Vee POV
Finlandကနေ ပြန်ရောက်ရောက်ချင်းပဲ ကျွန်တော့်မှာစိတ်ကောက်နေမဲ့ Ployကိုချော့ဖို့ပြင်ရတယ်။ Finlandကနေသူ့ကိုချော့ဖို့လက်ဆောင်တွေလည်းဝယ်လာခဲ့တယ်။ ချစ်သူတယောက်အနေနဲ့ တာဝန်မကျေဘူးလို့ခံစားရတိုင်း Ployကို လက်ဆောင်ပေးတာက အကျင့်တခုလိုတောင်ဖြစ်နေပြီ။ အခုလည်း သူခရီးသွားတာကိုအတူလိုက်မပေးနိုင်ခဲ့တာမို့ သူ့ကိုအားနာနေမိတာကြောင့် သူစိတ်ဆိုးမနေလည်း ကျွန်တော်ကတော့ ထုံးစံအတိုင်းလုပ်ပေးမယ်လို့ဆုံးဖြတ်ထားတာ။ သူကတော့လောလောဆယ်သူ့အိမ်ရှိတဲ့နယ်ကိုပြန်သွားတာကြောင့် ဒီရက်တွေမှာကျွန်တော့်အတွက် သူငယ်ချင်းတွေနဲ့တွေ့တာကလွဲရင် အထွေအထူးမရှိလောက်ဘူးလို့ ထင်ထားပေမယ့် Pa ကကျွန်တော့်ညီလေးကို လွယ်ထားရကြောင်း သိလိုက်ရတာမို့ တော်တော်လေးအံ့သြရသလိုပျော်လည်းပျော်ရပါတယ်။ ဒါပေမယ့် Paက အရင်နဲ့မတူပဲ တော်တော်လေးပြောင်းလဲသွားတာကိုတွေ့ရတယ်။ Paကအရင်လိုခပ်အေးအေးနေတာမျိုးမဟုတ်တော့ပဲ Phorကိုအမြဲဂျီကျတက်လာသလို ကျိန်းသေပေါက်ကို ကျွန်တော်ကလည်းPa ရဲ့စက်ကွင်းကမလွတ်ဘူးပေါ့။ ပြီးတော့ ထူးဆန်းစွာပဲMark ကို အရမ်းတွေခင်တွယ်လာတယ်။ ကျွန်တော်တို့သားအဖကိုဆို အမြဲဒေါသထွက်နေသလောက် Markဆိုရင်တော့ Pa အမြဲပြုံးနေတာပဲ။ နောက်တော့ Paကအတင်းအကြပ်ပူဆာနေတာမို့ Markကကျွန်တော်တို့ အိမ်မှာ၅လလောက်လာနေဖို့ဖြစ်လာခဲ့တယ်။ ဒါလည်းတမျိုးကောင်းတာပါပဲ လို့တော့တွေးမိတယ်။
အခုဆို အရင်တုန်းကလောက်မဟုတ်ရင်တောင်အရင်လိုမျိုးသူ့အနားမှာပြန်နေခွင့်ရပြီမို့လေ။ Markကအမှန်တော့အခုလိုပြန်လာတာက သူ့ရဲ့အဖေနှစ်ယောက်ကပြန်ခေါ်လို့ဖြစ်ပြီး ဟိုကသူတက်နေတဲ့ကျောင်းကအထက်တန်းပြီးသွားပြီဆိုပေမယ့် သူ့ရဲ့စီနီယာတွေလိုမျိုးကျောင်းဆက်တက်ဖို့ အတွက်လိုအပ်တာတွေပြင်ဆင်ရင်း ကျောင်းရွေးနေတဲ့ကာလလည်းဖြစ်နေတာမို့ ပြန်လာခဲ့တာတဲ့။ ရှေ့တနှစ်ပြီးရင်တော့ သူ့စီနီယာတွေတက်တဲ့နိုင်ငံကိုပဲကျောင်းလိုက်တက်မလား ဘာလားမသေချာသေးဘူး။ Uncle Arthitပုံစံကတော့ပြန်လွှတ်ချင်ပုံမရပေမယ့် Markကသွားမယ်ဆိုရင်လည်းတားမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့စိတ်ကိုပြောပါဆိုရင်တော့သူ့ကိုပြန်မသွားစေချင်တော့ဘူး။ သူပျောက်သွားတဲ့အကြောင်းကိုကြားတုန်းက ကျွန်တော်ဘယ်လောက်လန့်သွားခဲ့ရသလဲဆိုတာ ကျွန်တော်ကိုယ်တိုင်ပဲသိတာမို့ ဒီကလေးကိုမျက်စိရှေ့မှာမထားရရင် စိတ်ကိုမချနိုင်တော့ဘူး။ Yiwaaကတော့ Markပြန်လာတယ်ဆိုတဲ့သတင်းကြားကြားချင်းပဲ ကျွန်တော့်အိမ်ကိုရောက်လာရာက ပြန်ကိုမပြန်တော့ဘူး။ သူ့ရဲ့ရည်းစားကိုပါပလစ်ပြီးအိမ်ကိုရောက်လာတာဆိုတော့ ကျွန်တော်လည်းဘာမှကိုမတက်နိုင်ဘူး။ Markရဲ့စီနီယာဆိုတဲ့သူတွေကလည်း သူနဲ့အဆက်အသွယ်ကိုမပြတ်ဘူး။ Nueaဆိုတဲ့တယောက်ကအဆိုးဆုံးပဲ။ တနေ့ကိုအနည်းဆုံး2ခါဖုန်းခေါ်တယ်လေ။ Markကိုဘယ်တော့ပြန်လာမှာလဲကမေးသေးတယ်။ ဒါတွေဘယ်လိုသိလဲလို့မမေးပါနဲ့။ သူနေတဲ့အခန်းက ကျွန်တော့်အခန်းနဲ့ ဆိုဝရံတာချင်းဆုံနေတဲ့နေရာမှာနေတာမို့ သူဖုန်းထွက်ပြောတိုင်း ကျွန်တော်ကအမြဲကြားနေရတာပဲ။ ဟိုတယောက်နဲ့သူနဲ့က ဆက်ဆံရေးဘယ်လိုရှိလဲဆိုတာကတော့ မှန်းရခက်တယ်။ အခုထိအီစီကလီအနေအထားပဲလား??? ဒါမှမဟုတ်ကြိုက်ခါစလားဆိုတာကဆုံးဖြတ်ရခက်တယ်။ Skinshipကတော့တော်တော်များမှန်း Finlandမှာနေတဲ့တပတ်အတွင်းကျွန်တော့်မျက်မြင်ကိုယ်တွေ့ပဲ။ ကျွန်တော်က Ployကို၁လအတွင်းရအောင်လိုက်ခဲ့တာမို့ RSတခုတည်ဆောက်ဖို့ဆိုတာထင်သလောက်မခက်မှန်းကောင်းကောင်းသိတယ်လေ။ အဲ့ဒီRSကိုထိန်းသိမ်းဖို့သာခက်ကြတာမို့လား။
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...