Vee POV
ဘဝဆိုတာစီစဉ်ထားတဲ့အတိုင်း မဖြစ်ဘူးဆိုတဲ့စကားကို ကျွန်တော်အခုတော့အပြတ်အသတ်ထောက်ခံလိုက်ပြီ။ ကျွန်တော်ကMarkနဲ့နှစ်ယောက်တည်းအချိန်တွေကုန်ဆုံးပြီးအမှတ်တရတွေအတူဖန်တီးချင်လို့ Phorကိုအကြံပေးခဲ့ရတာ Markကိုနှစ်ပတ်လည်ပွဲမှာဖျော်ဖြေခိုင်းဖို့။
အခုတော့ သူကသူ့စီနီယာတွေနဲ့ပဲပျော်နေပြီး ကျွန်တော့်ကို သတိတောင်မရတော့ဘူး။ ကျွန်တော်လည်း Markကိုအနားမှာထားချင်တဲ့ခံစားချက်က တနေ့တခြားပိုဆိုးလာတာကခက်တာပဲ ။ အရင်က သူနဲ့ပတ်သက်ရင်ဒီလိုမျိုးမခံစားဖူးဘူး စိတ်ပူတာမျိုးလောက်ပဲရှိပေမယ့် သူ့ကိုနမ်းမိခဲ့တဲ့ညကစလို့ ကျွန်တော့်ရင်ထဲမှာအမျိုးအမည်မသိတဲ့ခံစားချက်တခုစတင်ပြီးပေါက်ဖွားလာခဲ့တယ်။ သူပျော်နေရင် ကျွန်တော်လည်းပျော်သလို သူ့ကိုအမြဲတွေ့ချင်နေတာ၊ သူ့အနားမှာအမြဲရှိနေချင်တာ၊ သူကကျွန်တော်မဟုတ်တဲ့တခြားတစုံတယောက်နဲ့နီးကပ်တာကိုတွေ့ရင် ဒေါသတွေထွက်လာတာမျိုး၊ အဲ့လိုမျိုးေတွခံစားလာရတယ်။ သူ့နှုတ်ခမ်းလေးတွေကိုမြင်ရင် ရင်တွေအရမ်းခုန်လာတာ။တကယ်ပါ ကျွန်တော်ရည်းစားတွေထားခဲ့ဖူးသလို ကာလရှည်ကြာတွဲခဲ့ဖူးတဲ့သူလည်းရှိပေမယ့် ဘယ်သူ့အပေါ်မှာမှဒီလိုမခံစားဖူးဘူး။ အခုလည်း ကြည့်လေဒီခရီးကိုစီစဉ်တာကသူနဲ့ကျွန်တော်ပဲကို အဲ့ကလေးက ကျွန်တော့်နားမှာကိုမနေဘူး။ အမြဲ Nueaဆိုတဲ့တယောက်နားပဲ ကပ်နေတယ်။ ဒီကိုလာတုန်းကလည်း ကားစီးကြတော့ သူက ကျွန်တော်နဲ့အတူမထိုင်ပဲ အဲ့တယောက်နဲ့သွားထိုင်တယ်။ ကျွန်တော်က အတူထိုင်ဖို့ခေါ်တာတောင်မရဘူး။ အဲ့တာနဲ့ပဲနောက်ဆုံးတော့ driverနဲ့ပဲအတူထိုင်ခဲ့ရတယ်။ အဲ့ကလေးကတော့ နောက်ကခုံမှာ ဟိုတယောက်နဲ့စကားတွေပြောပြီးရယ်နေလိုက်တာများ Markမှဟုတ်ရဲ့လားလို့တောင်တွေးမိတယ်။ ပုံမှန်ဆို ကားပေါ်တက်တာနဲ့သူကအိပ်တာလေ။ အခုတော့ ကျွန်တော့်မှာကားစီးနေတဲ့တောက်လျောက် စကားပြောရမဲ့လူလည်းမရှိပဲပျင်းနေရရော။ ကမ်းခြေကိုရောက်တော့လည်း သူနဲ့အဲ့တယောက်ကကော်ကပ်ထားသလိုပဲ။ အဲ့တယောက်နဲ့တခန်းတည်းနေမယ်လုပ်နေလို့ မနည်းကိုကျွန်တော်နေမယ့်အခန်းကိုပစ်ထည့်ထားရတယ်။ ကျွန်တော်တို့ ဒီကိုလာတဲ့အချိန်က နှစ်ပတ်လည်ပွဲမလုပ်ခင်2ရက်အလိုဖြစ်သလို ဒီရာသီကခရီးသည်လည်းအလာသိပ်မများပေမယ့် ဒီhotelမှာက ကြိုတင်bookingကခရီးသွားရာသီစကတည်းက ပြည့်နေတာမို့ တယောက်တခန်းနေဖို့ကတော့ အဆင်မပြေခဲ့ပေမယ့် အားလုံးကအရင်တည်းကရင်းနှီးပြီးသားဖြစ်သလိုစံုတွဲတွေဖြစ်နေတာကြောင့် အခန်းပြဿနာက ပြေလည်သွားခဲ့တယ်။ တကယ့်ပြသနာကတော့ အတွဲမဟုတ်တဲ့ သူနဲ့ကျွန်တော်ရယ်ဟိုတယောက်ရယ်ပဲ။ ကျန်တဲ့လူတွေက အတွဲကိုယ်စီနဲ့နှစ်ယောက်တခန်းယူကြပေမယ့် ကျန်နေတဲ့ကျွန်တော်တို့ သုံးယောက်မှာသာ သုံးယောက်တခန်းနေရမလိုဖြစ်နေတာ။ အဲ့တော့ အဲ့လူလည်စီနီယာေကာင်ကဘာလုပ်တယ်မှတ်သလဲ။ ချက်ချင်းMarkကိုဆွဲဖက်လိုက်ပြီး သူနဲ့တခန်းနေမယ်ပြောရော။ Markကလည်းရယ်ပြီးတော့ ရတယ်လေတဲ့။
အဲ့ဒါနဲ့ပဲ ကျွန်တော်က Markကိုသနားစဖွယ် မျက်လုံးလေးနဲ့လှမ်းကြည့်ပြီးပြောရတော့တယ်။
YOU ARE READING
Stay with me
RandomVee မသိခဲ့ဘူးမင်းကကိုယ့်အတွက်ဒီလောက်အရေးကြီးတဲ့သူဖြစ်လာခဲ့လိမ့်မယ်လို့ Mark အချစ်နဲ့ပတ်သက်တဲ့ကျွန့်တော့ရဲ့ယူဆချက်တွေဟာPနဲ့တွေ့ပြီးနောက်ပြောင်းလဲလာခဲ့တယ် #VeeMark fan fiction ဒီficလေးထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေဟာထိုင်းbl novel author faddistနဲ့အခြား...