အပိုင်း(၃၁)သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်"ဘန်း!"
ကျန်းရီ၏ ကိုယ်သည် ကြမ်းပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားခဲ့သည်။ သူ့နောက်စေ့သည်လည်း ကြမ်းပြင်နှင့် မိတ်ဆက်နေခဲ့သည်။ သို့သော် သူသည် လမ်ချမ်ချမ့်၏ လက်သီးထဲတွင် အင်အားတစ်ချို့သာ ပါဝင်ကြောင်း သိလိုက်သည်...မဟုတ်လျှင် သူ၏ နံရိုးများပင် ကျိုးသွားပေလိမ့်မည်။
"ဟား..ဟား!...ငါ့ရဲ့ ဆင်နဂါးလက်သီးက နောက်ဆုံးတော့ သဘာဝလွန်အဆင့်ကို ရောက်သွားခဲ့ပြီ...ဒီခရမ်းရောင်ရွှေ တစ်ရာတေးလ်က ကုန်သွားရတာ ထိုက်တန်တယ်...အထီးကျန်ဝံပုလွေ...ရှင်ကအရမ်း အံ့သြဖို့ကောင်းတာပဲ!"
ကျန်းရီသည် မတ်တပ်ရပ်နိုင်ရုံပင် ရှိသေးသည်။ လမ်ချမ်ချမ့်သည် သူ့ရင်ဘတ်ဆီ လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။ သူ့ကိုယ်သည် စွန်တစ်ခုကဲ့သို့ လေထဲတွင် ဝဲလွင့်သွားကာ ပြန်ကျလာပြန်သည်။
ကျန်းရီ၏ နှုတ်ခမ်းများသည် နာကျင်မှုကြောင့် ရှုံတွနေခဲ့သည်။ သို့သော် လမ်ချမ်ချမ့်သည် နောက်ထပ်လက်သီးတစ်လုံး ရွယ်၍ သူ့ထံပြေးဝင်လာသည်ကို မြင်လိုက်လျှငိ သူသည် စိတ်တိုစွာ အော်လိုက်မိတော့သည်...
"ငါမင်းရဲ့ သိုင်းပညာကို သဘာဝလွန်အဆင့် ရောက်အောင် ကူညီပေးပြီးပြီလေ...ဘာလို့ ငါ့ကို ရိုက်နေသေးတာလဲ?''
"ဟား..ဟား...အထီးကျန်ဝံပုလွေ...ဒါအတွက် တောင်းပန်ပါတယ်!"
လမ်ချမ်ချမ့်သည် အားရပါးရရယ်ရင်း ကြယ်ကြွေသကဲ့သို့ လက်သီးနှစ်လုံးကို ပစ်သွင်းလိုက်ပြန်သည်။ ခေါင်းလောင်းသံကဲ့သို့ ကြည်လင်သော အသံတစ်ခုသည် ထွက်လာခဲ့သည်...
" ကျွန်မက စိတ်တိုတဲ့အခါ လူတွေကို ရိုက်ရတာ သဘောကျတယ်..ကျွန်မပျော်နေတဲ့အခါလည်း....လူတွေကို ရိုက်ရတာ သဘောကျပြန်ရော!...ကျွန်မကို သည်းခံပေးပါ!"
ဒီအရူးမ!
ကျန်းရီသည် တိတ်တဆိတ် ကြိမ်ဆဲလိုက်သည်။ နောက်ထပ်လက်သီးတစ်လုံးသည် သူ့ထံ ချည်းကပ်လာသည်ကို မြင်လျှင် သူသည် အလန့်တကြား အော်ဟစ်လိုက်ရသည်။

YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Açãoကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...