အပိုင်း(၁၃)တွားသွားပြန်ရခြင်း

601 79 0
                                    

အပိုင်း(၁၃)တွားသွားပြန်ရခြင်း

"ရွှေတစ်တုံး... ငါတကယ်ကို ရွှေတစ်တုံး ရခဲ့ပြီ"

ကျန်းရီသည် သူအိမ်မက်မက်နေသည်ဟု ခံစားနေရရင်း ကျန်းအိမ်တော် တောင်ပိုင်းရှိ အဂ္ဂိရတ် ဌာနကို ပြန်လာခဲ့သည်။ သူသည် ဝတ်ရုံထဲတွင် သိမ်းထားသော ရွှေတုံးလေးကို လူမသိအောင် ထုတ်ကာကြည့်လိုက် အကြိမ်ပေါင်းများစွာ ပွတ်သပ်ကြည့်လိုက်ဖြင့် ထုတ်လိုက်သွင်းလိုက်ဖြင့် အပျော်ကြီးပျော်နေခဲ့သည်။

သူသည် နှစ်ရက်အတွင်း၌ပင် ရွှေတစ်တုံးကို တကယ်ရရှိခဲ့လေသည်။ ထို့အပြင် မိန်းကလေးကျီက အနာဂတ်တွင်လည်း သူ့ဆီမှ အခြားသောဆေးများရှိခဲ့လျှင် ဝယ်ဦးမည်ပြောခဲ့သည်။ သို့ဆိုလျှင် သူသာ အနက်ရောင်ဆေး နှစ်ဆယ့်ခုနှစ်လုံးသာ ဖော်စပ်နိုင်ခဲ့ပါလျှင် ရွှေဆယ်တုံးရကာ သူ့၏အမိန့်ပေးတံဆိပ်ပြားကို ပြန်ရွေးနိုင်မည် မဟုတ်ပါလော?

အနာဂတ်တွင် ပုလဲမှုန် အစည်းအရုံးဗိမ္မာန်တွင် ရောင်းလို့ရမည်ဖြစ်သော များစွာသော ဆေးအရေအတွက် အကြောင်း တွေးမိသောအခါ ကျန်းရီ၏ကိုယ်သည် တုန်လှုပ်လာသည်။ သူသည် ဆေးဖော်စပ်ရတွင် အသုံးမကျသော်လည်း အနက်ရောင်အတွင်းအား၏ အစွမ်းကို အားကိုးကာ ဆင်းဆင်းရဲရဲမနေရတော့ ဘဲ ရှောင်နူနှင့်အတူ တစ်ဘဝလုံး သက်တောင့်သက်သာနေနိုင်ကာ လူချမ်းသာတစ်ယောက်ဖြစ်လာနိုင်ပေသည်။

အကြီးအကဲလျှိုသည် ရက်အနည်းငယ်ကြာအောင် ကျိန်းသေပေါက် ဆေးဖော်စပ်နည်းကို စမ်းသပ်နေဦးမှာပင်။ သူ အနက်ရောင်အတွင်းအားကို မထည့်ပေးလျှင် မြေကမ္ဘာအဆင့်ဆေးကို ဖော်စပ်နိုင်မာ မဟုတ် အသုံးမဝင်သော ဆေးများသာ အများကြီးပုံလာရုံရှိမည်။

"အာ ဟုတ်သားပဲ ငါ အနက်ရောင်အတွင်းအားတွေ အကုန်သုံးလိုက်မိပြီ... နောက်လိုသလိုသုံးနိုင်အောင် ပြန်ကျင့်ရမယ်။ ပြီးတော့ မနေ့က ဆေးအပူပြန်ပေးရင်း အပြာရောင်အတွင်းအားတွေပါ တော်တော်သုံးမိသွားတယ် အဲ့အတွက်လည်း ပြန်ကျင့်ရဦးမယ်"

ကျန်းရီသည် တင်ပျဉ်ချိတ်ကာ တရားမထိုင်ခင် သူ့စိတ်နှလုံးသားထဲက ပျော်ရွှင်မှုများကို ရှုပ်ထွေးသော အတွေးများ မရှိစေရန် ထိန်းသိမ်းလိုက်သည်။သူသည် အမည်မဲ့ကျင့်စဉ်ကို သုံးနာရီကျင့်ပြီးနောက် ကျန်းမိသားစု ရေဓာတ်ကျင့်စဉ်ကို ပြောင်းလဲကျင့်သည်။ ထို့နောက် ညမှောင်လာသည်နှင့် ဆေးဖက်ဝင် အရွက်များ စာအုပ်ကို အိမ်သို့ယူပြန်ကာ ညလုံးပေါက်ဖတ်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now