အပိုင်း(၅၆)ချိတ်ပိတ်ခံသင်္ကေတ ပျက်စီးသွားခြင်းကျန်းရီ၏ စကားကို ကြားလိုက်လျှင် မာယုံကျိနှင့် ကျန်းယွင်ရှဲတို့သည် အသိစိတ်လွတ်စွာ အော်ဟစ်မိကြသည်။ သူတို့နှစ်ယောက်လုံးသည် သူတို့၏ ရင်သွေးများကို ဆုံးရှုံးလိုက်ရသည်။ မာဂိုဏ်းသည်ကား အဆိုးဆုံးဖြစ်သည်။ သူတို့သည် ဝိဥာဉ်သားရဲသင်တန်းကျောင်းသို့ပင် ဝင်နိုင်ရန် အလားအလာရှိသော ပါရမီရှင် တစ်ဦးကိုပါ ဆုံးရှုံးလိုက်ရသည်။ ကျန်းရီက တကယ်ကို သတ်ရဲတယ်လား?
မာဂိုဏ်းသားများသည်လည်း အတော်လေး အမျက်ထွက်နေခဲ့ကြသည်။ ကျန်းဂိုဏ်းသားအများစုသည် လွန်ခဲ့သော ခြောက်လခန့်ကမှ ကျန်းရီ အနိုင်ကျင့်ခံနေရသည်ကို မျက်မြင်တွေ့ခဲ့ကြသည်။ ခြောက်လအတွင်းတွင် သူသည် ကျန်းရုလုံကို အနိုင်တိုက်နိုင်ရုံသာမက ပြိုင်ပွဲစင်မြင့်ထက်တွင် လျှိုဟဲနှင့် မာဟေးချီကို အနိုင်ယူခဲ့သည်။ ယခုမူ သူသည် ခရမ်းရောင် နန်းတော်ရှင်အဆင့် ရောက်နေသော မာယင်းကိုပင် သတ်ခဲ့သေးသည်။
လူတိုင်းသာ ကျန်းရီကဲ့သို့ လုပ်နိုင်ပါလျှင် သိုင်းလောကတွင် ပဋိပက္ခ များစွာ ဖြစ်ပွားလိမ့်မည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပါရမီရှင် များစွာရှိသော်လည်း သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်းအဆင့်မှ လူက ခရမ်းရောင်နန်းတော်ရှင်အဆင့်ကို သတ်နိုင်ရန်မှာ တော်ရုံနှင့် မဖြစ်နိုင်ကြောင်း လူတိုင်းသိကြပေသည်။ ကျန်းရီလို သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သာရှိသူဆိုလျှင် စကားထဲပင် ထည့်ပြောနေစရာ မလိုချေ။
သူဘယ်လိုများ လုပ်လိုက်တာလဲ?...မေးခွန်းသည် လူတိုင်း၏ အတွေးထဲတွင် ပေါ်ထွက်လာခဲ့သည်။ သူတို့သည် သေချာမတွေးနိုင်ခင်မှာပင် ကျန်းယွင်ရှဲသည် ရှေ့တက်လာခဲ့သည်။ ခရမ်းရောင်နန်းတော်ရှင် သတ္တမအဆင့်တွင်ရှိသော ကျန်းယွင်ရှဲက ကျန်းရီကို သတ်လျှင် ပုရွက်ဆိတ် တစ်ကောင်ကို သတ်သလို အသာလေးသတ်နိုင်ပေသည်။
"ရှောင်နူ...ကြည့်ရတာတော့ ငါတို့တွေ ကျန်းဂိုဏ်းရဲ့ ပိုင်နက်ထဲမှာပဲ သေရတော့မယ် ထင်တယ်"

YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Aksiyonကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...