အပိုင်း(၂၉)ဆိုးဆိုးဝါးဝါး ပျက်စီးနေသော လျှို့ဝှက်ကျင့်စဉ်
သိုင်းခန်းမသခင်၏ မှတ်ချက်သည် ကြီးကြပ်သူယန်နှင့် အကြီးအကဲဖေး၏ ကျန်းရီအပေါ်ထားသော မျှော်လင့်ချက်များကို ဖျက်ဆီးလိုက်သည်။ သို့သော် သူသည် ကျန်းရီတွင် တခြားသူများ၏ သိုင်းကျွမ်းကျင်မှုအဆင့်အတန်းကို တိုးမြှင့်ပေးနိုင်သည့် စွမ်းရည် တစ်မျိုး ပိုင်ဆိုင်ကြောင်းကို အတည်ပြုပေးခဲ့သည်။
ကြီးကြပ်သူယန်သည် အကြီးအကဲဖေး၏ ညွှန်ကြားချက်များကို မေးမြန်းပြီးနောက် သိုင်းခန်းမသည် ကျန်းရီကို ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် တစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးရန် ဆုံးဖြတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် သိုင်းခန်းမ တစ်ခုလုံးကို သိုင်းလေ့ကျင့်ဖက် 'အထီးကျန်ဝံပုလွေ'သည် တစ်နေ့တွင် သုံးကြိမ်သာ တိုက်ခိုက်ပေးလိမ့်မည် ဖြစ်ကြောင်းနှင့် တစ်ကြိမ်လျှင် ရွှေတုံးတစ်ရာ လိုအပ်လိမ့်မည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။
ထိုကြေငြာချက်ထုတ်ပြန်လိုက်သည်နှင့် သိုင်းခန်းမတစ်ခုလုံးရှိ သခင်လေးများ၊ မမလေးများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ မူလက ကျန်းရီကို အာရုံစိုက်ခြင်း မရှိကြသော သူများသည်ပင် ထိုသိုင်းလေ့ကျင့်ဖက်သည် မည်သူဖြစ်ကြောင်း စတင် စုံစမ်းလာကြသည်။ သူနှင့် တစ်ပွဲလေ့ကျင့်ရန် အဘယ့်ကြောင့် ထိုမျှ ကုန်ကျခံရမည်နည်း။
ထိုကြေငြာချက်ကို မြင်သော် ရီလုံယွိနှင့် ရီလင်းရွှယ်သည် စိတ်ပျက်သွားကြသည်။ သူတို့သည် ကျန်းရီမှာ ရီမိသားစုကို အားကိုးရန် လိုတော့မည် မဟုတ်ကြောင်း သိလိုက်သည်။ သိုင်းခန်းမကသာ ကျန်းရီကို သူတို့လက်အောက်သို့ မသွတ်သွင်းလိုက်လျှင် သူသည် ကျန်းဂိုဏ်းတွင် အဆင့်အတန်းမြင့်မား သွားမည်မှာ သေချာပေါက်ပင်။ သို့သော် ပြီးခဲ့သော ကာလအတွင်း ရီမိသားစုမှ လူများသည် ကျန်းရီနှင့် လေ့ကျင့်ခဲ့ပြီး အကျိုးအမြတ်အနည်းအများတော့ ရခဲ့သည်သာ။ အနာဂတ်တွင်မူ သူတို့သည် လေ့ကျင့်ပွဲတစ်ခုအတွက် ရွှေတုံးတစ်ရာ သုံးရတော့မည်ဖြစ်သည်။
![](https://img.wattpad.com/cover/200760872-288-k772952.jpg)
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Actionကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...