Encounter between W and V

132 15 7
                                    

Tin POV

ဘာလိုလိုနဲ့ Markနဲ့ကျွန်တော်ခင်မင်လာခဲ့တာအခုဆို တနှစ်တောင်ကျော်လာခဲ့ပြီ။ ဒီကြားထဲမှာ သူ့အနားမှာနေရင်း သူ့ရဲ့အကြောင်းကို စိတ်တိုင်းကျလေ့လာခွင့်ရခဲ့တယ်။ Markက‌သ‌ေဘောကောင်းသလို လူတကာကိုအရမ်းဖော်ရွေတက်တယ်။ ပြီးတော့ အဲ့ကလေးကလေ အယံုလည်းလွယ်တယ်။သူက ဒီ‌တလောကလုံးက လူကောင်းတွေချည်းပဲစုနေကြတယ်ထင်တာ။ သူ့ကို သူ့အုပ်ထိန်းသူတွေက ဘယ်လိုများထိန်းသိမ်းခဲ့ကြသလဲတော့ ကျွန်တော်လည်းမသိဘူး။ လူသားတယောက်အနေနဲ့ဆိုရင် အခုလိုအယုံလွယ်တာမျိုးက မကောင်းသလို၊ Omegaတယောက်အနေနဲ့ဆိုရင်တော့ ပိုတောင်မကောင်းဘူး။ သူကဘယ်လောက်တောင်အယုံလွယ်လဲဆို vampireကိုရည်းစားတော်ထားတာသာကြည့်။ ကျွန်တော်နဲ့သူ ခင်ပြီးအချိန်အတော်ကြာမှာသိလာရတာက သူ့မှာရည်းစားရှိတယ်ဆိုတာပဲ။ အရွယ်ရောက်နေတဲ့သူတယောက်အနေနဲ့ရည်းစားရှိတာက အဆန်းတကြယ်မဟုတ်တာကြောင့် ကျွန်တော်လည်း ဒီလိုပဲမေ့မေ့ပျောက်ပျောက်နေခဲ့မိတယ်။ ပြီးတော့ ချစ်သူရည်းစားရှိပြီးသားလူတယောက်ကို လုယူရလောက်အောင် ကျွန်တော်ကမပြည့်စုံတဲ့လူမှမဟုတ်ဘဲ။ ကျွန်တော့်မှာ အရာအားလုံးရှိတာပဲ။ Markကိုယူဖြစ်မယ်မယူဖြစ်ဘူးဆိုတာကလည်း သေချာတာမဟုတ်သလို အခုထိကလည်း သူ့ကိုလေ့လာတုနါးဆိုတော့ ကျွန်တော်လည်း သူရည်းစားရှိတဲ့ကိစ္စကိုသိပ်အလေးမထားမိဘူး။
ရည်းစားကတော့ ဒီအရွယ်လူတိုင်းရှိဖူးကြမှာပဲလေ။ ကျွန်တော်တောင် သုံးလေးယောက်တော့ရှိဖူးတာပဲဟာ။ ဒါပေမယ့် အဲ့ဒီလူတွေအားလုံးက Omegaတွေဖြစ်သလို အကုန်လုံးက ကျွန်တော်တို့အုပ်စုက အကြီးအကဲ‌ေတွရဲ့သမီးတွေချည်းပဲ။ ကျွန်တော်က အရင်ကတည်းက စည်းတွေဘောင်တွေအပြင်ဖက်ကိုထွက်ရတာမကြိုက်တဲ့သူလေ။ လူသားကိုချစ်ခင်ရင်နာကျင်ရနိုင်တယ်ဆိုတာမျိုးကိုသိပြီးကတည်းက ကျွန်တော်လူသားတွေနားကိုမကပ်ဘူး။ တက်နိုင်သမျှဝေးဝေးမှာနေတယ်။ Markကိုလေ့လာတဲ့တနှစ်ဆိုတဲ့အချိန် အတွင်းမှာ သူ့အနားကသူ့သူငယ်ချင်းတွေနဲ့လည်းတွေ့ခွင့်ရလာခဲ့တယ်။ အားလုံးကခင်မင်ပြီး ဖော်ရွေတက်ကြပေမယ့် Canဆိုတဲ့တယောက်ကတော့ တကယ့်ကိုအထူးအဆန်းပဲ။ အဲ့ကောင်လေးက လူလေးကအကောင်သေးသလောက်အမြဲဗိုက်ဆာနေတက်တယ်။ ကျွန်တော်နဲ့တော့ လုံးဝကိုမတည့်ဘူး။ ကမ္ဘ့ာရန်ဘက်တွေအတိုင်းပဲ။ ကျွန်တော်ကလည်း Markကိုစရတာထက် Canကိုစရတာကိုပိုသဘောကျတယ်။ Markကိုစရင်အဲ့ကလေးက ပြုံးပဲပြုံးနေတာ မရယ်ရဘူး။ Canကိုစလို့ရလာတဲ့reactionကပိုရယ်ရတယ်လေ။ Canက ကျွန်တော် Markနားကိုကပ်ရင်လုံးဝမကြိုက်ဘူး။ ကာယကံရှင်ကတောင် ဘာဆိုဘာမှမပြောပဲ အမြဲရယ်နေခဲ့တာကိုအဲ့ကောင်လေးက ကျွန်တော်Markနားကိုသွားပူးပြီဆို ဘာလို့လာခွဲထုတ်လဲဆိုတာကိုနားမလည်ဘူး။ Markကိုချစ်မိနေပြီလားလို့မေးရင်တော့ ကျွန်တော်ဘယ်လိုဖြေရမလဲတကယ်မသိဘူး။ Markမှာလူတိုင်းကိုသူ့အနားမှာနေချင်အောင်လုပ်နိုင်တဲ့ အစွမ်းတခုခုရှိတယ်ထင်ပါတယ်။ ကျွန်တော်သူ့အနားမှာနေတိုင်းနွေးထွေးမှု ကိုခံစားရတယ်။ ဘယ်လိုပြောရမလဲ Markတယောက်တည်းကသာပိုင်ဆိုင်ထားတဲ့နွေးထွေးမှု အဲ့လိုအရာကိုခံစားရတယ်။ အဲ့ဒါကြောင့်လည်းသူ့ကိုလူတွေအများကြီးကချစ်ကြတာဖြစ်နိုင်တယ်လို့ ကျွန်တော်တော့ထင်တာပဲ။
Veeကတော့ ကျွန်တော့်ရဲ့background ကိုစစ်ဆေးခဲ့ပုံရတယ်။ ကျွန်တော်တို့ပထမဆုံးအကြိမ်တွေ့ဖူးပြီးတဲ့နောက်ပိုင်းမှာ သူရဲ့ကျွန်တော့်အပေါ်ဆက်ဆံပုံကပြောင်းလဲလာတယ်။ လူတွေရှေ့မှာတော့စီနီယာအနေနဲ့ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံလေ့ရှိပေမယ့် Markရဲ့အနားကိုတော့ သူ့မျက်စိရှေ့မှာသွားကပ်လို့မရဘူး။ ကျွန်တော်ကလည်း ကြောက်လို့တော့မဟုတ်ပေမယ့် ဒီနေရာကသူ့နယ်မြေမို့လား၊ ပြသနာမတက်ချင်ရင်ကိုယ်ကရှောင်ရမှာမို့ တက်နိုင်သမျှတော့သူနဲ့ထိပ်တိုက်မတွေ့အောင်ရှောင်ပါတယ်။ ထိပ်တိုက်တွေ့လာလည်းသိပ်တော့ကြောက်စရာမရှိပါဘူး Markသာအနားမှာရှိရင်ပေါ့။ Markကအမြဲ ကျွန်တော်တို့နှစ်ယောက်ကို ရန်မဖြစ်အောင်တားတဲ့လူလေ။
