Nice to meet you part 2

198 32 2
                                    

Third Person POV

   ဒီလိုနဲ့ပဲနှစ်တွေလတွေကူးပြောင်းလာခဲ့တာ Suthiluckမိသားစုရဲ့အသည်းကျော်လေးMarkတယောက်အသက်6နှစ်အရွယ်ကိုရောက်လာခဲ့တယ်။သူရဲ့ကြီးပြင်းလာတဲ့သက်တမ်းတလျောက်Suthiluckမိသားစုကြားထဲမှာထူးခြားတယ်လို့ပြောရလောက်တဲ့ ကိစ္စကိုပြောပါဆိုရင်တော့ Kongpob Suthiluckကမိသားစုပိုင်K Group of Company မှာMDရာထူးတိုးသွားခဲ့တာကိုပဲပြောရမယ်ထင်တယ်။ Suthiluckမျိုးရိုးရဲ့အချစ်တော်လေး6နှစ်တိုင်ဖြတ်သန်းခဲ့တဲ့ကာလမှာသူ့ကိုယ်ပိုင်အတွက်ထူးခြားမှုကိုပြောပါဆိုရင်တော့သူ့ရဲ့မွေးရာပါပါရမီကိုရှာဖွေတွေ့ရှိခြင်းနဲ့အတူPutiphattမိသားစုကသခင်‌ေလးရဲ့အနိုင်ကျင့်မှုကိုပါထည့်ပြောမှပြည့်စုံမယ်လို့ယူဆရလောက်တယ်။
မိသားစုနှစ်စုဆုံတိုင်းမှာMarkတယောက်ကတော့သူ့ရဲ့အချစ်တော်Paနားတောက်တဲ့လိုကပ်မနေရင်ငိုရတဲ့အချိန်ထိအောင်အစခံရတက်တယ်။
    ငယ်စဉ်ကတည်းကအရယ်အပြုံးအရမ်းများလို့လူတကာရဲ့အချစ်တော်အသည်းကျော်အဖြစ်နဲ့နေခဲ့ရပေမယ့် ချစ်စရာအရမ်းကောင်းတဲ့ကလေးအဖြစ်မှတ်ချက်ပြုခံရပြီးနေလာခဲ့ရပေမယ့် P Veeနဲ့တွေ့တိုင်းသူ့ရဲ့ချစ်ဖို့ကောင်းမှုတွေကအသုံးမဝင်သလို P Veeအပေါ်မှာတော့Markရဲ့ချစ်ဖို့ကောင်းမှုကသက်ရောက်မှုမရှိသလိုပဲ။ ‌ကလေးနှစ်ယောက်တွေ့ပြီဆိုတာနဲ့ 15မိနစ်မခြားပဲMarkဆီကငိုသံထွက်လာအောင်ကိုစလေ့ရှိတဲ့Veeကြောင့် Kornတယောက်လည်းသူငယ်ချင်းဖြစ်သူကိုတော်တော်လေးမျက်နှာပူရပါတယ်။ သို့ပေမယ့်သားဖြစ်သူအား ဘယ်လိုပင်ဆုံးမဆုံးမ မစအောင်တားမရသောအခါမှာတော့ မျက်နှာပူပူနဲ့ပဲမျက်နှာပြောင်တိုက်ပြီးနေရပါတော့တယ်။ Markတယောက်ကတော့အဆုံးမသတ်နိုင်တဲ့အစခံရမှုများရဲ့အလည်မှာP Veeကသူ့ကိုမုန်းတယ်လို့ ကလေးအတွေးနဲ့ထင်သွားခဲ့ပြီး မိသားစုနှစ်စုဆုံချိန်တိုင်းVeeနဲ့အကြည့်ချင်းတောင်မဆုံမိအောင်ရှောင်ပါတော့တယ်။
  Markရဲ့ထူးခြားတဲ့မွေးရာပါပါရမီဆိုတာကလည်းတခြားတော့မဟုတ်ပါဘူး။ ဂီတပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် မွေးဖွားလာပြီးလူမှန်းသိတက်စအရွယ်ကတည်းက Baby Markတယောက်ဘယ်လောက်ပင်အာပြဲအောင်ငိုငို သီချင်းသံကြားရင် ချက်ချင်းအငိုရပ်လေ့ရှိပါတယ်။ အနည်းငယ်လမ်းလျောက်တက်ခါစ စကားပြောတက်ခါစအရွယ်မှာကတည်းက သူ့ရဲ့ဂီတတူရိယာတွေအပေါ်စွဲလမ်းချစ်ခင်မှုဟာစတင်ခဲ့ပြီး ဘယ်လောက်ပင်ဆူညံတဲ့ရှိုးပွဲခေါ်သွားသွား တချက်မငိုပဲငြိမ်ငြိမ်လေးနားထောင်တက်လို့ အားလုံးကအံ့ဩရတဲ့အထိကိုသူက ဂီတကိုချစ်ခင်ပါတယ်။ အဲ့လိုမျိုးသူ့ရဲ့မွေးရာပါ ဝါသနာကို သတိထားမိတဲ့သူ့ရဲ့အဖေက သူ့ကို၅နှစ်သားအရွယ်ကတည်းကပင် pianoတီးခြင်းကို အိမ်တွင်ဆရာခေါ်ပြီးသင်ယူစေခဲ့ပါတယ်။ ထို့ကြောင့်Markခြောက်နှစ်သားအရွယ်ရောက်လာတဲ့အခါမှာတော့ သူဟာpianoကိုအတော်လေးတီးတက်နေပြီဖြစ်ပါတယ်။ ပြီးတော့ အခုMarkကပွဲတခုမှာ အမှတ်တရ pianoတီးပေးဖို့ရန်အတွက်ရောက်ရှိနေခြင်းဖြစ်ပါတယ်။




Stay with meWhere stories live. Discover now