Mark POV
Paတို့က Finlandကိုလာလည်ပြီးတပတ်လောက်နေပြီးမှပြန်သွားကြပါတယ်။ ကျွန်တော်ပါဝင်ဖျော်ဖြေခွင့်ရတဲ့ seniorတွေရဲ့ ကျောင်းဆင်းပွဲကိုလည်း Paတို့ပါအတူတက်ရောက်ပြီး ကျွန်တော်ရဲ့ဖျော်ဖြေမှုကိုအားပေးခဲ့ကြပါတယ်။လာမဲ့နှစ်ေရာက်ရင်ကျွန်တော်လည်းကျောင်းမှာ နောက်ဆုံးနှစ်ကျောင်းသားကြီးဖြစ်တော့မယ်။ P Jayတို့ဆိုအထက်တန်းပြီးပြီမို့ ဆက်တက်ရမယ့် ကျောင်းအတွက်နားနေတဲ့အချိန်အတွင်းရွေးပြီးဝင်ခွင့်ဖြေကြရတော့မယ်။ ကျွန်တော်လည်းရှေ့နှစ်မှာ P Jayတို့လိုမျိုးပဲတက်ချင်တဲ့ကျောင်းကိုတက်ရဖို့အတွက် စာကိုပိုကြိုးစားရတော့မယ်။ Paကိုတော့ P Nueaနဲ့ပတ်သက်လို့မမေးဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးPaကတော့သဘောကျတဲ့သူရှိရင်ပြောလို့ ပြောပေမယ့် မပြောဖြစ်ခဲ့ပါဘူး။ Paကကျွန်တော့်ကိုအရမ်းချစ်တာမို့ ကျွန်တော်သာP Nueaအကြောင်းကိုပြောပြခဲ့ရင် P Nueaနဲ့တွေ့ပေးဖို့ပြောလာမှာပါ။ အဲ့အခါP Nueaကအဖေတို့နဲ့တွေ့ဖို့အထိ မစဉ်းစားထားဘူးဆို ကျွန်တော်ဘယ်လိုလုပ်ရမလဲ။P Nueaကထိုင်းလူမျိုးစပ်ပေမယ့် ဒီဘက်မှာကြီးပြင်းတဲ့သူဆိုတော့ ကျွန်တော့်ကိုအတည်တကျတွဲဖို့စဉ်းစားထားတာမျိုးမဟုတ်ရင်ကော၊ Paကိုသက်သက်ကျွန်တော့်အတွက်စိတ်မပူစေချင်ပါဘူး။ အဲ့ဒါကြောင့် Paကိုပြောဖို့ရော၊ P Nueaကိုအဖြေပြန်ပေးဖို့ရောကိုအချိန်အကန့်အသတ်မရှိနောက်ဆုတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အခုတော့ နောက်နှစ်ကိုကျောင်းမှာလာလုပ်မဲ့auditionဖြေဖို့ကိုပဲအာရုံစိုက်မယ်လို့စဉ်းစားထားတယ်။
Paကမပြန်ခင် ကျွန်တော့်ဆီကနေသွေးနည်းနည်းထုတ်သွားသေးတယ်။ ကျွန်တော်က ဘာလုပ်ဖို့လဲလို့မေးတော့ဆေးစစ်စရာလိုလို့တဲ့။Uncle Kornတို့ကိုယ်ပိုင်labမှာစစ်ရမှာမို့လို့တဲ့။Uncle Kornတို့အိမ်ကလည်း ကျွန်တော့်ကိုအရမ်းဂရုစိုက်ပေးကြတဲ့သူတွေမို့ ကျေးဇူးတင်တဲ့အနေနဲ့ ပြန်တော့ Uncleတို့တအိမ်လံုးအတွက်လက်ဆောင်တွေ ဝယ်ပေးလိုက်သေးတယ်။ P Veeအတွက်လည်းကျိန်းသေပေါက်ဝယ်ပေးလိုက်ရတာပေါ့။မဟုတ်ရင်အဲ့ဒီ ဝံပုလွေဆိုးကြီးကအချိန်အတော်ကြာ ကျွန်တော့်ကို ဂဂျီဂဂျောင်လာကျနေအုံးမယ်။ လူတိုင်းကိုဝယ်ပေးပြီးသူတော့ဘာလို့မရတာလဲဆိုတာမျိုး။ ကျွန်တော်ဒီကိုထွက်လာခဲ့တဲ့နေ့တုန်းကလည်း သူလုပ်လိုက်တဲ့အပြုအမူကကျွန်တော့်ရဲ့ဦးနှောက်နဲ့ သူဘာကိုရည်ရွယ်ချင်တယ်ဆိုတာကိုစဉ်းစားလို့ကိုမရတော့တဲ့အထိဖြစ်ခဲ့ပါသေးတယ်။
