Korn POV
မနေ့ကဒီကိုရောက်ရောက်ချင်းပဲ Nong Markကိုရှာတွေ့ပြီဆိုတဲ့သတင်းကြားလို့ တော်သေးတယ်လို့တွေးမိရုံရှိသေးတယ် ညနေရောက်တော့ ရုတ်တရက်ကြီးကိုကျွန်တော်ရဲ့Knockကနေမကောင်းထဖြစ်တာမို့ Nong Markဆီကိုဆက်မလိုက်နိုင်တော့ပဲ သားကိုပဲလွှတ်လိုက်ပြီး ကိုယ်ကတော့ Knockနဲ့ပဲနေခဲ့လိုက်ရတယ်။ ကိုယ့်ေဒသမှာမဟုတ်တော့သူ့ကိုတယောက်တည်းထားခဲ့ဖို့က စိတ်မချရတာကြောင့်ပါ။ Omegaတွေကိုဘယ်ကိုမှတယောက်တည်းလွှတ်လို့မဖြစ်ပါဘူး အထူးသဖြင့်ပိုင်ရှင်မရှိသေးတဲ့ အရွယ်ရောက်ပြီးသားOmegaဆို ပိုဆိုးပါတယ်။ မတော်တဆတယောက်တည်းဖြစ်နေချိန်မှာ vampireတွေပြန်ပေးဆွဲတာခံရနိုင်သလို၊ ကိုယ်နဲ့မရင်းနှီးတဲ့alphaနဲ့လည်းအတူနေလိုက်ရတာမျိုး၊ဒါမှမဟုတ်ကိုယ့်သဘောမပါဘဲနဲ့အမှတ်ပေးခံရတာမျိုးဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မို့ Knockကိုကျွန်တော်ကသူအရွယ်ရောက်တဲ့omegaတယောက်ဖြစ်ကတည်းကအမြဲစောင့်ကြည့်ပြီးအပိုင်သိမ်းခဲ့ရတာပါ။ သားကိုလည်းကျွန်တော့်အကွက်တွေသင်ပေးရအုံးမယ် Nong Markကိုရဖို့ဆိုသူ့ပံုနဲ့ေတာ့ရနိုင်ပါတယ် Nong Markရဲ့wedding ဖိတ်စာ😂😂😂။
အခုလည်းNong Markပျောက်သွားတယ်ဆိုတဲ့သတင်းကိုကြားတဲ့အချိန် ကျွန်တော့်မှာတွေးစရာတွေအများကြီးရှိလာခဲ့ပါတယ်။ မတော်တဆဆိုပြီးဖြစ်ပျက်သွားနိုင်တာတွေအရမ်းများတာမို့ ဒီတခါထိုင်းပြန်ရောက်ရင်တော့ Arthitဆီကနေသားအတွက်Markကိုကျိန်းသေတောင်းမှဖြစ်တော့မယ်လို့ဆုံးဖြတ်ထားပါတယ်။ Nong Markကတော့ ဘဘောတူမတူမသေချာပေမယ့်လို့omegaဖြစ်နေတဲ့အခါရွေးချယ်စရာကရှားပါးပါတယ်။ သူ့ကိုကာကွယ်မယ့်သူရှိမှကိုရမှာမို့ပါ။ ပြီးတော့ Nong Markရဲ့scentကိုငယ်ငယ်ကတည်းက သားကရတယ်ဆိုတာ သားရဲ့စိတ်ထဲမှာNong Markရှိနေတာလည်းဖြစ်နိုင်ပြီး သူတို့နှစ်ယောက်က fated pairလည်းဖြစ်နိုင်ပါတယ်။ အကယ်၍သာ သားနဲ့ Nong Markက fated pairဖြစ်ခဲ့မယ်ဆိုဘယ်အရာကမှသူတို့ကိုခွဲလို့ရမှာမဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် Nong Markကိုတော့သားရဲ့လက်တွဲဖော်အဖြစ်အမှန်တကယ်လိုချင်မိပါတယ်။သားရဲ့ ခေါင်းမာမှု၊ဂျစ်တိုက်မှု၊တဇွတ်ထိုးဆန်မှုကိုပျော့ပြောင်းခြင်းနဲ့အနိုင်ယူနိုင်တဲ့သူမို့ပါ။ သားကကျွန်တော်နဲ့ နေထိုင်ပုံအတော်လေးဆင်တာမို့ Knockလို စိတ်ရှည်ပြီး စိတ်ထားနူးညံ့တဲ့Nong Markကိုကျွန်တော်တကယ်သဘောကျပါတယ်။ ညကျတော့သားအပါအဝင်Arthitတို့ပါအတွဲလိုက် Hotelကိုပြန်လာကြတာမို့ သားကိုမေးကြည့်တော့ Markကစိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးဆိုပြီးအတင်းပြန်ခိုင်းတာကြောင့်ပြန်လာခဲ့ရတာပါတဲ့။မင်းကစောင့်နေမပေးဘူးလားလို့မေးတော့Markကိုစောင့်ပေးတဲ့သူရှိတယ်တဲ့လေ။ အဲ့တော့ Arthitပြောတဲ့ Nong Markမှာရည်းစားရှိနိုင်တယ်ဆိုတာကညာတာမဟုတ်ဘဲတကယ်ပေါ့။ ခက်ပြီလေ အိမ်ကသားတော်မောင်ကလည်း မလှုပ် ဒီကဖအေကသာတက်ကြွပြီးသူ့ဖို့တောင်းပေးနေရတယ် သူကတော့သူ့ကိစ္စမဟုတ်တဲ့အတိုင်းပဲ ဟိုကပါသွားမှနောင်တရမယ်ထင်ပါ့။ မနက်ဖြန်တော့ဆေးရုံကိုလိုက်ဖြစ်အောင်လိုက်ပြီးတော့ကို Nong Markရဲ့ရည်းစားဆိုတာကိုလိုက်ကြည့်ရအုံးမယ်။
Arthitကိုစကားလုံးတွေနဲ့ဖိအားပေးဖို့အကြံဆိုးတွေကိုတညလုံးစဉ်းစားရင်းနောက်တနေ့မနက်ရောက်တော့ အားလုံးhotelရဲ့ထမင်းစားခန်းမထဲမှာစုမိကြတယ်။Knockကတော့နေမကောင်းဖြစ်ရာကနေအစားအသောက်ပါပျက်သွားလို့ ကျွန်တော်တို့နဲ့အတူအောက်ထပ်ကိုဆင်းမလာနိုင်ပါဘူး
သားကတော့ကျွန်တော့်ကိုတအံ့တဩဖြစ်တဲ့ပုံနဲ့ကြည့်နေလေရဲ့ပုံမှန်ဆို Knockနေမကောင်းဖြစ်ရင်ကျွန်တော်ကအနားကမခွာပဲ ကိုယ်တိုင်ပြုစုရာက အခုလိုအခန်းပြင်ထွက်လာပြီးမနက်စာလာစားလို့လေ။
"Phor kha Paနေကောင်းသွားပြီလား"
"သိပ်တော့မကောင်းသေးဘူး အခုမင်းPaအိပ်နေတယ်။သွားမနှောင့်ယှက်နဲ့"
"အဲ့ဒါဆိုPhorကဘာလို့ဆင်းလာတာလဲ"
"ဗိုက်ဆာလို့ပေါ့ဟ နောက်Arthitကိုပြောစရာရှိလို့"
"Nong Markဒီနေ့ဆေးရုံဆင်းမယ်ဆို ပြန်ခေါ်လာဖို့ကမင်းတာဝန်ပဲကြားလား သူ့စီနီယာကခေါ်သွားတယ်ဘာညာမကြားချင်ဘူးနော် Nong Markကိုစောင့်ရှောက်ဖို့က မင်းမွေးလာပြီးကတည်းကPhorကမင်းကိုေပးတဲ့ပထမဆုံးတာဝန်သေတဲ့အထိလည်းမပျက်ကွက်ဘဲကျေအောင်ထမ်း"
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...