School Life part1 making besties

195 27 3
                                    

Mark POV

   ဒီနေ့ကကျွန်ကျောင်းစတက်ခွင့်ရတဲ့နေ့မို့စိတ်တော့အရမ်းလှုပ်ရှားနေမိတယ်။ Paနဲ့Phorကတော့မနက်ကတည်းက ကျွန်တော့်ကိုလိုက်ပို့ပေးပြီးအလုပ်သွားကြတယ်။ ငယ်ငယ်ကတည်းက Paကကျွန်တော့်တယောက်တည်းအပြင်ကိုလွှတ်ခဲသလို တကယ်လို့ အပြင်သွားရင်လည်းမိသားစုလိုက်ထွက်တာသာများခဲ့ပြီး များသောအားဖြင့် P Veeတို့နဲ့မိသားစုလိုက်တွေ့ဆုံပွဲပဲဖြစ်ဖြစ် ဒါမှမဟုတ် Phorတို့Paတို့သူငယ်ချင်းတွေရဲ့ပြန်လည်စုဝေးပွဲပဲဖြစ်ဖြစ်သွားဖြစ်တာမျိုးမို့ ဟိုရောက်ရင်ကိုယ်နဲ့မသိဘဲမျက်နှာစိမ်းတဲ့သူဆိုတာမျိုးကအရမ်းရှားတယ်။ ဒီလိုမျိုးပထမဆုံးကိုယ်နဲ့မသိတဲ့ သူတွေအများကြီးစုနေတဲ့နေရာမျိုးကို Paနဲ့Phor မပါဘဲရောက်ဖူးတာကကျွန်တော့အတွက်တော့အသစ်အဆန်းဖြစ်နေတယ်။ကြီးကြီးFaiက သူငယ်ချင်းအများကြီးရှာလာခဲ့လို့ပြောတော့ ကြီးကြီးလုပ်ပေးလိုက်တဲ့မုန့်တွေကိုမျှစားရင်း သူငယ်ချင်းရှာမယ်လို့ပဲ တွေးထားလိုက်တယ်။ အခုသက်ဆိုင်ရာဆရာမက ကျွန်တော့ကိုအခန်းတခန်းထဲကိုခေါ်သွားနေတာကို တိတ်တိတ်ဆိတဆိတ််နဲ့ပဲနောက်ကနေလိုက်နေခဲ့တာ။ ရုတ်တရက် အသံတွေဆူနေတဲ့အခန်းတခန်းရှေ့အရောက် ဆရာမက တံခါးကိုအသာဆွဲဖွင့်လိုက်တယ်။ ဆရာမဝင်လာတာကိုတွေ့တော့မှ အတန်းထဲကကလေးတွေအားလုံးဟာ ငြိမ်သက်သွားပြီး ဆရာမရပ်နေတဲ့အတန်းရှေ့ဆီကို လှည့်ကြည့်လာကြတာကိုတွေ့ရတယ်။ ဆရာမက အတန်းထဲကကလေးတွေကိုပြောလိုက်တာက " ကဲ ဆရာမက သားတို့သမီးတို့အားလုံးနဲ့မိတ်ဆက်ပေးချင်တဲ့သူရှိတယ်"
"သား ဝင်လာခဲ့လေ"
ဆရာမခေါ်လိုက်သံကိုကြားတော့ကျွန်တော်အဲ့အတန်းထဲကိုဝင်လိုက်တဲ့အခါ တခန်းလုံးမှာရှိတဲ့သူတွေရဲ့အကြည့်တွေက ကျွန်တော့ဆီမှာပဲ" ဒါက Nong Markလို့ခေါ်တယ်နော် ကျောင်းသားသစ် ဒီနေ့မှကျောင်းစတက်တာ"
"သားတို့သမီးတို့က သူ့ကိုကူညီရမယ် ရိုင်းပင်းရမယ်နော်။ ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါ ဆရာမ"
"Nong Mark သားရောပြောချင်တာရှိသေးလား သူငယ်ချင်းအသစ်တွေကို"
ကျွန်တော်က ခေါင်းခါပြလိုက်မှ ဆရာမက "အဲ့ဒါဆို မြောက်အတန်းရဲ့၇ခုံမြောက်မှာထိုင်လိုက်နော်သား"
ကျွန်တော်အဲ့ခုံမှာထိုင်လိုက်တယ်ဆိုရင်ပဲ ဘေးနားက ခပ်သွက်သွက် အကောင်သေးသေးချစ်စရာကောင်လေးတယောက်က လာနှုတ်ဆက်တယ် "sawadee kha ငါ့နာမည်က Canလို့ခေါ်တယ် မင်းကMarkနော် ဆရာမကခုနကပြောသွားတယ်မို့လား"

Stay with meWhere stories live. Discover now