I am worried about you part 1

136 22 4
                                    

Vee POV

      Markကရည်းစားရသွားပြီဆိုတဲ့ဖြစ်ရပ်မှန်ကို ကျွန်တော်အခုထိလက်မခံနိုင်သေးဘူး။သူ့ရည်းစားက ကျွန်တော့်မျက်စိရှေ့တင် ချစ်ခွင့်ပန်ထားတာဆိုပေမယ့်လည်း ကျွန်တော့်မှာအခုထိကိုမယုံနိုင်သေးတာ။ဘာလို့များအခုမှလဲ။ သူနဲ့ပတ်သက်လို့ကျွန်တော့်ခံစားချက်တွေကိုစတင်ပြီးအတည်ပြုနိုင်တဲ့အခုလိုအချိန်မျိုးကျမှပဲ သူကရည်းစားရသွားပြီတဲ့လား။ ကျွန်တော်သေချာသိတာတခုက Markအရမ်းပျော်နေတယ်ဆိုတာပါ။ Nueaကိုသူချွဲတဲ့ပုံစံ၊ပြုံးပြတဲ့ပုံစံ အရာအားလုံးက သူနဲ့နှစ်တွေအကြာကြီးအတူနေခဲ့တဲ့ကျွန်တော်ကိုယ်တိုင်တောင်တခါမှ မမြင်ဖူးတဲ့ပုံစံမျိုးဆိုတာကျွန်တော်သိပါတယ်။ အဲ့နေ့ကစပြီး သူကကျွန်တော်နဲ့သိပ်စကားမပြောဖြစ်တော့တာ Nueaပြန်သွားတဲ့အချိန်ထိပဲ။ Nueaတို့တွေပြန်ကြတဲ့နေ့ကဆို လေဆိပ်မှာ Nueaကိုဖက်ပြီးငိုနေတာလေးကမြင်ရတဲ့သူရဲ့ရင်ထဲတကယ်ခံစားရစေပေပါတယ်။ သူတကယ်ပဲအဲ့လောက်တောင် Nueaကိုချစ်တာလား???။ သူ့ဘေးမှာရှိတဲ့ကျန်တဲ့သူတွေကိုကောမမြင်တော့ဘူးလား???။ အမှန်အတိုင်းပြောရရင် ကျွန်တော်နဲ့သူနဲ့ကတချိန်ကျရင်လက်ထပ်ရနိုင်တယ်ဆိုတာကို Paနဲ့Phorစကားပြော‌ေနကြတာကို နားထောင်ရင်းကနေနေကျွန်တော်သိသွားပြီးကတည်းက ကျွန်တော်အရမ်းပျော်ခဲ့ရတာ။တချိန်ကျရင် သူကကျွန်တော့်အပိုင်ဖြစ်လာနိုင်တယ်ဆိုတာကြောင့်လေ။

Flashback start

   အဲ့နေ့ကhazing activityကနောက်ကျမှပြီးတဲ့အတွက် ကျွန်တော်ကျောင်းကနေ အိမ်ကိုပြန်တာပုံမှန်ထက် နည်းနည်းနောက်ကျနေပါတယ်။ အိမ်ကိုနောက်ကျမှပြန်တာက အမှန်တော့ဘာမှသိပ်မထူးဆန်းပါဘူးပုံမှန်ဆိုလည်းကျွန်တော်က သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့ညမျိုးဆို အမြဲနောက်ကျမှပြန်နေကြမို့ပါ။တက္ကသိုလ်စတက်တဲ့အချိန်ရောက်ကတည်းက Paကအရင်လိုကျွန်တော်အိမ်ပြန်လာတာကိုစောင့်လေ့မရှိတော့ပါဘူး။ အဲ့တော့အရင်လိုနောက်ကျမှပြန်လာလို့Phorကခေါ်ပြီးဆူတာမျိုးလည်း သိပ်မခံရတော့ဘူးပေါ့။ ပုံမှန်ဆိုကျွန်တော်ပြန်လာတဲ့အချိန် ကတအားနောက်ကျနေပြီဆို Paနဲ့Phorကအိပ်ရာထဲမှာကြင်ကြင်နာနာနဲ့ဖက်ပြီးအိပ်နေလောက်ပြီဖြစ်ပေမယ့် Nong Deeကိုမွေးပြီးနောက်ပိုင်းထဲက Paကအိပ်ချိန်မမှန်တာမို့ Phorလည်းဘာမှမတင်နိုင်ဘဲPaကိုအမြဲစောင့်နေရတာကများတယ်။ဘာလို့ဆိုNong DeeကMarkနဲ့Paကလွဲရင်သူ့ကိုအကပ်မခံဘူးလေ။ ကျွန်တော်ငယ်ငယ်ကတည်းကထိန်းလာတဲ့ ကလေးထိန်းတာအရမ်းတော်တဲ့အန်တီတောင်မှ Nong Deeစိတ်အခြေအနေကောင်းမှကပ်လို့ရတာ။ Nong Deeစိတ်အခြေအနေမကောင်းဘူးဆို မျက်နှာကြီးညိုပုပ်လာတဲ့အထိကိုမနားဘဲအော်တက်လို့ ဘယ်သူမှမကပ်ရဲဘူး။Paနဲ့Markပဲအဲ့လိုအခြေအနေမျိုးမှာ Nong Deeကိုထိန်းချုပ်နိုင်တာ။ ဒီနေ့လည်းကျွန်တော်နောက်ကျမှပြန်လာပေမယ့် ခါတိုင်းနေ့တွေလိုပဲ Nong Deeငိုသံနဲ့ဆူညံနေမယ်ထင်ထားပေမယ့် တိတ်ဆိတ်နေတာမို့ဒီနေ့တော့ စိတ်အခြေအနေကောင်းလို့အစောကြီးအိပ်သွားပြီထင်ပါရဲ့။ အဲ့ဒါကြောင့် ပေါ်ထပ်ကကျွန်တော့်အခန်းကိုသွားမလို့လှေကားပေါ်တက်မယ်အလုပ်မှာ လှေကားခြေရင်းက Phorရဲ့စာဖတ်ခန်းတံခါးက စေ့ရုံလေးစေ့ထားသလိုမီးလည်းလင်းနေတာကြောင့် Phorကိုနှုတ်ဆက်မလို့တံခါးနား ကိုအသွားမှာ ကျွန်တော်နဲ့Markနဲ့အကြောင်းကိုဆွေးနွေးနေသံကြားလို့ မဝင်သွားသေးဘဲငြိမ်ပြီးနားထောင်နေမိတယ်။
"Nong Markကomegaဆိုတာကိုသားကိုဘယ်တော့လောက်ပြောမယ်လို့စီစဉ်ထားလဲ???"

Stay with meWhere stories live. Discover now