Postponed House Warming Party

158 21 1
                                    

Mark POV

    P Veeကကျွန်တော့်ကို Ching Maiက ဖွင့်ပွဲခေါ်သွားပြီးနောက် ကျွန်တော်တို့အဲ့မှာပဲနောက်တရက်ထပ်နေလို့ Campingထွက်ဖြစ်ခဲ့တယ်။ အစက ကျွန်တော်ထင်တာက မသွားဖြစ်တဲ့ ပျားရည်ဆမ်းခရီးအစားသွားမှာဆိုတော့ P Veeအကျင့်နဲ့ဆို Hotelတခုခုမှာပဲတနေကုန်နှပ်နေမယ်ထင်ခဲ့တာ။ ဒါပေမယ့် သူကအရမ်းလှတဲ့နေရာကိုခေါ်သွားခဲ့တာမို့ ကျွန်တော်အရမ်းပျော်မိတယ် အဲ့နေရာကတအားလှပြီး တအားမိုက်လွန်းတာမို့‌ေနာက်တခါသူငယ်ချင်း‌ေတွကို‌ေခါ်ပြီးထပ်လာဖို့‌ေတာင်‌ေတွးမိတယ်။ P Veeကတကယ့်ကို ကျွန်တော့်အကြိုက်ကိုသိလွန်းတယ် ကျွန်တော်တို့ရဲ့ခရီးကအရာရာအဆင်ပြေခဲ့ပေမယ့် တခုပဲ မနက်ခင်းနေထွက်ချိန်ကိုတောင်ပေါ်ကကြည့်ရင်း ချော်လဲပြီးခြေထောက်နာသွားလို့လမ်းမလျှောက်နိုင်ဖြစ်ပြီး P Veeချီလာရတာလေးတခုပါပဲ။ သူအဖြစ်သည်းပုံကတော့ မနက်စာစားတဲ့နေရာရောက်တော့လည်း ကျွန်တော့်ကိုသူ့ပေါင်ပေါ်အတင်းထိုင်ခိုင်းပြီးခွံ့ကျွေးနေတော့တာ တောင်အတူတက်ခဲ့တဲ့လူတွေအများကြီးရှေ့မှာလေ သူကအရှက်မရှိပေမယ့်ကိုယ်ကတော့အရှက်ရှိတယ်မို့လား။ ပြီးတော့ပြန်တဲ့လမ်းတလျောက်လုံးလည်း လမ်းလျောက်ရမယ့်နေရာရောက်တိုင်း လူကိုပွေ့ပြီး‌ေခါ်သွား‌ေန‌ေတာ့တာ အောက်ချခိုင်းလည်းဘယ်လိုမှချမ‌ေပးဘူး။သူကပြန်လာတဲ့တလမ်းလုံးလည်းမရပ်မနားကိုပွားလာတာ အမြဲသတိထားရမယ့်အကြောင်း၊ ကျွန်တော်သာတခုခုဖြစ်ရင်သူရင်ကျိုးရမယ့်အကြောင်း ဘလာဘလာ နားပူအောင်ပွားလွန်းလို့လေယာဉ်ပေါ်‌ရောက်တော့ သူ့ဘေးခုံမှာကပ်ထိုင်ရင်းဘယ်သူမှသတိမထားမိတဲ့အချိန်လေး သူ့ပါးကိုရွတ်ခနဲနမ်းလိုက်တဲ့အခါ P Veeကအံ့ဩသွားတဲ့မျက်လုံးတွေနဲ့ကျွန်တော့်ကိုကြည့်လာတဲ့အခါ

"ကျွန်တော့်ကို ဒီလိုပျော်စရာကောင်းတဲ့‌ေနရာကိုခေါ်လာ‌ေပးလို့ရော ပြီးတော့တမနက်လုံးချီထားပေးတဲ့အတွက် ဆုချတာ"

သူ့ကိုအဲ့လိုပြောပြီးလူကတော့ရှက်ရှက်နဲ့ပဲ လေယာဉ်‌ေပါ်မှာ‌ေပးထားတဲ့စောင်ခြုံအောက်ဝင်ပုန်းနေလိုက်တယ်။ P Veeကဘေးကနေကျွန်တော့်စောင်ခြုံကိုဆွဲပြီးခွာချဖို့လုပ်လာပေမယ့် ခဏနေတော့ရပ်တန့်သွားခဲ့တယ်။ ကြည့်ရတာတော့ ဘေးကနေ့လည်စာလာပေးတဲ့လေယာဉ်မယ်ကြောင့်ဖြစ်မယ်နဲ့တူပါတယ်
"လူကြီးမင်းတို့နေ့လယ်စာကိုဘာသုံးဆောင်မလဲရှင့်"

Stay with meWhere stories live. Discover now