Why ??? part 1

128 21 4
                                    

Vee POV

   ကျွန်တော်မူလကစီစဉ်ထားသလို လကုန်ကုန်ချင်း Markဆီကိုမသွားဖြစ်ခဲ့ဘူး။ ဒီဘက်မှာ ကျွန်တော်တာဝန်ယူထားရတဲ့အပိုင်းကပြဿနာလေး နည်းနည်းပေါ်လာတဲ့အတွက် အဲ့တာကိုဖြေရှင်းနေရတာနဲ့ ကျွန်တော်အိမ်ကိုတောင်မပြန်နိုင်ဘူး။ သူတို့ရဲ့annidayက ကျော်သွားပြီဆိုတော့ အခုလောက်ဆို Markလည်းCanadaကိုသွားလည်လောက်ပြီပေါ့။ Markဘေးကင်းကင်းနဲ့ပျော်နေဖို့တော့မျှော်လင့်ရတာပဲ။ ငယ်ငယ်တုန်းကလိုမျိုးဆိုရင်တော့ စိတ်မချတာကိုအကြောင်းပြလို့ကျွန်တော်သူတို့အတွဲကြားကန့်လန့်ခံပြီးလိုက်သွားရမှာပေမယ့် အခုကဒီအလုပ်တွေကြောင့် ကျွန်တော့်မှာခြေချုပ်မိနေတာ ဘယ်မှကိုမသွားနိုင်ဘူး။ ဒီနေ့လည်း Pattayaမှာလာလုပ်မယ့် forumတခုအတွက် နိုင်ငံတကာကနေလာမယ့်ဧည့်သည်တွေကို ကျွန်တော်တို့hotelမှာ တည်းဖို့တာဝန်ယူထားတာမို့ သူတို့မလာခင်စီစဉ်စရာရှိတာတွေစီစဉ်ဖို့ meetingဝင်နေခဲ့တာ အချိန်တော်တော်ကြာသွားတယ်။ ကျွန်တော့်ဖုန်းကိုတောင် ရုံးခန်းထဲမှာထားခဲ့မိတာကြောင့် Paဆီကနေmissed callတွေဝင်နေတာကို ကျွန်တော်မသိဘူး။ ကျွန်တော့်ရဲ့ အတွင်းရေးမှူးကပြောမှ အိမ်ကနေဖုန်းဝင်ထားတာကိုသိရတာ။ ဖုန်းကိုဖွင့်ပြီးစစ်လိုက်တော့ missed callတွေမှတပုံကြီးပဲ။ ကျွန်တော်လည်း ဘာကိစ္စကြောင့်ဖုန်းဆက်တာလည်းသိချင်လို့ ပြန်ခေါ်လိုက်တော့ Paကချက်ချင်းကိုင်ခဲ့တယ်။

[Pa သားကိုဖုန်းခေါ်ထားတာတွေ့လို့ သားကmeetingဝင်နေတော့မသိလို့ အခုမှပြန်ခေါ်ရတယ် အိမ်မှာဘာဖြစ်လို့လဲPa]

တဖက်ကနေချက်ချင်းပြန်မပြောပဲအသံတိတ်နေတာကြောင့် ကျွန်တော့်စိတ်ထဲတမျိုးဖြစ်ပေမယ့် Paဆီကပြန်လာမဲ့စကားသံကိုပဲစောင့်နေလိုက်တယ်။ အဲ့အချိန်မှာပဲ ကျွန်တော့်ကိုစကားပြန်ပြောတာက ကျွန်တော်မျှော်လင့်သလို Paမဟုတ်ဘဲ Phorဖြစ်နေတာမို့ ကျွန်တော်လည်းအံ့ဩသွားရတယ်။

[Vee မင်းအခုချက်ချင်း အိမ်ကိုပြန်လာမှဖြစ်မယ်]

[ဘာလို့လဲ Phor အိမ်မှာတခုခုဖြစ်လို့လား???
Nong Deeနေမကောင်းလို့လား???]

Stay with meWhere stories live. Discover now