Vee POV
"P Vee"
"Hmm"
"ကျွန်တော်က P Veeအတွက်ဘာနဲ့တူလဲဟင်"
"Markကိုယ့်အတွက် ကိုယ့်ရဲ့ကမ္ဘာလေ"
"အပိုတွေ"
"Pတကယ်ပြောနေတာ Markကကိုယ့်ရဲ့ကမ္ဘာပဲ အဲ့ဒါကြောင့် အမြဲကိုယ့်ကိုကိုယ်ဂရုစိုက်နော် အခုMarkရှင်သန်နေတာ Markတယောက်တည်းအတွက်မဟုတ်ဘူး Pအတွက်ပါပါတယ်"
"Pကလည်း"
"Markကကိုယ့်ရဲ့ကမ္ဘာမို့လို့ ဘယ်မှမသွားပဲကိုယ်နဲ့ပဲနေပေးပါနော်"
"အင်း"
ကျွန်တော့်ရဲ့မျက်လုံးတွေကိုဖွင့်လိုက်တဲ့အချိန် မျက်စိရှေ့မှာရှိနေတာက တိတ်ဆိတ်ပြီးမှောင်မဲနေတဲ့အခန်း ဒီအခန်းထဲမှာ Markနဲ့ကျွန်တော့်ရဲ့အမှတ်တရတွေအများကြီးရှိခဲ့ဖူးတယ် ခုနကမက်ခဲ့တဲ့အိပ်မက်ထဲကစကားမျိုးတွေလည်း သူ့ကိုရင်ခွင်ထဲထည့်ထားရင်းအများကြီးပြောခဲ့ဖူးတယ် အခုဆိုကျွန်တော်သူ့ကိုမတွေ့ရတာ တလကျော်သွားခဲ့ပြီ သူအခုနေမှကောင်းရဲ့လား အရင်လိုအစားအသောက်ပျက်နေတုန်းပဲလားဆိုတာလည်းမသိရသလို သူ့ဗိုက်ထဲမှာကြီးထွားနေမယ့်ကျွန်တော်တို့ရဲ့ရင်သွေးလေးက အခြေအနေဘယ်လိုရှိမလဲဆိုတာပါမသိရဘူး သူကိုယ်ဝန်ရှိတာသိပြီးတဲ့နောက် ဆေးရုံကိုအပြေးသွားပြီး P Benကိုမေးကြည့်မှသိလာရတာက သူလွယ်ထားရတာကအမြွှာလေးတွေဖြစ်တာမို့ ကိုယ်ဝန်ရှိစမှာပျက်ကျဖို့အန္တရာယ်သိပ်များတယ်ဆိုတဲ့အကြောင်း အဲ့ဒီလိုအကြောင်းတွေကြောင့် သူ့ကိုယ်ဝန်ကိစ္စကိုတက်နိုင်သမျှဖုံးထားချင်ခဲ့တဲ့အကြောင်းကိုပါတပြိုင်နက်တည်းသိလိုက်ရတယ် သူလွယ်ထားရတာက အမြွှာကိုယ်ဝန်ဖြစ်နေမှန်းကို Paတောင်မှမသိအောင် Markကဖုံးထားဖို့ P Benကိုအကူအညီတောင်းခဲ့တယ်တဲ့ အမြွှာကိုယ်ဝန်ဆိုရင် သူ့ကိုထိခိုက်နိုင်လို့ဖျက်ချခိုင်းမှာစိုးရိမ်နေပုံပါ Dominant Omegaဖြစ်တဲ့ Paတောင်မှကိုယ်ဝန်ဆောင်ဖို့ထိန်းသိမ်းဖို့ခက်ခဲတဲ့ အမြွှာကိုယ်ဝန်ကို Markကလွယ်ထားတယ်ဆိုတာကိုသိရတော့ ကျွန်တော်သူ့အေပါ်တကယ့်ကိုအားနာမိတယ် သူကကျွန်တော်တို့ကလေးေလးေတွကိုထိန်းသိမ်းဖို့ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်ကတော့အပြင်လူရဲ့ကလေးကိုအရေးပေးနေမိတယ် အဲ့ဒါတွေကြောင့် ကျွန်တော်အခု Nong Ginကိုရော Ployကိုပါနယ်ကိုပြန်ပို့ဖို့စီစဉ်နေတာ ဒီတခေါက်သူဆေးစစ်ချက်ထွက်လာရင်သူတို့သားအမိကိုပြန်ပို့တော့မယ် ဘယ်လိုပဲဖြစ်ဖြစ် Markကိုပြန်လာစေချင်တယ်ဆို သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေမဲ့ကိစ္စတွေအကုန်လုံးကိုရှင်းထုတ်ထားရမယ်မဟုတ်လား ပြီးတော့ Ployရဲ့နောက်ကြောင်းကိုစုံစမ်းခိုင်းထားတာကလည်း ရခါနီးပြီဆိုတော့ အခုဖြစ်နေတဲ့ကိစ္စတွေရဲ့အရင်းအမြစ်ကိုသိရတော့မှာပါ
