အပိုင်း(၁၅) ကျန်းဟန်ရွှေ
"သခင်လေး...ဘယ်မှာလဲ?"
စိတ်ပူနေသော အော်သံတစ်ခုက ကျန်းရီကို ကျင့်ကြံနေရာမှ သတိဝင်သွားစေသည်။ သူခေါင်းကိုမော့ပြီး ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်သည် မည်းမှောင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူသည် အချိန်ကို မေ့လျော့၍ ကျင့်ကြံခြင်းတွင်သာ လုံးဝ အာရုံစိုက်ထားမိသောကြောင့် ကိုယ့်ကိုယ်ကို တိတ်တဆိတ် အပြစ်တင်ရင်း ကိုယ့်ခေါင်းကို ပြန်ရိုက်လိုက်သည်။ သူသည် အဂ္ဂိရတ်ဌာန၏ တံခါးပေါက်များကို အလျင်အမြန် ပိတ်လိုက်ပြီး အော်သံထွက်ပေါ်လာရာနေရာသို့ အလျင်အမြန် လျှောက်သွားခဲ့လိုက်သည်။
"ရှောင်နူ...ငါဒီမှာ"
ည၏အမှောင်ထဲတွင် ကျန်းရီသည် အော်ဟစ်ရင်း သူ့ကိုရှာနေသော ပိန်ပါးဖျော့တော့သော သူ့ရှေ့ရှိ ပုံရိပ်လေးကို မြင်လိုက်ရသည်။ သူ၏ နှလုံးသားသည် အပြစ်ရှိမှုနှင့် နာကျင်မှုတို့နှင့် ချက်ချင်းပြည့်နှက်သွားခဲ့သည်။ အတွင်းအားအချို့ကို သူ့ခြေထောက်ဆီ ပို့ဆောင်လိုက်ရင်း ရှောင်နူဆီသို့ ပြေးသွားခဲ့လိုက်သည်။ အဖြူရောင် အစေခံဝတ်ရုံကြီးသည် ရှောင်နူ၏ ပုံရိပ်ကို ပိုမို ဖျော့တော့ပုံပေါ်စေသည်။ ကျန်းရီအသံကို ကြားလိုက်ပြီး သူမဆီ ပြေးလာနေသော အရိပ်ကို မြင်လိုက်သည်နှင့် သူမသည် ချက်ချင်းပြုံးကာ ပြောလာခဲ့သည်။
"သခင်လေး...ငါနောက်ဆုံးတော့ နင့်ကိုတွေ့ပြီ၊ ငါစိတ်ပူနေခဲ့တာ"
"ဒီမှာ ဘာများစိုးရိမ်စရာရှိလို့လဲ၊ ငတုံးမလေး...မင်းသခင်လေးက အတွင်းအားကျင့်ကြံရင်း အလုပ်ရှုပ်လွန်းလို့ အချိန်ကိုတောက် မေ့နေတာ"
ကျန်းရီသည် အပြေးသွားလိုက်ပြီး ကျန်းရှောင်နူ၏လက်ကို ဆွဲလိုက်သည်။ သူ့မျက်နှာသည် အပြစ်ရှိမှုများ၊ နောင်တများနှင့် ပြည့်နေခဲ့သည်။ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူအားပါးတရပြုံးလျက် ပြောလာခဲ့သည်။
"ရှောင်နူ...အိမ်ပြန်ကြစို့၊ ငါမင်းကို ကောင်းတာ တစ်ခုခု ပြစရာရှိတယ်...ပြီးတော့ ငါ့မှာ နင့်ကို အရမ်းကောင်းတဲ့ သတင်းတစ်ခု ပြောစရာရှိတယ်"

YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Aksiyonကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...