Vee POV
ကျွန်တော့ရဲ့ယုန်ပေါက်လေးက ကျွန်တော်နဲ့အတူကျောင်းတက်လာခဲ့တာအခုဆို သူလည်း အလယ်တန်းရောက်လို့ ကျွန်တော်လည်း အထက်တန်းပထမနှစ်ကိုရောက်ခဲ့တယ်။ ပြီးခဲ့တဲ့ကျောင်းအတူတက်တဲ့ ကာလတလျောက်လုံးမှာ သူ့ကိုကျွန်တော် စခဲ့နောက်ခဲ့ တာမျိုးတွေရှိခဲ့ပေမဲ့လည်း အသက်ငယ်သလောက် အေးဆေးပြီးလူကြီးလေးပုံပေါက်နေတဲ့ ကလေးကကျွန်တော်နဲ့ပတ်သက်လို့ ဘာမှထူးထူးခြားခြားလူကြီးတွေကိုပြန်မပြောပဲနေခဲ့တယ်။ သူက ကျောင်းမှာလူချစ်လူခင်များတဲ့ပုံစံမျိုးဆိုပေမယ့်လည်း အရမ်းအနေအေးတာကြောင့် ခင်ရတဲ့သူငယ်ချင်းသိပ်မရှိပဲ သူကျောင်းစတက်ကတည်းက ခင်လာတဲ့သူငယ်ချင်းအုပ်စုနဲ့ပဲ သူ့ကိုအမြဲအတူတွေ့ရလေ့ရှိတယ်။ အဲ့ကလေးတွေထဲကမှကျွန်တော်နဲ့မတည့်ဆုံးကတော့ Jamesဆိုတဲ့ကလေးပဲ။ အဲ့ကလေးက သူတို့တဖွဲ့လုံးရဲ့Guardianလို့ပြောလို့ရလောက်တဲ့ အထိကို အားလုံးအပေါ်ကိုကာကွယ်ပေးတဲ့ပုံပါ။ အထူးသဖြင့်Markအပေါ်ကိုပေါ့။
Markက လူကြိုက်များတဲ့ပုံစံမျိုးမို့ ကျောင်းမှာသူ့ကို ချိန်နေကြတဲ့seniorတွေကော ကျွန်တော်နဲ့အတန်းတူjuniorတွေကော၊ Markရဲ့အတန်းက တချို့ကလေးတွေကပါ သူ့ကိုသဘောကျတဲ့သူ၊တွဲချင်တဲ့သူများလည်း အဲ့အနေအေးတဲ့ကလေးက ဘာexpressionမှမဖော်ပြပဲ ဘယ်သူဘာလာပြောပြော ပြုံးပဲပြုံးနေတက်လို့ အဲ့ကလေးဘာတွေးနေလည်းဆိုတာဘယ်သူမှ မသိနိုင်ဘူးဖြစ်ရတယ်။ ဒါပေမယ့်လည်း Markတို့အုပ်စုထဲမှာအမြဲ မျက်နှာထားတင်းတင်းနဲ့နေတက်တဲ့Jamesကြောင့် Markရဲ့အနားကိုကပ်နိုင်သူဟာ အင်မတန်ရှားပါးပါတယ်။ Seniorတွေ Markရဲ့အနားကိုမကပ်နိုင်ရခြင်းကတော့ ကျွန်တော့်ရဲ့လက်ချက်ပေါ့။ မကာကွယ်လို့လည်းမရဘူးလေ ကျွန်တော့ရဲ့ယုန်လေးကတနေ့တခြားပိုချစ်ဖို့ကောင်းလာတာကိုး။ ပြီးတော့သူကကျောင်းရဲ့ပွဲတိုင်းမှာ ဖျော်ဖြေတဲ့သူဖြစ်လာတော့ ပိုပြီးနာမည်ကြီးလာသေးတယ်။ တခြားအထက်တန်းကျောင်းက သူတွေကပါလာရှာကြတဲ့အထိပဲ။ အဲ့လိုနာမည်ကြီးလာခြင်းရဲ့ ဆိုးကျိုးကတော့ uncle Arthitကသူ့သားကိုမျက်ခြည်အပြတ်မခံတော့တာပဲ။ ကျွန်တော်ကတော့ ပိုဆိုးတာပေါ့။ မနက်တိုင်း သူကားပေါ်တက်လာတာနဲ့ သူငယ်ချင်းတွေမပါဘဲ ဘယ်မှမသွားဖို့မှာရ၊ နေ့ခင်းဆို သူ့အဆောင်ကိုပြေးပြီးသွားကြည့်ရ၊ ညနေဆို ကျောင်းထိပ်ကနေ ထွက်မလာမချင်းစောင့်ရနဲ့ပေါ့။ဒါပေမယ့် ကျွန်တော့ရဲ့ဒီလို ဂရုစိုက်မှုအသေးစားလေးတွေကို Markမသိနိုင်ခဲ့ပါဘူး။ ကျွန်တော်သူ့ကိုစိတ်ပူတယ်ဆိုတာက သူအပြင်းဖျားတဲ့အချိန်ကစခဲ့ရတာပါ သူ့လက်ကဘယ်ကရမှန်းမသိတဲ့ဒဏ်ရာရဲ့ရာဇဝင်ကို ပါးတို့ပြောနေတာကို အမှတ်မထင်ကြားခဲ့ရာကစတာပေါ့
YOU ARE READING
Stay with me
DiversosVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...