အပိုင်း(၄၇)မိုက်လွန်းသော

510 84 0
                                    


အပိုင်း(၄၇)မိုက်လွန်းသော

"ရှပ်...ရှပ်...ရှပ်!"

ဈေးလမ်းမထက်တွင် လူငယ်တစ်စုသည် ခမ်းနားစွာ လျှောက်လာကြသည်။ လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်ထားသော သခင်လေး တစ်ယောက်သည် လူငယ်တစ်စုကို ဦးဆောင်လာခဲ့သည်။ သူ့ကို လူပေါင်းများစွာက အဝေးမှပင် နှုတ်ဆက်နေကြသည်။

"ကောင်းသောနေ့ပါ...သခင်လေး!"

"ကောင်းသောနေ့ပါ...သခင်လေးဟန်ရွှေ!"

ကျန်းဟန်ရွှေသည် လျှောက်လာရင်း သူ့ကို နှုတ်ဆက်နေကြသော လူများကို ဖော်ဖော်ရွေရွေ ပြုံးပြကာ ခေါင်းငြိမ့်ပြနေခဲ့သည်။ မကြာမီတွင်ပင် သူ၏ အပြုံးသည် အေးခဲသွားခဲ့သည်။ သူ့နောက်မှ လိုက်လာကြသော ကျန်းဂိုဏ်းသား တစ်စုသည်လည်း ခြေလှမ်းများ ရပ်တန့်သွားကြလေသည်။ လူတိုင်း၏ အကြည့်သည် စင်ပေါ်တွင် ရပ်နေသော အနက်ရောင် ဝတ်စုံဝတ် ပိန်ပိန်ပါးပါး လူငယ်ထံတွင်သာ ကျရောက်နေခဲ့သည်။ သူတို့ထဲမှ တစ်ယောက်သည် အလန့်တကြား ဆိုလာခဲ့သည်...

"ကြည့်ဦး!...အဲ့ဒါကျန်းရီမလား?...သူက ဘာလို့ စင်ပေါ်ရောက်နေတာလဲ?''

ကျန်းဟန်ရွှေ၊ ကျန်းကူရွှေနှင့် ကျန်းရူလန် အပါအဝင် လူတိုင်းသည် အသိဝင်လာကြသည်။ ကျန်းဟန်ရွှေ၏ မျက်လုံးများတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့ပြီး သက်ပြင်းချရင်း ဆိုလာခဲ့သည်...

"ဘာလို့လဲဆိုတော့...ကျန်းရီက...အထီးကျန်ဝံပုလွေမို့ပဲ!"

"ဘာ?!"

ကျန်းဂိုဏ်းသားများ၏ မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက် သွားကြသည်။ သူတို့သည် ကျန်းရီကို အထူးအဆန်း သတ္တဝါနှယ် စိုက်ကြည့်နေကြသည်။ သူက သူ့ဒန်တျန်း ချိတ်ပိတ်ခံထားရတဲ့ အသုံးမကျတဲ့ကောင် မဟုတ်ဘူးလား?...ခြောက်လအတွင်းမှာ သူက ဒီလောက်တောင် အဆင့်မြင့်သွားခဲ့တယ်...သူ့ကျင့်ကြံနှုန်းကလည်း မယုံနိုင်စရာ ကောင်းအောင် မြန်လွန်းနေတယ်...ပြီးတော့ မနေ့က လျှိဟဲကို သူ အနိုင်တိုက်ခဲ့တယ်!

"ယိကျန့်?..ကျန်းရီ?''

တစ်ဖက်တွင်လည်း ကျီထင်ယွီသည် ကျီဂိုဏ်းသားတစ်စုနှင့် လျှောက်လာခဲ့သည်။ သူမ၏ မျက်လုံးများသည် ကျန်းရီအပေါ် ကျရောက်သွားသည့်အခါ ရှုပ်ထွေးသော ခံစားချက် တစ်ချို့ကို ခံစားလိုက်ရလေသည်။ သူမ၏ အဆင့်အတန်းသည် အမြဲတမ်း မြင့်မားခဲ့သည်။ ကောင်းကင်တောင်ပံမြို့အတွင်းတွင် သူမ၏ စိတ်ဝင်စားမှု ရသော ယောက်ျားများမှာ အများကြီး မရှိချေ။ သို့သော် ကျန်းရီသည်ကား သိသိသာသာပင် စိတ်ဝင်စားစရာ ကောင်းလေသည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now