အပိုင်း(၆၅)တကယ် လုယူလို့ရတာလား?

515 90 0
                                    


အပိုင်း(၆၅)တကယ် လုယူလို့ ရတာလား?

"ကျန်းရီ!"

အကြီးအကဲဖူနှင့် ဆရာရုန်သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့သည် ကျန်းရီ၏ အင်အားနှင့် ဆန်းကြယ်သော စွမ်းရည်များကို စိတ်ဝင်စားသော်လည်း သူ၏ အပြုအမူများကို သဘောမကျကြပေ။ သူသည် ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးသော်လည်း အနောက်ဘက်တောင်ကုန်းတွင် လူများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ သူသာ ဤပုံစံများနှင့် သင်တန်းကျောင်းကို ဝင်ရောက်ပါလျှင် ပဋိပက္ခများ ဖြစ်ပွားစေမည် မဟုတ်ပါလား?

အထူးသဖြင့် ငယ်ရွယ်သော ဆရာရုန်သည် ကျန်းယွင်ဟိုင် ပြောခဲ့သော အားလုံးကို ကျန်းရီနှင့်အတူ မြှုပ်နှံပစ်မည် ဟူသော စကားကို မကျေနပ်သေးပေ။ သူ၏ အကြည့်များသည် လှုပ်ရှားသွားပြီး စကားပြောလိုက်သည်။

"ဒီတစ်ယောက်က နောက်ကျလွန်းတယ်...ပြိုင်ပွဲစည်းမျဉ်းအရ မင်းက သွေးရှင်းတမ်းကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိတော့ဘူး!"

"ဟာ?''

ဆရာရုန်၏ ကြေငြာချက်သည် လူတိုင်းကို အံ့အားသင့်သွားစေပြီး ကျန်းရီကို သနားစဖွယ် ကြည့်လာကြသည်။ ဝိဥာဉ်သားရဲ မြို့ကို လာဖို့ ဒီလောက်အားခဲထားပြီးမှ ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးရသည်။ သူသည် တကယ်ကို နစ်နာရပေသည်။

ကျန်းဟန်ရွှေ၊ လျှိုဟဲနှင့် ကျန်လူများသည်လည်း ကြိတ်၍ ဝမ်းသာသွားကြသည်။ သူတို့သည် ကျန်းရီကို ကြောက်ရွံ့နေကြခြင်းဖြစ်ပြီး သူ့ကို သင်တန်းကျောင်းသို့ မဝင်ရောက်စေလိုကြပေ။ အထူးသဖြင့် ကျန်းဟန်ရွှေ ဖြစ်သည်။ သူသည် ကျန်းရီကို မြင်လိုက်တိုင်း သူ၏ ကျန်းဂိုဏ်းသားများ ရက်ရက်စက်စက် သေဆုံးသွားရသည်ကို မြင်ယောင်ကာ နာကျည်းရသည်။ သူသည် ကျန်းယွင်ရှန် ညတွင်းချင်း ဆံပင်များ ဆွတ်ဆွတ်ဖြူသွားသည့် အကြောင်းကို သတိရသောအခါတွင်လည်း သူသည် ကျန်းရီကို ကြောက်လန့် မုန်းတီးနေရသည်။ သူသည် ထိုအချင်းအရာများကို ထုတ်မပြဘဲ စိတ်ထဲတွင်သာ သည်းခံထားရရာ ရူးသွပ်မတတ်ပင် ဖြစ်နေခဲ့ရသည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now