ficကိုမစတင်ခင်ရှင်းပြချင်တာက""နဲ့ရေးထားခြင်းသည်စကားပြောဖြစ်ပြီး
()သူ့ရဲ့ကိုယ်ပိုင်အတွေးဖြစ်ပါတယ်
''ဖြင့်ရေးထားခြင်းသည်ဖုန်းပြောချိန်ကိုရေးသားရာတွင်အသုံးပြုသွားမည့်အက္ခရာဖြစ်ပါတယ်ရှင့်Arthit POV
မိုးတွေသည်းကြီးမည်းကြီးရွာနေသလိုလမ်းတွေချောနေတာသိပေမယ့်လည်းArthit တယောက်စိတ်စောစွာနဲ့ပဲကားကိုအရှိန်တင်ပြီးမောင်းနေမိတယ်။စိတ်ထဲမှာလည်းKongကဖုန်းထဲကနေတဆင့်ပြောတဲ့စကားတွေကိုကြားယောင်ရင်းနဲ့နေတဆင့်ပြောတဲ့စကားတွေကိုကြားယောင်ရင်းနဲ့ပေါ့
"P ဆေးရုံကိုမြန်မြန်လာမှဖြစ်မယ်နော် Pနဲ့ကျွန်တော်ရဲ့သားကအခုေလာကကြီးထဲကိုလာနေပြီ။ သူပထမဆုံးမျက်လုံးဖွင့်တဲ့အချိန်Pကိုရှိနေစေချင်တယ်"
စိတ်လောနေလို့လားပဲကားကမောင်းရတာနှေးနေသလိုစိတ်ထဲမှာခံစားနေရတယ်။ဒီနေ့မှလည်းမိုးကလည်းရွာနေတာမတိတ်တော့ဘူးလားနေ့မှလည်းမိုးကလည်းရွာနေတာမတိတ်တော့ဘူးလားလို့တောက်တွေးနေမိတယ်။ရုတ်တရက်ဂျိန်းဆိုတဲ့မြည်သံကြီးနဲ့အတူကားလမ်းပေါ်ကိုသစ်ပင်ကြီးတပင်ပြိုလဲကျလာခဲ့တယ်။အရှိန်နဲ့မောင်းလာတဲ့ကားလေးဟာအရှိန်မထန်းနိုင်ပဲသစ်မောင်းလာတဲ့ကားလေးဟာအရှိန်မထိန်းနိုင်ပဲလမ်းေပါ်ကသစ်ပင်ကိုဝင်အဆောင့်
ကားရှေ့ပိုင်းကသစ်ကိုင်းနဲ့ဆောင့်မိတဲ့ဒဏ်ကြောင့်ရစရာပင်မရှိတော့ကားထဲကသူရဲ့အ ခြေအနေကတော့သတိလစ်ခါနီးအခြေအနေဖြစ်နေခဲ့တယ်။သူ့
စိတ်ထဲမှာတွေးမိတာကဆေးရုံမှာသူ့ကိုစောင့်နေမဲ့သူ့ရဲ့ချစ်ရတဲ့တဦးတည်းသောKongနဲ့လောကကြီးထဲကိုဝင်လာတော့မယ့်သူတို့ရဲ့ကလေးလေး.....
ဘမ်း
ရုတ်တရက်ကားတံခါးကိုဆွဲဖွင့်တဲ့အသံတခုကိုကြားလိုက်ရသလိုနဲ့လူကရုတ်တရက်ဆတ်ခနဲဆွဲယူခံလိုက်ရသလိုခံစားလိုက်ရပြီးတဲ့နောက်မှာတော့လောကကြီးတခုလုံးအမှောင်ကျသွားခဲ့တယ်။သူ့မျက်လုံးတွေကိုဖွင့်လိုက်ချိန်မှာတော့ပတ်ဝန်းကျင်တခုလုံးကအရမ်းကိုလင်းထိန်နေပြီးမျက်စိစူးလောက်အောင်ကိုတောက်ပလွန်းနေတယ်။တောက်ပလွန်းလို့သူဘယ်ရောက်နေသလဲဆိုတာမတွေးတက်တော့တဲ့အထိပါပဲ
(ငါဘယ်များရောက်နေတာလဲ ကောင်းကင်ဘုံရောက်နေတာများလား)
တွေးလို့မဆုံးခင်မှာပဲသူ့လက်တွေကြားထဲကခံစားမိတဲ့အထိအတွေ့တခုကိုသတိထားလိုက်မိပါတယ်။ပြီးတော့သူရနေကျအရမ်းရင်းနှီးတဲ့အနံ့ သူအရမ်းသဘောကျရတဲ့သူ့ရဲ့တဦးတည်းသောKongရဲ့ရနံ့။
သူ့ရဲ့တဦးတည်းသောလူသားလေးကတော့သူ့လက်ကိုဆုပ်ကိုင်ရင်းကုတင်ပေါ်ခေါင်းမှောက်ပြီးအိပ်ပျော်နေလေရဲ့
သူအိပ်ပျော်နေတဲ့Kongမျက်နှာကိုကြည့်ရင်းဝမ်းသာစွာနဲ့တွေးမိတာကတော့သူမသေသေးဘူးဆိုတဲ့အတွေး သူချစ်တဲ့သူတွေနဲ့အတူဆက်ရှိနေနိုင်သေးတယ်ဆိုတဲ့အတွေး
အဲ့လိုတွေးနေရင်းကသူ့လက်ကိုမတော်တဆလှုပ်မိသွားတယ်ထင်ပါရဲ့သူ့ရဲ့Kongကအိပ်ပျော်နေရာကနေနိုးလာခဲ့တယ်
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...