Why??? Part 3

431 21 6
                                    

Arthit POV

     Maနေမကောင်းတာကြောင့် သတင်းကြားကြားချင်းပဲ Ching Maiကိုဆင်းလာခဲ့ရတာမို့ Kongတောင်မှဒီကိုအတူလိုက်မလာနိုင်ဘူး။ သူ့companyကအလုပ်တွေဖြတ်မရတာလဲပါတာပေါ့။ သားကိုတော့ သူခရီးသွားနေတုန်းကာလမို့ အကြောင်းမကြားဖို့ပဲဆုံးဖြတ်လိုက်တယ်။ သူသိရင်စိတ်မကောင်းဖြစ်နေမှာစိုးလို့လေ။ သူရည်းစားရစထားကတည်းက ကျွန်တော်သူ့ကိုခရီးဝေးမလွှတ်တာကြာပြီဆိုတော့ အခုလိုမျိုးသွားတုန်းလေးလွတ်လွတ်လပ်လပ်ပျော်စေချင်လို့ရယ်၊ပြီးတော့သူ့အဖွားနေမကောင်းတာကိုမသိစေချင်လို့ရယ်၊ စတဲ့အကြောင်းတွေ‌
ေကြာင့်သားကိုကျွန်တော်ဖုန်းတောင်မခေါ်ဖြစ်ဘူး။ ။ ကျွန်တော် ချင်းမိုင်ကိုရောက်တဲ့နေ့ကစလို့ Kongနဲ့တော့အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ သားဆီကဘာမှထွေထွေထူးထူးမကြားဘူးလို့ Kongပြောတာကိုပဲ ယုံနေခဲ့မိတာက သားလေးကို Nong Veeကပြန်ခေါ်လာတဲ့အချိန်မှာ ကျွန်တော်သိလိုက်ရပါတယ် သားရဲ့အခြေအနေကအရင်ကနဲ့လုံးဝမတူတော့ဘူးဆိုတာ။ အရင်ကလိုအမြဲပြုံးနေတက်တဲ့၊ လူတိုင်းသဘောကျတဲ့မျက်ဝန်းလှလှလေးလေးတွေနဲ့ပါးချိုင့်လေးပေါ်အောင်ပြုံးတက်တဲ့ကျွန်‌ေတာ်တို့ရဲ့က‌ေလးကပျောက်ဆုံးသွားခဲ့တယ်။ အမြဲသွက်လက်ပြီးပြုံးပျော်နေတက်တဲ့Markအစား အသက်မပါတဲ့မျက်ဝန်းတွေနဲ့‌ အမြဲငေးမောနေတက်တဲ့Markအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ ကျွန်တော်လေ သားကိုဒီလိုဖြစ်အောင်လုပ်လိုက်တဲ့သူကိုသိချင်ပေမယ့် သားကလည်းထူးထူးခြားခြားဘာမှမပြောပြသလို၊ Nong Veeကလည်းသားတိုက်ခိုက်ခံရတယ်ပဲပြောတော့လိုက်စရာလမ်းစမရှိဖြစ်နေခဲ့တယ်။ အမှန်တော့သုံးနှစ်ပြည့် နှစ်ပတ်လည်လုပ်မယ်ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ကနေထွက်သွားခဲ့တဲ့ကလေးဟာ ပြန်လာတော့ Nong Nueaနဲ့လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းအပြင်ဘာမှသိပ်မပြောပဲအမြဲငေးမှိုင်နေတော့ ကျွန်တော်တို့လည်းဘာမှမတက်နိုင်ဘူးဖြစ်နေခဲ့ကြတယ်။ ပိုဆိုးတာက ညညဆိုသားကအိပ်မက်ဆိုးတွေမက်ပြီးအမြဲလန့်နိုးနေတာကခက်တာပဲ။ သူ့ဘေးနားမှာတယောက်ယောက်စောင့်မအိပ်ရင် အိပ်မက်မက်ပြီးနောက်ကိုတညလုံးမအိပ်တော့ဘဲငုတ်တုတ်ထိုင်ပြီးနေတော့တယ်။

Stay with meWhere stories live. Discover now