အမှန်တကယ်တော့ Ployရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဖြစ်စေခဲ့တာက ကျွန်တော့်ဆီကိုအမည်မဲ့ပေးပို့သူအနေနဲ့ရောက်လာတဲ့ Markရဲ့ဓာတ်ပုံတွေကြောင့်ပါ ပေးပို့သူကိုစုံစမ်းကြည့်တော့ ဖုန်းဆက်ပြီးလူဌားနဲ့ပို့လာတာမို့ အဲ့လိုပို့ခိုင်းတဲ့သူကိုရှာကြည့်ေတာ့လည်း သူ့ကိုဖုန်းဆက်ပြီးစေခိုင်းကြောင်းသိရတယ် အဲ့လိုနဲ့တဆင့်ပြီးတဆင့်ရှာကြည့်လိုက်မှအဲ့ဓာတ်ပုံတွေပို့ပေးဖို့ဆက်ထားတဲ့ဖုန်းက အရမ်းကိုရင်းနှီးတဲ့ဖုန်းဖြစ်နေခဲ့တယ်
ဘယ်သူ့ဖုန်းလဲဆိုတော့ Ployရဲ့ဖုန်းဖြစ်နေတာပါ အဲ့တော့အစကတည်းကမှ Ployကိုသဘောမကျတဲ့ Paကသူ့ရဲ့အတိတ်ကိုတူးဆွဖို့ကြိုးစားပါတော့တယ် ကျွန်တော်ဘာလုပ်နေလဲလို့မမေးပါနဲ့ ကျွန်တော်ဒီရက်တွေထဲမှာ Suthiluckအိမ်တော်နားကိုသွားလို့ Markကိုများတွေ့ခွင့်ရမလားလို့ တချိန်လုံးစောင့်ကြည့်နေခဲ့တာပါ ဒါပေမယ့်အခုထိတော့ဘာမှသိပ်မထူးခြားပါဘူး ဟိုရက်ကအရဲစွန့်ပြီး ညဘက်တံတိုင်းကိုကျော်လို့ Markရဲ့အိပ်ခန်းရှိရာဆီတက်သွားခဲ့ပေမယ့် မှောင်မဲနေတဲ့အခန်းကပဲကျွန်တော့်ကိုကြိုဆိုနေခဲ့ပါတယ် ကျွန်တော်သိပ်မြတ်နိုးတဲ့ သူ့ရဲ့ကိုယ်သင်းနံ့လေးတေွလည်းရှိမနေတာမို့ သူဒီအိမ်တော်မှာရှိမနေတာက သေချာသလောက်ကိုရှိပါတယ် ဒါပေမယ့် uncle Kongတို့သူ့ကိုဘယ်ပို့လိုက်သလဲဆိုတာလုံးဝကိုခန့်မှန်းလို့မရပါဘူး ဘာလို့ဆိုနယ်က uncle Kongရဲ့မိဘတွေအိမ် အမတွေရဲ့အိမ်နောက်ပြီး Chiang Maiက Markသိပ်ချစ်တဲ့အဖိုးရဲ့အိမ်ကိုပါ လူလွှတ်ပြီးစုံစမ်းခိုင်းထားတာတောင် ဘာသတင်းမှမထူးတဲ့အတွက် Mark ကိုဘယ်မှာသွားဝှက်ထားလိုက်သလဲဆိုတာမသိရပါဘူး Uncle Kongနဲ့ uncle Artကလည်း ကျွန်တော်တို့အိမ်ကဆက်တဲ့ဖုန်းကိုအခုထိကို မကိုင်ကြပါဘူး အဲ့တော့Markရဲ့သတင်းကိုစုံစမ်းဖို့ဆိုတာလည်းဝေးရောပေါ့ အခုလိုသူတို့ကိုဆက်သွယ်လို့မရတာမှာ ကောင်းတာတခုက ကွာရှင်းဖို့ကိစ္စကိုထပ်မပြောတော့တာလေးကလွဲရင်ကျန်တာဘာမှကိုမကောင်းပါဘူး ကျွန်တော့်မှာ Markအသံလေးကိုကြားချင်လို့ သူ့ရဲ့ကိုယ်သေးသေးလေးပိုထွေးဖက်ထားချင်လို့ သူ့ကိုအနမ်းတွေပေးချင်လို့ရူးမလိုဖြစ်နေလို့ ညဘက်တွေဆို weddingတုန်းက memory videoတွေကိုပဲထိုင်ကြည့်ပြီးအလွမ်းဖြေနေရပါတယ်
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...