Paတို့ပြန်သွားပြီးနောက် ကျွန်တော်လည်းကျောင်းပြန်ဖွင့်မဲ့အချိန်ကိုစောင့်ရင်းနဲ့ Finlandမှာနေရာတော်တော်များများ လျောက်လည်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီထဲကမှအကြိုက်ဆုံးနေရာကတော့ Inari နဲ့ Ivalo ကAuroraကြည့်လို့ရတဲ့နေရာပဲဖြစ်ပါတယ်။ မြောက်ဝင်ရိုးစွန်းရဲ့ကောင်းကင်မှာပေါ်လာတက်တဲ့ ထူးထူးဆန်းဆန်းအလင်းရောင်ကိုစောင့်ကြည့်ရတာက အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းပါတယ်။ အဲ့ဒါကြောင့် နောက်တခါဒီအလင်းတန်းကိုPaတို့နဲ့အတူထပ်ကြည့်ချင်ပါသေးတယ်။အကယ်၍များတနေ့နေ့မှာ ကျွန်တော်ချစ်တဲ့သူကိုတွေ့လာခဲ့ရင်သူနဲ့အတူ ဒီအလင်းတန်းတွေကိုညလုံးပေါက်စောင့်ကြည့်ဖို့ စိတ်ကူးခဲ့ပါတယ်။ နောက်စာသင်နှစ်ရဲ့နှစ်အစမှာတော့ ကျွန်တော်တို့ရဲဘော်တွေအားလုံးနီးပါးဒီမှာပြန်ဆုံဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲဘော်တွေဆိုတာက ကျွန်တော်တို့သူငယ်ချင်းအုပ်စုကိုဆိုလိုတာဖြစ်ပါတယ်။Jamesကဒီကို သူ့အဖေနဲ့အတူ လိုက်လာခဲ့ပြီး Canကိုပါဆွဲခေါ်လာခဲ့ပါတယ်။ဒီနှစ်မှာTarကလည်းFinlandမှာပဲစားဖိုမှူးသင်တန်းလာတက်ခဲ့တာမို့ ကျွန်တော်တို့အားလုံးရဲ့ပြန်ဆုံချိန်ဖြစ်ခဲ့ပါတယ်။နေ့တိုင်းနေ့တိုင်းဟာရယ်မောသံတွေ၊ပျော်ရွင်စရာတွေအပြည့်နဲ့ပေါ့။ Jamesနဲ့ Canကတော့ ဒီမှာနှစ်ပတ်နေပြီးပြန်သွားခဲ့ပေမယ့် Tarကတော့ Ouluoမှာကျောင်းတက်တာမို့ ကျွန်တော်နေတဲ့Kuopioမှာမနေနိုင်ပေမယ့် ပိတ်ရက်အားတိုင်း Tarကကျွန်တော်နဲ့Windဆီလာလေ့ရှိပါတယ်။ Tarဒီမှာကျောင်းလာတက်လို့ကျွန်တော်ရတဲ့ကောင်းကျိုးကတော့ ဟင်းချက်တက်သွားတာပါ။ Tarကလာလည်တိုင်းအမြဲကျွန်တော်တို့စားဖို့တခုမဟုတ်တခုလုပ်ပေးခဲ့လေ့ရှိပါတယ်။အဲ့ဒါကြောင့်တအိမ်လုံးမှာရှိသမျှကျွန်ေတာ်အပါအဝင်လူတွေအားလုံးက Tarလာမယ့်နေ့ကိုပဲမျှော်နေရပါတယ်။ နောက်ပိုင်းတော့Tarကသူမလာနိုင်တဲ့ရက်မျိုးတွေမှာ ကျွန်တော်တို့ငတ်မနေရအောင် ကျွန်တော်နဲ့Windကိုပေါ့ပေါ့ပါးပါးဟင်းချက်နည်းတွေသင်ပေးပါတော့တယ်။Ai Windကနဂိုတည်းကအချက်သမားမဟုတ်ပဲ
