Mark POV
ကျွန်တော့်ရဲ့ လည်ပင်းနားတဝိုက်ကိုတိုးနေတဲ့ လေနွေးနွေးလေးနဲ့ ခန်းစီးကြားကဝင်လာတဲ့ နေအလင်းတန်းက ကျွန်တော့်မျက်နှာပေါ် တိုက်ရိုက်ကျရောက်နေတာမို့ တဖက်လှည့်ပြီးဆက်အိပ်ဖို့ ကိုယ်ကိုလှည့်လိုက်ပေမယ့် တစုံတခုကကျွန်တော့်ခါးကို တင်းတင်းကြပ်ကြပ်ဖိထားတာကြောင့် ကျွန်တော်လည်း အိပ်ချင်မူးတူးဖြစ်နေတဲ့မျက်လုံးကိုအတင်းဖွင့်ကြည့်လိုက်မိတယ်။ အဲ့အချိန်မှာ ကျွန်တော်တွေ့လိုက်ရတာက ကျွန်တော့်ကိုတင်းတင်းကြပ်ကြပ်ဖက်ပြီးအိပ်ပျော်နေတာက P Veeဖြစ်ပြီး ကျွန်တော်ကလည်းသူ့ရင်ခွင်ထဲတိုးပြီးအိပ်ပျော်နေတယ်ဆိုတာပဲ။
ကျွန်တော် အဲ့အချိန်ထိတော့အလန့်တကြားမဖြစ်မိသေးဘူး။ P Veeကတော့ကျွန်တော့်ကိုဖက်လို့နှစ်နှစ်ခြိုက်ခြိုက်အိပ်ကောင်းတုန်းပဲ။ ကျွန်တော့်ကိုတကယ်လန့်စေတဲ့အချက်က ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ကိုယ်ပေါ်မှာ အဝတ်အစားတခုမှမရှိတော့တာပဲ။ ကျွန်တော်ဟိုလှုပ်ဒီလှုပ်လုပ်နေတာကြောင့်
ထင်ပါတယ် P Veeကမလှပ်မယှက်အိပ်ပျော်နေရာကနေ ကျွန်တော့်ကိုဖက်ထားတဲ့လက်က ပိုတောင်တင်းတင်းကြပ်ကြပ်ဖက်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သေးတယ်။ အဲ့တော့မှ ကျွန်တော်သတိထားမိတာက ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်အောက်ပိုင်းမှာလည်းအဝတ်အစားမရှိတော့ဘူးဆိုတာပဲ။ ဒီတချီတော့ခုနကထက်ပိုလန့်မိတာကြောင့် ကျွန်တော်အတင်းအကြပ်ရုန်းနေတုန်း P Veeရဲ့မျက်လုံးတွေကပွင့်လာပြီး ကျွန်တော့်ကိုမမြင်ဖူးတဲ့လူလိုကြည့်နေတယ်။ ဒီအခြေအနေက သူ့အတွက်တော့ဘယ်လိုအနေအထားမှန်းမသိပေမယ့် ကျွန်တော့်အတွက်တော့တခါမှမကြုံဖူးတဲ့အနေအထားမို့ ကျွန်တော်အရမ်းရှက်နေပါတယ်။ သူနိုးမလာသေးရင်တော့ ထပြေးလို့ရနိုင်ပေမယ့် အခုလိုမျိုး သူကနိုးလာပြီး ကျွန်တော်ကစောင်အောက်ထဲမှာဝတ်လစ်စားလစ် ဖြစ်နေတဲ့အနေအထားနဲ့ ဘယ်လိုမျိုး ကျွန်တော်က သူ့ရှေ့ကနေဘာမှမဖြစ်သလို ဖြတ်လျောက်နိုင်မှာလဲ။ P Veeကကျွန်တော့်ကို မမှိတ်မသုန်ကြည့်နေပြီးနှစ်ယောက်သားတယောက်နဲ့တယောက် အကြည့်ပြိုင်နေကြတုန်းမှာပဲ အခန်းတံခါးဖွင့်သံနဲ့အတူ Nong Deeရဲ့ အသံလေးကိုကြားလိုက်ရတယ်။
"P Vee PMarkကိုတွေ့မိ......"
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...