How can I Explain to You???

120 20 7
                                    

Korn POV

Nong Benဆီကနေစကားနှိုက်တာတော်တဲ့ Knockကြောင့် Nong Markမှာကလေးရှိနေတာသိခဲ့ရတယ် သိသိချင်းမှာပဲစိတ်ထဲမှာပျော်တဲ့အပျော်ကတော့အခုတောင် Nong Markကိုသွားပြီးဖက်နမ်းပစ်ချင်တဲ့အထိပဲ ကျွန်တော်မျှော်လင့်သလိုပဲ ဒီအုပ်စုရဲ့အနာဂတ်ဆက်ခံသူအလောင်းအလျာလေးက ကျွန်တော်တို့သမက်လေးဆီမှာသန္ဓေတည်နေပြီမို့ပါ သူတို့ကိုအိမ်သပ်သပ်ခွဲပေးလိုက်တာက မှန်တယ်ခေါ်ရမယ် ဘာလို့ဆိုသူတို့ကိုအိမ်ခွဲပေးပြီးမကြာဘူး ဒီလိုသတင်းကောင်းကြားရတယ်ဆိုတော့လေ ကလေးလေးလွယ်ထားပြီးမှ Nong Markကအရင်ကထက်တောင်ပိုချစ်ဖို့ကောင်းလာသလိုပဲ အရင်ကဆိုဘာဖြစ်ဖြစ် အမြဲခေါင်းငြှိမ့်ပြီးလက်ခံတက်တဲ့ကလေးအဖြစ်ကနေ အခုဆိုသူဘာလိုချင်တယ်ဆိုတာပူဆာတက်တဲ့ကလေးမျိုးဖြစ်လာပြီ အမှန်အတိုင်းပြောရရင်အရင်တုန်းက Nong Markကလည်းချစ်ဖို့‌ေကာင်း‌ေပမယ့် ကျွန်တော်ကတော့အခုNong Markပံုစံ‌ေလးကိုပိုချစ်မိတယ် ကလေးနဲ့ပိုတူလာလို့လေ အရင်ထဲကNong Markကအိမ်ရဲ့အသဲကျော်ဖြစ်ပေမယ့် အခုကတော့ တအိမ်လုံးရဲ့ဦးစားပေးဖြစ်လာတာ ဘာမဆိုသူ့ဆန္ဒက အဆုံးအဖြတ်ဖြစ်လာတယ် ကြည်နူးစရာတွေအပြည့်နဲ့ပျော်စရာကောင်းရမယ့်အချိန်ဖြစ်ပေမယ့် ပြသနာကအိမ်ကသားတော်မောင် Vee တွေးလေတွေးလေဒင်းကိုဒေါသထွက်လေပဲ အိမ်ကိုသူ့မိတ်ဆွေရဲ့ကလေးဆိုပြီးဘယ်ကကလေးမှန်းမသိခေါ်လာတယ် ခေါ်လာတဲ့အထိကပြသနာမရှိသေးပေမယ့် အဲ့ကလေးကိုကြည့်နေရလို့ကျွန်တော့်သားမက်ကလေးကိုပါဂရုမစိုက်နိုင်တာကတော့ လွန်သွားပြီလေ သူပြောတော့Nong Markကသူ့အတွက်အရေးအကြီးဆုံးသူဆိုပြီး အဲ့ဒီသူကသူ့ကလေးကိုလွယ်ထားရတာကိုတောင်အတူနေပြီးမသိတာတော့ တော်တော်တုံးတဲ့အကောင်လို့သာပြောချင်တော့တယ် Nong Markစပြီးကလေးရှိတာသိကတည်းက အိမ်ကလေးမှာသူနေရတာအဆင်ပြေအောင် အိမ်ကNong NinnကိုNong Markကိုစောင့်ရှောက်ဖို့လွှတ်ပေးထားတာကနေ သူတို့နှစ်ယောက်ရဲ့အခြေအနေကိုပါစောင့်ကြည့်ခိုင်းထားရာက