Mark POV
ကျွန်တော့်ခန္ဓာကိုယ်တခုလုံး လေထဲမှာမျောနေသလိုခံစားချက်ကြီးနဲ့အတူ ကျွန်တော်နိုးထလာခဲ့တယ်။ ကျွန်တော့်ရဲ့ဘေးပတ်ဝန်းကျင်တခုလုံးက ဖြူဖွေးနေတာပဲ။ ပြီးတော့ အရမ်းလည်းတိတ်ဆိတ်လွန်းနေတယ်။ ဘယ်လိုပြောရမလဲ အေးချမ်းပြီးတိတ်ဆိတ်နေတဲ့သဘောပေါ့။ ကျွန်တော်လှဲပြီးအိပ်ပျော်နေတဲ့နေရာရဲ့ပတ်ပတ်လည်က ဖွေးဖွေးဖြူနေတဲ့ဟင်းလင်းပြင်ကြီး ဘာဆိုဘာမှလည်းမရှိဘူး။ ကျွန်တော်ဟိုဟုဒီဒီခေါင်းကိုလှည့်ပြီးကြည့်မိတော့ ကျွန်တော်အရမ်းရင်းနှီးနေတဲ့ လူတယောက်ရဲ့ကျောပြင်ကိုတွေ့လိုက်ရတယ်။ ကျွန်တော့်ရဲ့လက်တွေနဲ့အမြဲတမ်းရစ်ပတ်ထားရတာကြိုက်တဲ့၊ ကျွန်တော့်ကိုအမြဲတမ်းကျောပိုးလေ့ရှိတဲ့ကျောပြင်ကျယ်ကျယ် ရဲ့ပိုင်ရှင် P Nuea??။
ကျွန်တော်ခေါ်ကြည့်မလို့လုပ်ပေမယ့် ကျွန်တော့်နှုတ်ခမ်းကနေ အသံထွက်မလာခဲ့ဘူး။
P Nueaက ကျောခိုင်းထားရာကနေလှည့်လာပြီး ကျွန်တော့်ကိုတချက်ပြုံးပြတယ်။ ဒါပေမယ့် အဲ့ဒီအပြုံးက ကျွန်တော်တသက်လုံးသဘောကျခဲ့ရတဲ့ အပြုံးမဟုတ်ဘဲ ကျွန်တော်မရင်းနှီးတဲ့အပြုံးမျိုးဖြစ်နေတယ်။ အဲ့ဒီအပြုံးကိုတော့ ကျွန်တော်ဘယ်လိုမျိုးအဓိပ္ပာယ် ဖော်ရမယ်မသိဘူး။ ကျွန်တော့်အဲ့ဒီအပြုံးကိုဘာသာပြန်လို့မတက်ခင်ပဲ P Nueaကကျွန်တော့်ကိုကျောခိုင်း လို့ထွက်ခွာသွားပါတော့တယ်။
" မသွားပါနဲ့ P ပြန်လာခဲ့ပါ။ ကျွန်တော့်ကိုတယောက်တည်းမထားခဲ့ပါနဲ့"
ကျွန်တော်အားကုန်သုံးပြီးအော်ခေါ်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဘယ်လိုအော်ခေါ်ခေါ် P Nueaကလှည့်မကြည့်တာမို့ ပြေးလိုက်တဲ့အချိန်မှာပဲ ခုနကမခံစားရဖူးတဲ့ နာကျင်မှုမျိုး ကျွန်တော့်ရဲ့ရင်ဘတ်နားတဝိုက်မှာခံစားလာရပြီး ကျွန်တော် ခြေချော်လဲလို့ မှောင်မိုက်နေတဲ့နေရာတခုကိုပြုတ်ကျသွားသလိုခံစားလိုက်ရတယ်။
"Huh"
