Mark POV
ကျောင်းကခရီးကပြန်ရောက်ပြီးကတည်းက P Veeကထူးဆန်းလာခဲ့တယ်။ဘယ်လိုထူးဆန်းလာလဲဆို ကျွန်တော့်နောက်ကို stalkerလိုလိုက်နေတာကထူးဆန်းလာတာပဲ။ အရင်ကဆိုလည်းPaတို့uncleတို့ရဲ့တောင်းဆိုမှုကြောင့် ဂရုစိုက်ဖူးပါတယ်။ကျောင်းဆင်းချိန်တိုင်းစောင့်နေပေးတာမျိုး၊ မနက်ခင်းကျောင်းသွားရင် တယောက်တည်းဘယ်မှမသွားဖို့မှာတာမျိုး တို့အဲ့လိုမျိုးတော့ရှိခဲ့ဖူးပေမယ့် အခုက အဲ့တုန်းကထက်ပိုဆိုးလာတာပါ။P Golfနဲ့နှစ်ယောက်သား အပေါင်းအသင်းဖြစ်ပြီးနေ့တိုင်း ကျွန်တော့်ကို လာလာcheckနေကြတာက ကျွန်တော့်ကို စိတ်ကျဉ်းကြပ်စေတာပါ။ P Golfက ကျွန်တော်juniorတန်းစတက်ကတည်းကသိလာတဲ့ seniorဖြစ်ပေမဲ့သူရဲ့သဘောထားကိုအမြဲပွင့်ပွင့်လင်းလင်းပြောနေကြဖြစ်တာကြောင့် သူဘာကိုရည်ရွယ်မှန်းတော့ ကျွန်တော်သိပါတယ်။ဒီအတိုင်း ရူးချင်ယောင်ဆောင်နေရတာ ပိုကောင်းမယ်လို့တွေးမိလို့ အဲ့အတိုင်းနေခဲ့တာပါ။ ဒါပေမယ့်အခု P Veeကပါဘာထဖြစ်မှန်းမသိတာက ကျွန်တော့်ကိုရှုပ်ထွေးစေပါတယ်။ အမှန်ဆို P Veeမှာလက်ရှိတရားဝင်တွဲနေတဲ့သူရှိပါတယ်။ခရီးသွားတုန်းက တောင်တက်ဂိမ်းမှာ P Veeရဲ့ပါတနာဖြစ်သွားတဲ့အမပါ။ အဲ့အမကကျောင်းမှာတော်တော်လေးနာမည်ကြီးပါတယ်။ အဲ့အမကို P Veeကတွဲခွင့်ရသွားတာကြောင့် P Veeကိုအားကျကြသူတော်တော်လေးများပါတယ်။ တင်းနစ်အသင်းက အသင်းခေါင်းဆောင်ဖြစ်တဲ့ P Starက ခြေတံရှည်ရှည်လှလှလေးတွေရှိပြီး လှပတဲ့အပြုံးလေးကိုပါပိုင်ဆိုင်ထားတဲ့သူမို့ ဘယ်သူကမချစ်ပဲနေနိုင်မှာလဲနော်။
ကျွန်တော်နားမလည်နိုင်ဖြစ်ရတာက ရည်းစားပူပူနွေးနွေးရထားတဲ့သူကဘာကြောင့်များ ကျွန်တော့ကိုလာလာcheckနေရသလဲဆိုတာပါပဲ။ ဒါပေမယ့်လည်းကြာကြာတော့အဲ့အတွေးတွေ မတွေးနိုင်ပါဘူး။ ဘာလို့ဆို လာမယ့်စာသင်နှစ်အတွက် Europeမှာကျောင်းတက်ဖို့ Pa စီစဉ်ပေးထားတာက confirmဖြစ်သွားပြီမို့ပါ။အဲ့အတွက် ကျွန်တော့မှာ စာကိုအရင်ကထက်ပိုလေ့လာနေရပါတယ်။ ဘာသာစကားကိုလေ့လာရတဲ့အပြင် အဲ့ကျောင်းကပေးတဲ့ online courseကိုလည်းအပြေးအလွှားတက်ရပါတယ်။ ဟိုမှာကျောင်းသွားတက်ရမယ်ဆိုပေမယ့် ကျွန်တော်မကြောက်ပါဘူး ဘာလို့ဆို ကျွန်တော်နဲ့အတူ Windကပါ အတူတက်မှာမို့လို့ပါပဲ။ အရင်နှစ်က ကျောင်းဝင်ခွင့်ဖြေတာနှစ်ယောက်လုံးအောင်ခဲ့တာမို့ အခုတော့ကျောင်းတက်ဖို့အတွက်နှစ်ယောက်သားအသဲအသန်ကြိုးပမ်းနေရပါတယ်။ ဒီနေ့လည်းပဲမနက်အစောကြီးထပြီး Englishစာသင်တန်းတက်ပြီးနောက်ကျောင်းကိုလာရတာမို့ လူကပင်ပန်းနေပါတယ်ဆိုမှ နေ့လည်စာချိန်မှာ အနားမရအောင် CCTVနှစ်ယောက်ကလာပြန်ပါတယ်။ သာမန်CCTVလိုသာ စကားမပြောဘဲစောင့်ပဲစောင့်ကြည့်ရင် ပြဿနာမရှိပေမယ့် သူတို့နှစ်ယောက်က စကားပြောပြီးလူကိုစိတ်ရှုပ်အောင်လုပ်ပါတယ်။ ဒီနေ့တော့မနက်ကတည်းက သင်တန်းကိုသပ်သပ်သွားရတာကြောင့် P Veeကိုမနက်ထဲကမတွေ့ရပါဘူး။
P Golfလည်း မလာတာကြောင့် ဒီတနေ့တော့ နားအေးပြီလို့ တွေးရင်း နေ့လည်စာစားဖို့ထွက်လာခဲ့ပါတယ်။ စားချင်တဲ့ list အတိုင်း Jamesကသွားဝယ်ပေးနေတာမို့ စောင့်နေတုန်းမှာ ကျွန်တော်နဲ့Wind နှစ်ယောက်လုံး အရိပ်ကောင်းတဲ့အပင်အောက်ကထိုက်နေကျစားပွဲမှာ သွားထိုင်လိုက်ပြီးနောက် အိပ်ဖို့ပြင်လိုက်ပါတယ်။ အဲ့အချိန် Canက ကျွန်တော့် ပခုံးကိုလာပုတ်တာမို့ "Ai Can ငါအိပ်ချင်နေတာနော် လာမနှောင့်ယှက်နဲ့ James ရောက်မှ် ငါ့တို့ကိုနှိုး"
"AiMarkထတော့ မင်းရဲ့CCTVတွေလာနေလို့ပြောတာဟ"
သူပြောတဲ့စကားကြောင့် ကျွန်တော့ရဲ့နားအေးတဲ့နေ့လေးတော့ပျက်စီးပြီမှန်းသေချာသိလိုက်ပါတယ်။
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...