Bar Sarawat The Beta

150 19 3
                                    

Mark POV

Paနေကောင်းသွားပြီးတဲ့နောက်တော့ Phutiphattအိမ်တော်ကိုလာနေဖြစ်တယ်။ ဒီကိုရောက်လာလာချင်း ကတော့နေရတာအဆင်ပြေပါတယ် အရင်တုန်းကတည်းကဒီအိမ်မှာနေနေကျဆိုတော့ ပုံမှန်လိုပါပဲ အရင်နဲ့မတူတာဆိုလို့ အခုက P Veeနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှ အကုန်ကိုယ်တိုင်စီမံနေရတာ မိုးလင်းရင်စောစောထပြီး P Veeအတွက် မနက်စာလုပ်ပေး ပြီးရင်သူ့ကိုသွားနှိုး မနက်စာအတူစားပြီးတော့ သူကကျွန်တော့်ကိုကျောင်းလိုက်ပို့ပေးပြီး သူကအလုပ်သွား ညနေဆိုသူလာမကြိုအားရင် သူလွှတ်ပေးထားတဲ့driverနဲ့အတူအိမ်ပြန်ရတယ်။ အခုဆို P Veeကိစ္စမှန်သမျှက ကျွန်တော့်တာဝန်ချည်းပဲ သူကတခြားသူလုပ်ပေးတာမကြိုက်ဘူးတဲ့လေ Markပဲလုပ်ပေးနော်တဲ့ တကယ်ပဲလူကိုခိုင်းစားဖို့စိတ်ကူးထားသလားမှတ်ရတယ်။ ပိုဆိုးတာက P Vee အပြင်Nong Deeကပါနောက်ကနေလိုက်ကပ်နေတာကပြသနာပဲ။ ပုံမှန်လိုဆိုရင်တော့ Nong Deeကအမြဲအနားကပ်နေတာပြသနာမဟုတ်‌ေပမယ့် အခုလိုP Veeနဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းက Nong Deeအနားမှာရှိနေရင်အဆင်မပြေဘူးလေ။ လူကိုအမြဲ အသားယူတက်တဲ့ P Veeက ကလေးရှေ့လည်းရှောင်တာမဟုတ်ပဲသူလုပ်ချင်တာလုပ်တက်တဲ့သူမျိုးလေ။ P Veeရဲ့လူရှေ့သူရှေ့ကလေးရှေ့မရှောင်မဆင်ခြင်ပုံတွေကိုပြန်‌ေတွးမိရင် ခေါင်းတောင်ကိုက်လာသလိုပဲ။

Flashback Start

Flashback 1

ဒီည P Veeကညစာစားချိန်အမှီပြန်မလာပဲ နောက်ကျနေတာမို့ ဖုန်းဆက်ကြည့်တဲ့အခါထုံးစံအတိုင်း Ching Maiကအလုပ်တွေနဲ့ပတ်လည်ရိုက်နေလို့ နောက်ကျနေတာတဲ့လေ။ အဲ့ဒါကလည်း P Veeဆီကသိရသလောက်ဖွင့်မဲ့ရက်နီးလာပြီဆိုတော့ နီးလေအလုပ်များလေဖြစ်နေတာ ဒီတခေါက်ပြီးရင်တော့ P Veeကိုအိမ်မှာခဏ‌ေလာက်ဖြစ်ဖြစ်နားခိုင်းရမယ်လို့တွေးနေရင်း သူနေ့လယ်စာတောင်မစားရသေးတဲ့အကြောင်းကိုကြားတော့ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ်ကလည်းကျောင်းတဖက်နဲ့ဆိုတော့ ဒီရက်ပိုင်း သူ့ကိုသိပ်ဂရုမစိုက်မိဘူးလေ။ အဲ့ဒါကြောင့် သူ့အတွက်ညစာပြင်ထားလိုက်ပြီး ဧည့်ခန်းမှာစာဖတ်ရင်းစောင့်နေလိုက်တော့ ကျောင်းမှာတနေကုန်ပင်ပန်းလာတဲ့ဒဏ်ကြောင့်ထင်ပါ့ မှေးခနဲအိပ်ပျော်သွားရာက ကျွန်တော့်နှုတ်ခမ်းကိုနူးနူးညံ့ညံ့ရှိတဲ့တစုံတရာက လာထိလိုက်ပြန်ခွာသွားလိုက်လုပ်မှပဲ နိုးလာတော့တယ်။ အဲ့တော့ အရမ်းကိုလေးနေတဲ့မျက်လုံးတွေကိုပြူးပြဲပြီးအတင်းဖွင့်ကြည့်မှကျွန်တော့်ကိုလာကလိနေတဲ့ P Vee အလုပ်ကနေပြန်လာလာချင်း အဝတ်အစားတောင်မလဲနိုင်ပဲ ဧည့်ခန်းကဆိုဖာပေါ်မှာ အိပ်ပျော်နေတဲ့ကျွန်တော့်ကိုလာကလိနေတာ သူကကျွန်တော့်ရဲ့နှုတ်ခမ်းကြားထဲသူ့လျှာကိုအတင်းတိုးဝင်ရင်း ခွင့်ပြုချက်တောင်းနေတာမို့ ပါးစပ်ဖွင့်ပြီးခွင့်ပြုပေးလိုက်တော့သူ့လျှာကိုတိုးဝင်လာရင်း ကျွန်တော့်နှုတ်ခမ်းတခုလုံးကိုစားပစ်တော့မလားထင်ရတဲ့အထိ ကြမ်းကြမ်းတမ်းတမ်းနမ်းလာခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တနေကုန်အလုပ်လုပ်ပြီးပင်ပန်းလာတဲ့သူကို ဒီလောက်တော့ခွင့်ပြုသင့်တယ်ထင်တာမို့ဒီအတိုင်းငြိမ်နေမိတော့ သူရဲ့လက်တွေက ကျွန်တော်ဝတ်ထားတဲ့ အိမ်နေရင်းT-shirtလေးအောက်ကိုရောက်လာပြီး ပွတ်သပ်လာတာမို့ အသာလေးအော်ညည်းမိတယ်

Stay with meWhere stories live. Discover now