အပိုင်း(၂၃)အသက်တစ်ချောင်းနှင့် အခြားတစ်ခုကို လဲလှယ်ခြင်း
ကောင်းကင်တောင်ပံမြို့တွင် ကျန်းဂိုဏ်း၏ အဆင့်အတန်းသည် ကျီမိသားစုအောက်တွင် ရှိပြီး မာမိသားစု၏ အထက်တွင် ရှိသည်။ သို့သော် အကြီးအကဲချုပ် ကျန်းယွင်ရှဲ ပျောက်ဆုံးသွားသည်နှင့် ကျန်းဂိုဏ်းသည် သူတို့၏ တစ်ဦးတည်းသော ခရမ်းရောင် နန်းတော်ရှင်အဆင့် သိုင်းပညာရှင်ကို ဆုံးရှုံးလိုက်ရသည်။ တစ်ဖက်တွင် လွန်ခဲ့သော သုံးနှစ်လောက်က ကျီမိသားစု၏ သခင်လေး ကျီနူကျန့်သည် မာမိသားစုမှ မိန်းမပျိုလေးတစ်ယောက်ကို လက်ထပ်လိုက်သောကြောင့် မာမိသားစု၏ အဆင့်အတန်းသည် တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပေသည်။ နှစ်နှစ်ကျော်ခန့်အတွင်းတွင် မာမိသားစုသည် ကျန်းဂိုဏ်းထက် သာလွန်သွားခဲ့သည်။
မိသားစုနှစ်ခုမှ လူများသည် တိုက်ခိုက်နေကြသည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းအတွင်း ကျန်းရုလုံနှင့် မာမိသားစုမှ လူငယ်တစ်ယောက်သည် လူဆယ့်နှစ်ယောက်ခန့်စီကို ဦးဆောင်ကာ တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။ မာမိသားစုမှ လူငယ်နှစ်ယောက်သည် အရိုက်အနှက် အထုအထောင်းခံရသည်မှာ ယနေ့တိုင် အိပ်ရာထဲမှ မထနိုင်ဟု ကျန်းရီကြားသိခဲ့သည်။
ကျန်းရီသည် စိတ်ထဲတွင် လေးလံလာခဲ့သည်။ ဖန်းယွီဆောင်ကြာမြိုင်သည် မာမိသားစု၏ ပိုင်ဆိုင်မှုဟု မည်သူက သိပါမည်နည်း။ ကျန်းရီသည် ယနေ့ ဘာအမှားအယွင်းမှ မရှိပါစေနဲ့ဟုသာ ဆုတောင်းမိသည်။
ကျန်းရီသည် လက်ဖက်ရည်သောက်နေသော မာ သခင်လေးကို အိမ်တော်ထိန်းသည် ရိုကျိုးစွာ စကားပြောနေသည်ကို မြင်လိုက်ပြီးနောက် အိမ်တော်ထိန်းသည် သူ့ဘက်ကို လှည့်လာကာ လှောင်ပြောင်လိုက်သည်။
"အို...တစ်လမပြည့်ခင် မင်းရောက်လာတာဘဲ၊ ရွှေတုံးတွေ ပါလာခဲ့ပြီလား"
ကျန်းရီသည် အိမ်တော်ထိန်းကို တစ်ချက်ကြည့်လိုက်ရင်း မျက်စောင်းထိုးနေရာတွင်ရှိသော မာသခင်လေးကို တိတ်တဆိတ် အကဲခတ်လိုက်သည်။
"ငါ့မှာ ပိုက်ဆံရှိတယ်..ဘာလို့ အမိန့်ပေးတံဆိပ်ပြားကို ပြန်မပေးသေးတာလဲ"
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Açãoကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...