အစားသမားမို့သုံးရက်လောက်သင်ပြီးနောက် microwaveကိုပေါက်ကွဲအောင်လုပ်ပြီးဟင်းချက်ခြင်းသင်ခန်းစာကို ထာဝရစွန့်လွှတ်လိုက်ပါတော့တယ်။ ကွိန်တော်ကတော့ အိမ်ပြန်တဲ့အခါPaတို့ကိုဟင်းချက်ကျွေးပြီးsupriseလုပ်ပေးချင်တာတကြောင်း၊ ကျွန်တော်ဘာချက်ချက်မညည်းညူပဲစားမဲ့ပရိသတ်တချို့ အိမ်မှာရှိနေတာကြောင့် Tarသင်ပေးတဲ့ဟင်းချက်နည်းတွေကိုစိတ်ဝင်တစားသင်ဖြစ်ပါတယ်။ ဒီလိုနဲ့နှစ်တဝက်ကျိုးတော့ ကျွန်တော် ဟင်းအမည်တော်တော်များများချက်တက်နေပါပြီ။ အဲ့ဒါကြောင့်ပဲ P A, P Jayနဲ့ P Nueaတို့အားလုံးကအိမ်မှာပဲထမင်းစားတဲ့အကျင့်ဖြစ်လာကြပါတယ်။ ပုံမှန်ဆိုညစာကို ကျွန်တော်တို့အတူစားဖြစ်တာရှားပါတယ်။ ကျွန်တော်ဟင်းချက်လက်ရာအဆင်ေပြလာတဲ့နောက်ပိုင်းတော့ တပတ်မှာ၃ရက်လောက်ညစာအတူစားတဲ့အကျင့်ကိုလုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကြောင့်ဒီညစာအတူစားတဲ့အကျင့်ကိုလုပ်ဖြစ်တာပါ။ ထိုင်းကအိမ်မှာဆို Paတို့နှစ်ေယာက်လံုးဘယ်လောက်ပဲအလုပ်ရှုပ်ပါစေ တပတ်မှာ အနည်းဆုံး၃ရက်လောက်တော့ညစာအတူစားဖြစ်အောင် စားပါတယ်။ ဘာလို့ဆိုမိသားစုနဲ့အတူစားတဲ့ညစာလောက် ဘယ်အရာမှစားမကောင်းလို့ပါတဲ့။ အဲ့လိုညစာအတူစားရင်း တယောက်နဲ့တယောက်အမြင်ချင်းလည်းဖလှယ်လို့ရပြီး မိသားစုတွင်းနွေးထွေးမှုကိုဖန်တီးလို့ရတယ်လို့ ကျွန်တော့်Paကအမြဲပြောလေ့ရှိတာမို့ ထိုင်းမှာဆို ညစာကိုမိသားစုနဲ့အတူစားနေကြပါ။ အခုဒီမှာကျောင်းလာတက်တော့လဲ အားလုံးကကျွန်တော့်ကို သူတို့ရဲ့မိသားစုဝင်လိုပဲနွေးနွေးထွေးထွေးဆက်ဆံပေးတာကြောင့် သူတို့ကိုလည်း ကျွန်တော်ကကျွန်တော့်ရဲ့ဒုတိယမိသားစုလို့သတ်မှတ်ထားပါတယ်။ အဲ့ဒါကြောင့် အမြဲတခုခုလုပ်ပေးချင်ပေမယ့် အခုလိုမျိုးဟင်းချက်တက်လာတော့ အားလုံးအတူတူညစာစားချင်တဲ့ အစီအစဉ်ကိုတင်ပြတော့ အားလုံးကသဘောတူကြပါတယ်။ အစကတော့ ကျွန်တော်တို့ရဲ့ ညစာစားပွဲက ယောကျ်ားလေးတွေချည်းပဲစုတဲ့ပွဲလိုဖြစ်နေခဲ့ပေမယ့် သိပ်မကြာခင်မှာပဲP Aတယောက် ချစ်သူရသွားခဲ့တာကြောင့် အဲ့အမကပါတခါတလေကျွန်တော်တ့်ုရဲ့ညစာစားပွဲကိုလာjoinလေ့ရှိပါတယ်။ P Lynnက အရမ်းချစ်စရာကောင်းတဲ့မိန်းကလေးမျိုးပါ။လှပတဲ့အပြုံးလေးတွေရှိပြီးချစ်စရာကောင်းတဲ့မျက်လုံးတောက်တောက်လေးတွေကိုပိုင်ဆိုင်ထားတဲ့သူပါ။ အရမ်းလည်းစကားတက်ပါတယ်။ ကျွန်တော်တို့အိမ်မှာဆို Windကလွဲရင်သူနဲ့ဘယ်သူမှပြိုင်မငြင်းရဲပါဘူး။ P Lynnက ကျွန်တော့်ကိုရောWindကိုပါ သူ့မောင်အရင်းလိုပဲအရမ်းချစ်ပါတယ်။ ကျွန်တော့်ကိုဆိုတွေ့ရင်ပါးပဲလိုက်ဆွဲနေလို့ ထွက်တောင်ပြေးရတဲ့အထိပါ။ P AကP Lynnကိုပဲသူ့ဘဝတလျောက်လက်တွဲသွားဖို့ဆုံးဖြတ်ထားမှန်းအရမ်းသိသာပါတယ်။ ဘယ်အရာကသိသာစေသလဲဆို P AကP Lynnကိုကြည့်တဲ့မျက်လုံးလေးတွေကပါ။ P Aက P Lynn ကို ကြည့်တဲ့အခါတိုင်းအချစ်တွေအပြည့်နဲ့အမြဲကြည့်တက်ပါတယ်။ ကျွန်တော်လည်းတနေ့နေ့မှာကျွန်တော့်ကိုအဲ့လိုကြည့်တဲ့ လူမျိုးပေါ်လာတဲ့အခါ ဒါမှမဟုတ်ကျွန်တော်ကအဲ့လိုကြည့်ရမယ့်လူမျိုးပေါ်လာတဲ့အခါ အဲ့လူကိုကျွန်တော်ကျိန်းသေပေါက် လက်လွှတ်မခံဘူးလို့ဆုံးဖြတ်ထားပါတယ်။ P Aနဲ့ P Lynnကိုကြည့်ပြီးအားကျသလားလို့မေးရင်တော့ တကယ်အားကျရပါတယ်။ P Lynnကအငြင်းသန်ပေမယ့် P Aကိုဆိုအမြဲအလျှော့ပေးတက်သလို P Aကလည်း P Lynnသာသူ့အနားရှိနေရင်အမြဲကျေနပ်နေတဲ့ အပြုံးကြီးနဲ့ပါ။ P Jayကတော့ ထုံးစံအတိုင်းရေခဲတုံးလုပ်နေတာမို့ သူ့အတွက်ကျွန်တော်နဲ့Windက အောင်သွယ်တော်လုပ်ပေးခဲ့သော်ငြား အခုထိရည်းစားမရနိုင်ဖြစ်နေပါတယ်။ P Nueaကတော့ သူ့ရဲ့မိသားစုခရီးကပြန်လာပြီးကတည်းက ကျွန်တော့်အပေါ်ခပ်စိမ်းစိမ်းဖြစ်နေတာကိုသတိထားမိပါတယ်။ဘယ်လိုပြောရမလဲ တခုခုကိုအမြဲသတိထားနေသလိုမျိုးပါ။ အရင်လိုမျိုးအရမ်းတွေအီစီကလီမရိုက်ပဲ လေးလေးနက်နက်စဉ်းစားနေသလိုပုံမျိုးပါ။ အဲ့ဒါကြောင့် P Nueaကကျွန်တော့်အပေါ်ထားတဲ့သဘောထားကိုပြန်ဆန်းစစ်နေရတာပါ။ ကျွန်တော့်အသည်းကနုတာမို့ အသည်းကွဲမခံနိုင်သေးဘူးထင်ပါတယ်။ ဒီနှစ်ကုန်မှာတော့ ကျွန်တော်တို့အားလုံးစုပြီး ကျွန်တော်နဲ့Windရဲ့အထက်တန်းပြီးတဲ့အထိမ်းအမှတ်အနေနဲ့ skiing and snowboardingသွားလုပ်ကြမယ်ဘို့ကတိပေးထားကြပါတယ်။ ကျွန်တော်ဒီကိုရောက်တာကြာပေမယ့်တခါမှမလုပ်ဖူးသေးတာကြောင့် ကျောင်းပြီးရင်စီနီယာတွေကလိုက်ပို့မယ်လို့ကတိပေးထားတာမို့ ဒီတခေါက် skiingသွားလုပ်ရင် ကျိန်းသေP Nueaဆီကနေskiingစီးတာကိုသင်ရင် ကျွန်တော်တို့ကြားထဲကဆက်ဆံရေးကဘာဆိုတာကိုကွဲပြားအောင်လုပ်ဖို့ဆုံးဖြတ်ထားပါတယ်။
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...