အပိုင်း(၂၇)စွဲဆောင်မှု ရှိလွန်းသော

544 85 0
                                    

အပိုင်း(၂၇)စွဲဆောင်မှု ရှိလွန်းသော

"ငါ့ရဲ့ ချိတ်ပိတ်သင်္ကေတပေါ်က အက္ခရာ လေးရာလောက်ကို ဖယ်ရှားပြီး သွားပြီ...ငါ့ကျင့်ကြံနှုန်းက အရင်ကထက် ဆယ့်ငါးဆလောက် မြန်လာပြီ၊ ဒါက သာမန်လူငယ်တစ်ယောက်နဲ့ အတူတူပဲ...အဲ့ဒီ သင်္ကေတသာ လုံးဝ ပျောက်ကွယ်သွားရင် ငါ့ကျင့်ကြံနှုန်းက ဘယ်လောက်တောင် မြန်လာလိုက်မလဲ"

ကျန်းရီသည် သူ၏ အခန်းငယ်လေးထဲတွင် ကျင့်ကြံနေရင်းမှပင် မျက်လုံးများ ပွင့်လာခဲ့သည်။ သူ၏ သင်္ကေတတွင် ရှေးဟောင်းအက္ခရာ တစ်သောင်းရှစ်ထောင် ရှိသည့် အထဲမှ လေးရာလောက် ပျက်စီးရုံမျှဖြင့် သူ့ကျင့်ကြံနှုန်းသည် အလွန်မြန်ဆန်လာခဲ့သည်။ အက္ခရာများ အားလုံးသာ ပျက်စီးသွားလျှင် ဘယ်လောက်တောင် မြန်ဆန်လာလိမ့်မည်နည်း။

ကျန်းရီသိုင်းခန်းမသို့ ရောက်ခဲ့သည်မှာ တစ်လလောက်ပင် ရှိခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံနေစဉ်တွင် သူသည် အနက်ရောင်အတွင်းအား အကုန်လုံးကို ချိတ်ပိတ်သင်္ကေတ၏ ရှေးဟောင်းအက္ခရာများကို ဖျက်စီးရန်သာ အသုံးပြုနေခဲ့သည်။ သူ့ခန့်မှန်းချက်အရဆိုလျှင် သူသည် သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သို့ ရောက်ရန် တစ်လခွဲခန့်သာ လိုတော့သည်။

သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့်မှ စတုတ္ထအဆင့်သို့ ကူးပြောင်းရန် လိုအပ်သော အတွင်းအား ပမာဏမှာ နှစ်ဆဖြစ်သည်။ ကျန်းရီသည် သိုင်းခန်းမမှ အတွင်းအားဖြည့်ဆေးများ ဆက်တိုက်ရနေခဲ့ပြီး အနက်ရောင်အတွင်းအားနှင့်ပေါင်း၍ ဆေးအာနိသင်ကို ပိုမို အစွမ်းထက်စေနိုင်သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံနှုန်းသည် ကျန်းဟန်ရွှေကို နှိုင်းယှဉ်လို့ ရနေပြီ ဖြစ်သည်။

တစ်ဖက်တွင် သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း ပထမဆုံးလေးဆင့်ကို ကျော်ဖြတ်ရန်မှာ လွယ်သည်ဟု ပြောကြသည်။ သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း ပဉ္စမအဆင့်သည် အတားအဆီး ဖြစ်လေသည်။ ထိုအဆင့်ကို ကျော်ဖြတ်ရန် လိုအပ်သော အတွင်းအား ပမာဏမှာ ပထမလေးဆင့် ပေါင်းခြင်းနှင့် ညီမျှသည် ဖြစ်သည်။ ထို့ကြောင့်ပင် ကျန်းရုဟူနှင့် မာဖေးတို့ကဲ့သို့သော လူပေါ်ကြော့များမှာ သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်တွင် ကြာနေခဲ့ခြင်း ဖြစ်သည်။ သူတို့၏ မိသားစုများသည် ချမ်းသာ ကြွယ်ဝလွန်း၍ ဆေးမျာစ မထောက်ပံ့နိုင်သည်မှာတော့ မဖြစ်တန်ရာ။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now