သူပြောလာတာက သူ့မှာနေ့ဘက်‌ဆိုအဲ့အိမ်မှာNong Ginကိုထိန်းနေရလို့ Nong Markကိုဘာတခုမှကူမလုပ်ပေးနိုင်ဘူးတဲ့ ပြီးတော့ကျွန်တော်သိရသလောက်က Nong Ginကြောင့် Nong Markနဲ့ Veeနဲ့ရန်ဖြစ်ကြသေးတယ်ဆိုလားပဲ ဒီငနွားကောင်နဲ့တူတဲ့သားကတော့ ဘာကြောင့်များကိုယ့်မိန်းမကိုတောင်ဂရုမစိုက်နိုင်တဲ့အထိအဲ့ကလေးကို အကဲပိုနေမှန်းမသိတာ အဲ့လိုတွေလိုက်တွေးကြည့်တော့စိတ်ထဲမှာ မဟုတ်တဲ့အတွေးတွေတောင်ဝင်လာတယ် တကယ်ပဲ Nong Ginကသားနဲ့တခုခုပတ်သက်နေလားဆိုတဲ့အတွေးမျိုးပေါ့ ဘယ်လိုပဲရင်းနှီးတဲ့မိတ်ဆွေရဲ့ကလေးဖြစ်ပါစေ အိမ်ကကိုယ့်မိန်းမမှာ morning sicknessဖြစ်နေတာမျိုးကိုမသိရလောက်တဲ့အထိကိုတခြားကခေါ်လာတဲ့ကလေးကို ဂရုစိုက်နေရတာကတော့မဟုတ်သေးဘူးလေ ဒီကိစ္စတခုလုံးကိုAi Artသိရင်Nong Markကိုကျွန်‌ေတာ်တို့ဆီက‌ေနပြန်‌ေခါ်သွားမှာစိုးတဲ့အတွက် သူမသိအောင်ဖုံးရဖိရတာကလည်းတမျိုး နောက်ပြီးအိမ်ကငတုံးသားတော်မောင်ကလည်း Nong Markကိုယ်ဝန်ရှိတဲ့ကိစ္စကိုနည်းနည်း‌ေလး‌ေတာင်မရိပ်မိ မစပ်စု မေးမြန်းမှုမရှိတဲ့အတွက် Ai Artကအဲ့ဒါကို‌ေဒါသထွက်‌ေနတာ သူဒေါသထွက်မယ်ဆိုလည်းထွက်လောက်ပါတယ် သူ့သားရတနာလေးကို ကျွန်တော်တို့သားကပစ်ထားတာကိုး တော်သေးတာက အိမ်ကအထိန်းအသိမ်းတော်တဲ့ ကျွန်တော့်မိန်းမကြောင့်သာ ကိစ္စ‌‌ေတွကအရမ်းမဆိုး‌ေသးတာလို့‌ေပြာရမယ် သူက Nong Markကို‌ေချာ့‌ေမာ့ပြီး Veeကိုအပြစ်မမြင်‌ေအာင်‌ေပြာ‌ေပးသလို တဖက်ကလည်း Ai Art ကဒီကိစ္စတခုလုံးမသိအောင် Nong Markကို Suthiluckအိမ်ကိုပြန်မ‌ေခါ်သွား‌ေအာင် ဖြောင့်ဖြနေနိုင်လို့သာ Nong Markကအခုထိဒီအိမ်မှာရှိ‌ေနနိုင်‌ေသးတာ Ai Arthit က သားတို့ wedding nightမှာ‌ေပြာခဲ့တဲ့ သတိပေးစကားကိုအခုထိကိုမမေ့သေးဘူး တကယ်လို့သာ သူ့သားကကျွန်တော်တို့အိမ်မှာမနေချင်တော့ဘူးလို့ တခွန်းပဲပြောပါ‌ေစ အဲ့‌ေန့ကစပြီး သူကသူ့သားကိုကျွန်တော်တို့ဆီကနေပြန်ခေါ်သွားမှာတဲ့

Stay with meWhere stories live. Discover now