အပိုင်း(၃၈)ထွက်ပြေးလွတ်မြောက်ခြင်းညသည် ရေခဲတမျှ အေးစက်နေခဲ့သည်။ ကျန်းရီသည် ညလယ်လောက်အထိ သူ့ဒဏ်ရာများကို ဆက်လက် ကုသနေခဲ့သည်။ သူ့ပခုံးထက်ရှိ ဒဏ်ရာသည် ပျောက်ကင်းလုနီးပါး ဖြစ်သွားသော်လည်း ခြေထောက်သည်ကား ထိုမျှလောက် အချိန်နှင့် ပြန်ကောင်းမလာခဲ့ပေ။ ချွန်းယာယူလာခဲ့သော ဆေးသည် အလယ်အလတ်အဆင့် အဆင့်မြင့်ဆေးလုံးသာ ဖြစ်၍ ကျန်းရီသည် ဆေးတစ်လုံးသာ သောက်ထားခဲ့သည်။ အနက်ရောင် အတွင်းအားနှင့် ဆေးအာနိသင်ကို တိုးမြှင့်ထားသော်လည်း ဒဏ်ရာများကို ထိန်းထားနိုင်ရုံသာ ရှိသည်။
ဥာဥ့်နက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်သည် တိတ်ဆိတ်လာခဲ့သည်။ နေ့လည်ဘက်တွင် ဆူပူမှုတစ်ခုဖြစ်သွားပြီးနောက် ကျန်းအိမ်တော်သည် တိတ်ဆိတ်ငြိမ်သက် သွားခဲ့ပြီ ဖြစ်သည်။
ကျန်းရီ၏ မျက်လုံးများသည် ပွင့်လာခဲ့သည်။ သူသည် မတ်တပ်ရပ်ရန် ကြိုးစားလိုက်ကာ သူ၏ ကျိုးနေသော ခြေထောက်ကို တရွတ်ဆွဲ၍ အိမ်ထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် သူသည် အသားခြောက် တစ်ခုကို ထုတ်ယူကာ ရေနှင့် မျှောချ စားသောက်လိုက်သည်။ စားပြီးသွားသည်နှင့် သူသည် အနက်ရောင် အတွင်းအားတစ်မျှင်ကို နားဆီသို့ ပို့ဆောင်လိုက်ကာ အကြားအာရုံကို မြှင့်တင်လိုက်သည်။
အချိန်အတော်ကြာအောင် နားထောင်ပြီးနောက်တွင်မူ သူသည် မည်သူမျှ သူ့ကို ပုန်းအောင်းကာ စောင့်ကြည့်မနေမှန်း သေချာသွားခဲ့သည်။ သူသည် သူ့ဝတ်ရုံမှ အဝတ်စတစ်ခုကို ဆုတ်ဖြဲလိုက်ပြီး သူ၏ ကျိုးနေသော ခြေထောက်ကို သစ်သားတစ်ချောင်းနှင့် တွဲချည်လိုက်ခဲ့သည်။ ထို့နောက် သူသည် သစ်သားချောင်း၏ အကူအညီနှင့် တစ်လှမ်းချင်းစီ ထွက်လာခဲ့သည်။
သူသည် ယနေ့တွင်မှ ဆူဆူညံညံ ဖြစ်အောင် ဖန်တီးခဲ့ကာ ခြေထောက်တစ်ချောင်းကို လူတိုင်း၏ ရှေ့တွုင် ချိုးခဲ့သည်။ ကျန်းဂိုဏ်းသည် သူ့ကို သတ်ဖြတ်ရန် ကြံစည်လျှင် ဤနှစ်ရက်အတွင်းတော့ မလုပ်လောက်ပေ။ သူသာ ကျန်းဂိုဏ်းမှ ထွက်သွားလိုပါလျှင် ယနေ့ညသည် အကောင်းဆုံး ဖြစ်သည်။ မဟုတ်လျှင် သူ့ကို လူအများက စောင့်ကြည့်လာသောအခါ သူထွက်ပြေးရန် အခွင့်အရေး ဘယ်တော့မှ မရနိုင်တော့ပေ။
![](https://img.wattpad.com/cover/200760872-288-k772952.jpg)
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Aksiyonကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...