အပိုင်း(၄၀)စွမ်းရည်အသစ်"အလောင်းအစားတစ်ခု?...ဟားဟား!"
သိုင်းခန်းမ၏ ခမ်းနားသော အခန်းတစ်ခုအတွင်းတွင် သိုင်းခန်းမသခင်သည် အနီရောင် ငှက်မွှေးများနှင့် ငှက်တစ်ကောင်အား စနောက်ကျီစယ်လျက် ရှိသည်။ သူသည် ကြီးကြပ်သူယန်ထံမှ တင်ပြချက်ကို ကြားသောအခါ သူ၏ ဘယ်ဘက်နားရွက်ပေါ်ရှိ နားကပ်လေး လှုပ်ရမ်းသွားသည်အထိ ရယ်နေခဲ့သည်။
ကြီးကြပ်သူယန်သည် သိုင်းခန်းမသခင် စိတ်တိုသွားသည်လား ကျေနပ်နေသည်လား ဟူသည်ကို မသိပေ။ ကျန်းရီသည် ဝိဥာဏ်သားရဲ သင်တန်းကျောင်း၏ လူသစ်လက်ခံပွဲ အလွန်တရာမှ သွားချင်နေခဲ့ပြီး သူသေရမည် ဆိုလျှင်တောင် ပါရမီရှင် ထိပ်ဆုံးဆယ်ယောက်နှင့် လေ့ကျင့်ပေးလိုစိတ် ရှိပုံမရချေ။ ကြီးကြပ်သူယန်သည် ရွေးချယ်စရာ မရှိတော့ဘဲ ထိုပြဿနာကို တင်ပြရတော့သည်။ သူတို့သည် ဂိုဏ်းကြီးငါးခုကို ဆန့်ကျင်မိလျှင် ဖြစ်ပေါ်လာသော အကျိုးဆက်ကို သူတာဝန်မယူနိုင်ပေ။
"သူကျရှုံးခဲ့ရင် သိုင်းလေ့ကျင့်ဖက် ဆယ်နှစ်လုပ်ပေးမယ်တဲ့လား?''
သိုင်းခန်းမသခင်သည် ဝါကျတစ်ခုကို တီးတိုးရေရွတ်လိုက်ပြီး ကြီးကြပ်သူယန်ကို လှည့်ကြည့်လိုက်သည်...
"အဲ့ကလေးကို ဒီကို ခေါ်လာခဲ့ပေး! "
ကြီးကြပ်သူယန်၏ စိတ်သည် ပို၍ လှုပ်ရှားလာရပြီး ဆွံ့အစွာ ထွက်ခွာသွားခဲ့ရသည်။ သိုင်းခန်းမသခင်သည် ထူးဆန်းသော စိတ်သဘောထားရှိသည်။ သာမန်ဂိုဏ်းချုပ်တစ်ယောက်ပင် သူနှင့်တွေ့ရရန် မလွယ်ကူပေ။ သို့သော် သူသည် ကျန်းရီကို အမှန်တကယ်ပင် ဆင့်ခေါ်ခဲ့သည်။ သူသည် ကျန်းရီကို တကယ်ဒေါသထွက်လွန်း၍ သတ်တော့မည်လား?
ကျန်းရီသည် မကြာခင်ပင် ထိုနေရာသို့ ခေါ်ဆောင်လာခြင်း ခံရသည်။ သူသည်လည်း ထိုကိစ္စမှာ သိုင်းခန်းမသခင်၏ နားသို့ ပေါက်ကြားသွားလိမ့်မည်ဟု ထင်ပုံမရချေ။ သူသာ ဝိဥာဏ်သားရဲ သင်တန်းကျောင်းသို့ မဝင်ရောက်နိုင်လျှင် သူသည် ကောင်းကင်တောင်ပံမြို့မှ ထွက်သွားနိုင်တော့မည် မဟုတ်ပေ။ သူသည် အံကို တင်းတင်းကြိတ်ကာ ခမ်းနားသော အခန်းတွင်းသို့ ဝင်လာခဲ့လိုက်သည်။
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Acciónကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...