Past doesn't matter to me

212 28 0
                                    

Kongpob POV

     ကျွန်တော့ရဲ့P Arthitကသားကိုရပြီးနောက်ပိုတောင်ချစ်ဖို့ကောင်းလာသလိုပဲ။သားနဲ့ပါတ်သက်တဲ့သူရဲ့သဘောထားသူ့ရဲ့အိမ်မက်ကျွန်တော်တို့ရဲ့အနာဂတ်အရာအားလုံးကလှပလွန်းနေလို့ဒီလိုဘဝကိုပိုင်ဆိုင်ခွင့်ရစေတဲ့အကို့ကိုကျွန်တော်ဘယ်လိုကျေးဇူးတင်ရမလဲတောင်မသိဘူး။ သားကလည်းအရမ်းချစ်ဖို့ကောင်းလို့ဆေးရုံမှာဆိုသူနာပြုတွေကလက်ကတောင်မချတဲ့အထိပဲ။ဆေးရုံကဆင်းပြီးအိမ်ကိုပြန်လာတဲ့နောက်မှာလည်းအဖေနဲ့အမေကကျွန်တော်တို့သားကိုအရမ်းချစ်ပေးကြပါတယ်။ကျွန်တော့ကိုငယ်ငယ်တည်းကထိန်းလာခဲ့တဲ့aunty Faiကသားကိုကူထိန်းပေးတာကြောင့်ကလေးကိစ္စကပူစရာတော့မရှိတော့ပေမယ့်ခက်တာကP Arthit အမြဲတမ်းတခုခုကိုစဉ်းစားပြီးတွေးနေသလိုပဲ။
ပြီးတော့ကျွန်တော့ကိုတခုခု‌ေပြာစရာရှိ‌ေနသလိုနဲ့ပြောလည်းမပြပဲသူတယောက်တည်းဆက်တိုက်တွေးနေလေရဲ့။ အဖေကလည်းcompanyမှာကျွန်တော့်ကို မန်နေဂျာချုပ်ရာထူးကိုတိုးပေးခဲ့လို့ရာထူးအလွှဲအပြောင်းမှာအလုပ်ရှုပ်နေခဲ့လို့ စကားသေချာမပြောဖြစ်ခဲ့။ Pမှာကလည်းသူ့တာဝန်တွေအလုပ်တွေအပြင်အခုကျွန်တော်တို့ဘဝထဲကိုဝင်ရောက်လာခဲ့တဲ့အ‌ေသး‌ေလးနဲ့အချိန်ဖြုန်း‌ေနခဲ့လို့ကျွန်‌ေတာ်တို့နှစ်‌ေယာက်သားစကား‌ေသချာမ‌ေပြာဖြစ်တာသားတောင်ရက်တရာပြည့်တဲ့အထိရောက်လာခဲ့တယ်။ အိမ်မှာပွဲကြီးကြီးမားမားမလုပ်ဘဲမိသားစုအပြင်ခင်မင်တဲ့မိတ်ဆွေအနည်းငယ်နဲ့ပဲသားရဲ့ရက်တရာပြည့်ပွဲလေးလုပ်ဖြစ်ခဲ့တယ်။ အကို့ကိုကယ်ပေးခဲ့တဲ့အကို့မိတ်ဆွေကတော့မပါမဖြစ်ပေါ့။ ပွဲနေ့မှာသူကလည်းသူ့မိသားစုနဲ့အတူတက်ပေးခဲ့လို့သားရဲ့ရက်တရာပြည့်ပွဲလေးဟာစိုစိုပြည်ပြည်ပဲရယ်သံမောသံအပြည့်နဲ့ပြီးဆုံးသွားခဲ့ပါတယ်။

    ညရောက်တော့သားအိပ်ပျော်သွားတဲ့အချိန်မှာကျွန်တော်လည်းနားချိန်‌ရတုန်းP Arthitနဲ့စကားသေချာပြောဖို့စဉ်းစားမိတယ်။ ရေမိုးချိုးပြီးနောက်အိပ်ခန်းထဲအဝင်မှာ ခုတင်‌ေပါ်မှာထိုင်‌နေတဲ့အကို့ကိုတွေ့တော့ကျွန်တော်ချွဲနေကျပုံစံအတိုင်းပဲအကို့ဘေးနားဝင်ထိုင်ဖြစ်ခဲ့တယ်။အကိုက
"မင်းအမြဲအဲ့လိုပဲရေချိုးပြီးရင်ခေါင်းကိုသေချာမသုတ်ဘူးသဘက် ပေးငါသုတ်ပေးမယ်"

Stay with meWhere stories live. Discover now