Vee POV
Markရည်းစားရသွားတာ ကျွန်တော့်အတွက်တော့မနေ့တနေ့ကလိုလတ်ဆတ်ဆဲအဖြစ်အပျက်ဖြစ်နေပေမဲ့ အမှန်တကယ်တော့ အချိန်ကာလရွှေ့ပြောင်းလာခဲ့တာ အခုဆိုသုံးနှစ်တောင်ပြည့်တော့မယ်။ ကျွန်တော်လည်း အသက်ကြီးလာသလိုMarkကလည်းအရွယ်ရောက်လာခဲ့တယ်။ သူကတော့ အခုလိုအသက်၂၀ကျော်တာတောင် ကျွန်တော့်မျက်လုံးထဲမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျောင်းသွားကျောင်းပြန်အမြဲအတူတူလုပ်ပြီး ကျွန်တော်ကအမြဲစောင့်ကြည့်ခဲ့ရတဲ့ကလေးအရွယ်ပဲ။ ကျွန်တော်ကလည်းအခုဆိုဘွဲ့ရပြီးသွားပြီမို့အရင်လို သူ့ကိုအကြိုအပို့မလုပ်ရတော့ဘူး။ Markအမြဲဖြစ်ချင်တဲ့သူ့ကားသူမောင်းပြီး ကျောင်းသွားရတဲ့ဘဝကိုအခုတော့သူပိုင်ဆိုင်သွားပြီလေ။ သူကတခြားကလေးတွေလိုမျိုး လွတ်လွတ်လပ်လပ်နေချင်ခဲ့တာဆိုတော့ အခုဆိုသူနေချင်သလိုနေလို့ရသွားခဲ့တာတော်တော်ကြာပြီ။ သူနဲ့Nueaကတော့ အခုထိအဆင်ပြေစွာနဲ့ သူတို့ရဲ့RSဘဝကိုဖြတ်သန်းနေကြတာပဲ။ အမှန်အတိုင်းပြောရရင် MarkကိုကောNueaကိုပါတကယ်အံ့ဩမိတယ်။သူများအတွဲတွေများ ၁နှစ်လောက်မတွေ့ရရင်တောင် ပြတ်ကုန်ကြတာ ဥပမာပြောရရင် Ployဆို ကျွန်တော်သူနဲ့ခရီးအတူမသွားဘဲMarkနောက်ကိုလိုက်သွားခဲ့တဲ့နောက်ပိုင်းက စပြီးပြောင်းလဲသွားခဲ့တာ။ အဲ့နောက်ပိုင်း သူနဲ့ကျွန်တော်ပြတ်သွားခဲ့တာ။ Markနဲ့Nueaကျတော့ သူတို့နှစ်ယောက်က လူချင်းအကြာကြီးမတွေ့ရလည်း တယောက်အပေါ်တယောက်အရမ်းသစ္စာရှိကြတယ်။ တနှစ်နေမှတခါ၊ခြောက်လနေမှ တခါလောက်တွေ့ရလည်း သူတို့အတွက် LDRSကသာမာန်အရာလိုပဲ။ အကယ်၍ကျွန်တော်သာ Markနဲ့ချစ်သူဖြစ်နေမယ်ဆိုရင်ကော သူကျွန်တော့်အပေါ်မှာဒီလိုပဲသစ္စာရှိပါ့မလား???။
Nueaကို ကျွန်တော်တကယ်လေးစားမိတဲ့အချက်တချက်ရှိတယ်။ အဲ့ဒါကတော့ Markနဲ့သူ့ရဲ့နှစ်ပတ်လည်နေ့တိုင်းကိုအမှီထိုင်းကိုလာတာပဲ။ အခုဆိုသုံးနှစ်တောင်ပြည့်တော့မယ်။ ဒီနှစ်တော့ Markကိုသူက သူ့ရဲ့မွေးရပ်မြေကိုခေါ်သွားမယ်လို့ကြားတယ်။ ခါတိုင်းနှစ်တွေတုန်းက အန်ကယ်Arthitက သူတို့ကိုဝေးဝေးလည်ခွင့်မပေးခဲ့ပေမယ့် ဒီနှစ်ကတော့ Markရဲ့အထူးတောင်းဆိုချက်အရလည်ခွင့်ပေးရမယ်ထင်တယ်။ ပုံမှန်ဆိုရင်တော့ Markအဲ့လိုမျိုးနယ်တွေဘက်ကို ထွက်လည်တိုင်း ကျွန်တော့်ကိုလိုက်သွားပေးဖို့ အန်ကယ်ကအကူအညီတောင်းနေကျ။ ဒီနှစ်ဦးပိုင်းကစပြီး အန်ကယ်က ကျွန်တော့်ကိုအဲ့လိုမျိုးအကူအညီမတောင်းတော့ဘူး။ ကျွန်တော်ကျောင်းပြီးသွားတာနဲ့ Phorရဲ့လုပ်ငန်းမှာကူပေးနေရတာကြောင့် ကျွန်တော့်မှာအချိန်သိပ်မအားတော့တာကို အားနာလို့ထင်ပါရဲ့။ ကျွန်တော်ကလည်း အရင်လိုMarkကိုဂရုမစိုက်နိုင်တာတော့အမှန်ပဲ။ Phorရဲ့တချို့သောလုပ်ငန်းတွေကို ကျွန်တော်လက်ထပ်တဲ့အခါလွှဲပေးဖို့အတွက် ပြင်ဆင်နေတာမို့ အဲ့ဒီလုပ်ငန်းတွေကိုနားလည်အောင်လုပ်နေရတာနဲ့ ကျွန်တော်တောင်Markကိုမတွေ့ရတာအတော်ကြာနေပြီ။
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...