ကျွန်တော် Markရဲ့ရည်းစားကVampireဆိုတာကို သူတို့တွဲတာတနှစ်ပြည့်နှစ်ပတ်လည်မှာသိခဲ့တာပါ။ အဲ့နေ့က Markက Bangkok Night Marketကိုချိန်းလို့သွားတော့ သူ့ရည်းစားဆိုတဲ့သူပါပါလာခဲ့ပါတယ်။ သူ့ကိုတွေ့တွေ့ချင်းပဲ ကျွန်တော်များအကြည့်မှားတာလားဆိုပြီး ထင်ခဲ့ပါသေးတယ်။ ဘယ်လို Omegaအုပ်ထိန်းသူကမှတော့ ကိုယ့်ကလေးက Vampireတယောက်နဲ့တွဲနေတာကိုလက်ပိုက်ကြည့်နေမယ်မထင်ပါဘူး။ အစကတော့ ကျွန်တော်အထင်မှားတာလို့ပဲထင်ခဲ့တာ ဘာလို့ဆို သူ့ဆီကနေ Vampireတယောက်ဆီကနေရနေကျသွေးညှီနံ့လိုမျိုးကရမှမရပဲ။
ဒါပေမယ့် အဲ့ညက ကျွန်တော့်ရဲ့အထင်တွေတခုမှမမှားကြောင်းကျွန်တော်သေချာသိခဲ့ရပါတယ်။ ဘာလို့ဆို Markရည်းစားရဲ့မျက်လုံးတွေ ကအရောင်ပြောင်းသွားခဲ့လို့ပါ။ သာမန်လူသားတွေကမျက်လုံးအရောင်မပြောင်းတက်ကြဘူးလေ။
အဲ့ဒါကြောင့် ကျွန်တော် အရမ်းကိုအံ့အားသင့်သွားခဲ့ရပါတယ်။ ပြီးတော့ဘာလုပ်ရမလဲဆိုတာကို မသိဘဲဖြစ်ခဲ့ရပါတယ်။ Markကိုချက်ချင်းပဲသူ့ရည်းစား လက်ထဲကနေဆွဲပြီးပြေးရမလား??? ဒါမှမဟုတ် ဒီကောင်Markအနားကိုကပ်ရတဲ့ရည်ရွယ်ချက်ကိုအရင်စုံစမ်းသင့်သလား???
ကျွန်တော့်ခေါင်းထဲမှာမေးခွန်းတွေအများကြီးနဲ့ရှုပ်ထွေးနေခဲ့ပါတယ်။ သေချာတာတခုကတော့ အိမ်ပြန်ရောက်တာနဲ့ Paကိုပြောပြပြီး Markရဲ့လုံခြုံရေးအတွက်စီစဉ်စရာရှိတာစီစဉ်ဖို့ပါ။ Markနဲ့ကျွန်တော်ရင်းနှီးမှုရမှ Paက Markကိုကျွန်တော့်အတွက်တောင်းပေးဖို့စီစဉ်ထားတာဆိုပေမယ့် အခုလိုအခြေအနေအရဆိုရုပ်လုံးထွက်ပြမှဖြစ်တော့မှာမို့ အရင်ဆုံးPaကို အခြေအနေတွေပြောပြဖို့ပဲစဉ်းစားထားပါတော့တယ်။ Markရဲ့ပုံစံကိုကြည့်ရတာကတော့ သူကသူ့ကုိယ်သူဘာဆိုတာကိုမေ့နေပုံပေါ်သလို၊ သူ့ရည်းစားကVampireဆိုတာကိုလည်းသိပုံမပေါ်ပါဘူး။ အဲ့ညမှာ ကျွန်တော်ကွဲကွဲပြားပြားသိရတာတခုကတော့ Markကသူ့ရည်းစားကိုတော်တော်လေးချစ်တယ်ဆိုတာပါ။ Vampireရဲ့ပုံစံကလည်း Markကိုချစ်ပုံတော့ရပေမယ့် မသိနိုင်ဘူးလေ။သူကဟန်ဆောင်နေတာလည်းဖြစ်နိုင်တာပဲ။သူကMarkရဲ့သွေးချိုချိုကိုသောက်ဖို့အချိန်ကောင်းကိုစောင့်နေတာလည်းဖြစ်နိုင်တာပဲမို့လား။

Stay with meWhere stories live. Discover now