အပိုင်း(၂)ချိတ်ပိတ်ခံထားရသော ပါရမီရှင် လူငယ်လေး

2.3K 167 1
                                    


အပိုင်း(၂)ချိတ်ပိတ်ခံထားရသော ပါရမီရှင် လူငယ်လေး

ကောင်းကင်ကြယ်တာရာနယ်မြေ၊ ရှန်ဝူနိုင်ငံတော်၊ ကောင်းကင်တောင်ပံမြို့

"အာ့..."

ကျန်းရီတစ်ယောက် မျက်လုံးများဖွင့်လိုက်သည်နှင့် မှုန်ဝါးဝါးလောကနှင့် မိတ်ဆက်ခြင်းခံလိုက်ရသည်။ သူ့ကိုယ်၏ နေရာလပ်မကျန် မီးမြိုက်ခံထားရသလို နာကျင်ကျိန်းစပ်နေသည်။ အဆိုးဆုံးမှာ သည်းမခံနိုင်လောက်သော အတိုင်းအဆဖြင့် ထိုးကိုက်နေသော သူ့ခေါင်းပင်။ နီရဲရောင်ကိုင်းနေသော မျက်နှာနှင့် ကျန်းရီသည် သူ့တွင် ရှိသော အားအနည်းငယ်ဖြင့် လှဲနေရာမှထရန် ကြိုးစားလိုက်သည်။ သူ၏ လက်ရှိပတ်ဝန်းကျင် အနေအထားကို စစ်ဆေးလိုက်သောအခါ ကျန်းမိသားစု၏ ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သော အနောက်ဘက်တောင်ကုန်း စိုက်ခင်းထဲရှိ တောင်ပူစာတစ်ခုပေါ်တွင် သူလဲနေခြင်းဖြစ်ကြောင်း ကျန်းရီ လျင်လျင်မြန်မြန် သဘောပေါက်လိုက်သည်။

ကြက်ဥအရွယ်အစားလောက်ရှိသော သူ့နဖူးပေါ်မှ ဘုကြီးကို လက်လှမ်းမိသည့်အခိုက်တွင် ထိန်းချုပ်၍မရနိုင်သော ဒေါသတို့က ကျန်းရီကို လွှမ်းခြုံလာသည်။ ယနေ့နံနက်က စိုက်ခင်းရှိ ဆေးဘက်ဝင်အပင်တို့၏ အထွက်နှုန်းကို စစ်ဆေးရန် သူအပြေးအလွှားလာခဲ့သည်။ ကံဆိုးစွာ ကျန်းရုဟူအပါအဝင် ဂိုဏ်းခွဲတစ်ခုမှ အခြားသူများနှင့် သူထိပ်တိုက်တွေ့လေသည်။ သူတို့သည် စိုက်ခင်းမှဆေးပင်များကို ရောင်းကာ အပိုဝင်ငွေရရန်အကြံအစည်နှင့် ခိုးနေကြသည်။ သူ့တို့၏ အကျင့်က ပြင်မရတာကြာလာသည်နှင့်အမျှ အနှီဗရမ်းဗတာ လူပေါ်ကြော့တွေ လုပ်သမျှကို သာမန်အားဖြင့် မိသားစုက မသိချင်မမြင်ချင်ယောင် ဆောင်ပေးထားလေသည်။

သို့သော်ငြား ကျန်းရီသည် အတွေ့အကြုံမရှိသောကြောင့် ထိုကဲ့သို့ တိုးတိုးတိတ်တိတ် "လက်တွေ့ကျကျကိုင်တွယ် ဖြေရှင်းမှုများ" အကြောင်းကိုမသိပေ။ ထို့ကြောင့် သူသည် မနေနိုင်မထိုင်နိုင်ဖြင့် သူတို့၏ လုပ်ရပ်များကို အပြစ်တင်ပြောဆိုမိခဲ့သည်။ လူစု၏ မထင်မှတ်ထားသော တုံ့ပြန်မှုကတော့ အတူတကွပူးပေါင်းပြီး သူ့အား အုပ်စုဖွဲ့ရိုက်နှက်ခြင်းပါပေ။ သူတို့သည် သူ့ကို အေးအေးလူလူပင် အလဲထိုးကာ ထားခဲ့သည်မှာ ယခုအချိန်အထိပင် ဖြစ်သည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now