Start of the Cold War

123 21 2
                                    

Vee POV

     ကျွန်တော့်ရင်ခွင်ထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကလေးရဲ့မျက်နှာကိုမြတ်မြတ်နိုးနိုးနဲ့ကြည့်‌ေနမိရင်းအားနာစိတ်ကအလိုလိုဝင်လာခဲ့တယ် သူအရမ်းပိန်သွားတာပဲ ကျွန်တော်ခရီးမသွားခင်ကထက်ပိုပြီး‌ေတာ့ မျက်နှာကတော်တော်လေးချောင်ကျသွားသလိုပဲ ကျွန်တော်လည်း Ployကိစ္စရယ် အလုပ်တွေရယ်ကြောင့်ရှုပ်ယှက်ခတ်နေတာမို့ ဒီတလောကျွန်တော့်ကလေးကိုကောင်းကောင်းဂရုမစိုက်မိဘူးဖြစ်သွားတယ် အဲ့ဒါကြောင့်အခုကစပြီးဂရုစိုက်ပေးရမယ်လို့တွေးရင်း ရင်ခွင်ထဲကကလေးမနိုးအောင် အိပ်ရာပေါ်ကအသာလေးထပြီးတဲ့နောက် သူ့ကိုစောင်အသာခြုံပေးခဲ့ပြီး အောက်ထပ်ကိုဆင်းလို့သူ့အတွက်ဆန်ပြုတ်ပြုတ်ဖို့ပြင်ရတယ် ကျွန်တော်ကအချက်အပြုတ်နဲ့ပတ်သက်ရင်သိပ်ပြီးရင်းနှီးတဲ့သူမဟုတ်တာမို့ Cooking Blogတခုကနေကြည့်ပြီး ချက်ဖို့ပြင်နေတုန်း အိမ်ရှေ့ကဘဲလ်သံကြားလို့ထွက်ကြည့်မိတော့ Ployဖြစ်နေတယ် အဲ့ဒါကြောင့်သူတို့ကိုအိမ်ထဲဝင်ခိုင်းလိုက်ရင်း ဧည့်ခန်းမှာထိုင်ဖို့ပြောထားပြီးကိုယ်ကတော့ မီးဖိုချောင်ထဲဝင်လို့ချက်ဖို့ပြင်ရတယ် Tabletထဲကနေကြည့်ရင်းလှီးချွတ်နေတဲ့ကျွန်တော့်ကိုမီးဖိုချောင်ထဲဝင်လာတဲ့ Ployကတအံ့တဩနဲ့ကြည့်ရင်းမေးလာတော့တယ်

"Vee ဘာလုပ်နေတာလဲ"

"ဆန်ပြုတ်လုပ်မလို့"

"ဘယ်သူနေမကောင်းလို့လဲ"

"ငါ့မိန်းမလေ"

"Nong Markလား?"

"အင်းပေါ့ "

"Veeကချက်တက်လို့လား"

"ငါနည်းနည်းတော့ချက်တက်ပါတယ် Markကနေမကောင်းရင်ဆန်ပြုတ်ကလွဲပြီးဘာမှစားလို့ရတာမဟုတ်လို့လေ အဲ့‌ဒါကြောင့်မို့ဆန်ပြုတ်တော့ချက်တက်အောင်လေ့လာနေတာပဲ"

"ငါလုပ်ပေးရမလား"

"ရတယ်ရတယ် ငါ့ဘာသာလုပ်မယ် သူကဘာနဲ့မတည့်လဲငါပဲသိတာ နင့်ဟာနင်ရှေ့မှာထိုင်နေပါ ငါဒီအိုးတင်ထားပြီးရင်ထွက်လာခဲ့မယ်''

ဆန်ပြုတ်အိုးကိုမီးဖိုပေါ်တင်ထားပြီးနောက် Ployနဲ့စကားပြောဖို့အိမ်ရှေ့ကိုထွက်လာမိတယ် သူက ကျွန်တော်နဲ့ Markရဲ့ပုံတွေကိုစီတင်ထားတဲ့ Photo Tableကိုသေချာကြည့်နေတာမို့သူသောက်ဖို့ယူလာတဲ့ orange juiceကိုခုံပေါ်အသာတင်ရင်းပြောလိုက်မိတယ်

Stay with meWhere stories live. Discover now