အပိုင်း(၆) ညှိနှိုင်းစကား
"အွတ်ရှ်"
ကျန်းရီသည် ရှောင်နူနှင့် တိုက်မိသွားခဲ့သည်။ သူမ၏ နောက်စေ့သည် ကြမ်းပြင်နှင့် ဆောင့်မိသောကြောင့် နာကျင်စွာ အော်ဟစ်သံထွက်လာခဲ့သည်။ ကံကောင်းထောက်မ၍ သူမ၏ တုံ့ပြန်မှုသည် မြန်ဆန်သွားခဲ့သည်။ အစောင့်သည် ရှေ့ဆက်တိုးလာပြီး ကျန်းရီကို ထပ်မံတိုက်ခိုက်မည့်ဟန်ကိုမြင်လျှင် သူမသည် ရှေ့ကို ခုန်ဝင်သွားပြီး အစောင့်၏ ခြေထောက်တစ်ဖက်ကို ခိုင်ခိုင်မြဲမြဲ ဆွဲထားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် သူမအော်ပြောလာခဲ့သည်
"သခင်လေး...ကျွန်မကိုမစိုးရိမ်နဲ့... ပြေးပါတော့"
"ရှောင်နူ''
ကျန်းရီ တုန်လှုပ်သွားခဲ့သည်။ ကျန်းရှောင်နူသည် အင်အားကင်းမဲ့လုံးဝနေသော်လည်း သူမတတ်နိုင်တာထက်ပို၍ မျှော်လင့်တကြီး ကြိုးစားနေသည်။ အစောင့်သာ သူမကို ကန်ထုတ်လိုက်လျှင် သူမ အကန်ခံရပြီး အဆုံးသတ်သွားလိမ့်မည်။
သူ၏ စိတ်အစုံသည် အန္တရာယ်များသော တစ်ခဏတွင် လျင်လျင်မြန်မြန် လှုပ်ရှားသွားခဲ့သည်။ သူသည် ရုတ်တရက် အကြံရသွားခဲ့သည်။ နေ့လည်က သူလေ့လာမှု လုပ်နေစဉ် အတောအတွင်း အနက်ရောင်အတွင်းအားအချို့သည် သူ့မျက်လုံးကို ပို့ဆောင်လိုက်စဉ်တွင် အချိန်သည် အလွန့်အလွန် နှေးကွေးသွားသည်ဟု ထင်ခဲ့ရသည်။
ငါ ကြိုးစားကြည့်မယ်
ထိုအတွေးနှင့် သူသည် အနက်ရောင်အတွင်းအား အမျှင်တစ်ခုကို နှလုံးသွေးကြောများဆီ ပို့ဆောင်လိုက်ပြီး အပြာရောင်အတွင်းအားများနှင့် မြန်မြန်ဆန်ဆန် ရောနှောခဲ့လိုက်သည်။ ထို့နောက် ၎င်းတို့ကို လှည့်ပတ်စေပြီး သူ၏ ဘယ်ဘက်မျက်လုံးထောင့်ရှိ ရှောင်ယင်းအမှတ်ရှိရာ နေရာကို ပို့ဆောင်ခဲ့လိုက်သည်။
တစ်ချိန်တည်းတွင် သူသည် သူ၏ဒန်တျန်းထဲတွင် နောက်ဆုံးကျန်ရစ်သော အနက်ရောင်အတွင်းအား အမျှင်လေးကို ညာဘက်လက်ဆီ ပို့ဆောင်ခဲ့လိုက်သည်။
သူ ယနေ့တွင် ကျင့်ကြံထားခဲ့သော အနက်ရောင်အတွင်းအား အကုန်လုံးကို အသုံးပြုလိုက်ပြီ ဖြစ်သည်။ သူသည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်ရှိ စွမ်းအားနှင့် ဤအစောင့်ကို ပြန်မရိုက်နိုင်တော့လျှင် ကျရောက်လာသော တိုက်ခိုက်မှုများကို ငြိမ်ခံနေရုံမှတစ်ပါး ရှောင်နူနှင့် လုပ်နိုင်တာ ဘာမှမရှိတော့ချေ။
![](https://img.wattpad.com/cover/200760872-288-k772952.jpg)
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Aksiကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...