ကျွန်တော်နောက်တဖန် မတရားမောဟိုက်နေတဲ့ခံစားချက်နဲ့အတူ နိုးထလာခဲ့တယ်။ဒီတခေါက်တော့ ခုနကလိုဟင်းလင်းပြင်နေရာကြီးမဟုတ်ဘဲ ဖြူဖွေးနေတဲ့အခန်းတခန်းထဲကိုရောက်နေတာ။ ကျွန်တော့်တကိုယ်လုံးလည်းတင်းကြပ်နေသလိုခံစားနေရပြီး လက်တဖက်ကလည်းကောင်းကောင်းလှုပ်မရဘူးရယ်။ ကျွန်တော်ခေါင်းကိုရွှေ့ဖို့ကြိုးစားလိုက်တဲ့အချိန် ကျွန်တော့်ရဲ့လှုပ်မရတဲ့လက်ဘက်မှာ ဆေးရုံခုတင်ပေါ်ခေါင်းမှီပြီး အိပ်ပျော်နေတဲ့ P Veeကိုတွေ့ရတယ်။ ကျွန်တော်တွေ့ချင်နေတဲ့သူတော့မဟုတ်ပေမယ့်လို့ P Veeကိုတွေ့ရတော့ ကျွန်တော်တမျိုးစိတ်အေးရပါတယ်။ အနည်းဆုံးတော့ ကျွန်တော်ခုနက ငရဲလိုနေရာကလွတ်မြောက်လာပြီဆိုတဲ့သက်သေပဲ။ အဲ့အချိန်မှသတိရသွားတာကP Veeကဒီကိုဘယ်လိုရောက်လာတာလဲ???။ ကျွန်တော် ဘာဖြစ်ခဲ့တယ်ဆိုတာကိုPaတို့ရောသိသွားပြီလား???။ လူကလှုပ်လို့မရအောင်းတင်းတင်းကြပ်ကြပ်ကြီး ဖြစ်နေပေမယ်၊ ဘေးဘက်တွေကနာနေပေမယ့် ကျွန်တော်ကြိုးစားပြီး ထထိုင်ဖို့ပြင်လိုက်တယ်။ အဲ့အရှိန်ကြောင့်လားမသိ အိပ်ပျော်နေတဲ့ P Veeကနိုးသွားတယ်။ သူကနိုးလာလာချင်း ကျွန်တော့်ကို ကြောင်ပြီးကြည့်နေရာက ကျွန်တော်ကပြုံးပြပြီး P Veeလို့ခေါ်တော့မှ
"Mark သတိရလာပြီလား၊ ခဏနော် P ဆရာဝန်ခေါ်အုံးမယ်"
သူက ကျွန်တော့်ခုတင်ခေါင်းရင်းက intercomကနေတဆင့် ကျွန်တော်သတိရလာတဲ့အကြောင်းကိုလှမ်းပြောလိုက်တော့
မကြာပါဘူး ဆရာတယောက်ရယ်၊ nurseနှစ်ယောက်ရယ်ရောက်လာပြီး ကျွန်တော့်ကိုဝိုင်းစစ်ဆေးကြမှသိရတာက ကျွန်တော် အိပ်ပျော်နေတာ၃ရက်ရှိပြီဆိုတဲ့အကြောင်း၊ Hotelက ကျွန်တော့်အခန်းထဲမှာဒဏ်ရာတွေနဲ့လဲနေခဲ့လို့ဆေးရုံကိုခေါ်လာတယ်ဆိုတဲ့အကြောင်း၊ ကျွန်တော့်ရဲ့ဖုန်းကနေတဆင့် ဆက်သွယ်လို့ ကျွန်တော့်ရဲ့အုပ်ထိန်းသူ အဖြစ်P Veeရောက်လာတဲ့ အကြောင်းကိုသိရတယ်။ ဆရာဝန်ကနာနေသေးတဲ့နေရာတွေအကြောင်းမေးပြီး နံရိုးအက်သွားတာကြောင့် အလှုပ်အရှားသတိထားဖို့ရယ်၊ ထိခိုက်တာတော့မပြင်းပေမယ့် လက်တဖက်ကလောလောဆယ်လှုပ်ရှားဖို့အဆင်မပြေသေးတာကြောင့် မလှုပ်ရှားဖို့ရယ်ကို ကျွန်တော့်ကိုပြောတယ်။ ပြီးတော့ P Veeကိုလည်း ကျွန်တော့်ကိုအလွန်အကျွံ့လှုပ်ရှားမှုမလုပ်အောင်စောင့်ကြည့်ပေးဖို့နဲ့၊ သုံးလေးရက်စောင့်ကြည့်ပြီးသက်သာရင်ဆေးရုံဆင်းလို့ရကြောင်းကိုပြောပြီးနောက် အခန်းထဲကနေပြန်ထွက်သွားခဲ့တယ်။
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...