပြီးသွားပြီ

ဘယ်လိုပြိုင်ပွဲ အမျိုးအစားပင်ဖြစ်စေ အင်အားကို စမ်းသပ်ခြင်းတစ်မျိုးသာ ဖြစ်သည်။ ထို့ကြောင့်ပင် ပြိုင်ပွဲတွင် လက်နက်အသုံးပြုခြင်းကို မတားမြစ်ခဲ့ဘဲ လူသတ်ခြင်းကိုသာ တားမြစ်ထားခြင်း ဖြစ်သည်။ အရင်က သွေးထွက်သံယို ကိစ္စများသည် သာမန်သာ ဖြစ်သော်ငြား ယခု ရက်စက်မှုနှင့် ယှဉ်လျှင်မူ ဘာမှမဟုတ်တော့ပေ။ မာဂိုဏ်းသားများသည် ဘာကိုမှ ကြောက်ရွံ့ခြင်း မရှိသော်ငြား  ကျန်းရီ၏ ရက်ရက်စက်စက် အပြုအမူတို့ကို မြင်လိုက်ရသောအခါ ဆွံ့အသွားကြလေသည်။ ကျန်းရီ၏ အပြုအမူတို့သည် ရှိနေကြသော လူတိုင်း၏ စိတ်ကို ရိုက်ခတ်သွားလေသည်။

ဒီကမ္ဘာတွင် အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်သော ဒဏ်ရာပျောက်ဆေးများ ရှိသည်။ ဓားဒဏ်ရာနှင့် အရိုးကျိုးသွားခြင်းက ပြဿနာမဟုတ်ပေ။ လူမသေသေးသရွေ့ အပြည့်အဝပြန်လည် ကောင်းမွန်လာနိုင်သည်။ သို့သော် ခြေလက်များ ပြင်းပြင်းထန်ထန် ထိခိုက်သွားလျှင် သို့မဟုတ် ဒန်တျန်းပျက်စီးသွားလျှင်မူ ထိုသူသည် တစ်သက်တာ အမှိုက်ဖြစ်သွားပေမည်။ ဒဏ္ဍာရီများတွင် ထာဝရရှင်သန်သူအဆင့် ဆေးလုံးသည် ဒန်တျန်းကို ပြန်လည်ကောင်းမွန်စေနိုင်သည်ဟု ဆိုကြသော်လည်း ကောင်းကင်တောင်ပံမြို့၏ မည်သည့်ဂိုဏ်းကများ တတ်နိုင်ပါမည်နည်း?

မာဂိုဏ်းသည်လည်း မတတ်နိုင်ပေ။ ထို့ကြောင့် မာဂိုဏ်းချုပ် မာခွေသည် ထိုင်ခုံတစ်လုံးကို ရိုက်ချကာ မတ်တပ်ရပ်လိုက်သည်....

"အားလုံးပဲ....ဒီကောင်လေးက သူများရဲ့ ဒန်တျန်းကို ဖျက်စီးပစ်လောက်တဲ့အထိ ရက်စက်လွန်းတယ်...သူ့ကို ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ အဆိုပြုပါတယ်!"

မာဂိုဏ်းချုပ်၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့် ဈေးတစ်ခုလုံးသည် တိတ်ဆိတ်သွားကြသည်။ လူတိုင်း၏ အကြည့်သည် ပွဲကြည့်စင် အထက်သို့ ရောက်ရှိသွားလေသည်။ ဝိဥာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာသုံးယောက်သာ ကျန်းရီကို ရက်စက်သည်ဟု ဆုံးဖြတ်လျှင် သူသည် ပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်သည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now